___|  _ \   |  |    |   |_ _|\ \     / ____|
 |     |   |  |  |    |   |  |  \ \   /  __|
 |   | |   | ___ __|  ___ |  |   \ \ /   |
\____|\___/     _|   _|  _|___|   \_/   _____| 

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

အ​တွေး

BY: @ahkhayar | CREATED: Jan. 5, 2018, 4:20 a.m. | VOTES: 10 | PAYOUT: $0.27 | [ VOTE ]

[IMAGE: https://steemitimages.com/DQmSvwcSikjdubQeEJ6spouF3HnK4Du4wubKBhXoU96b7ru/20171227_170308.jpg]

ရှုပ်​ပွ​နေတယ်​။
တွေးစရာ​အ​တွေး​တွေတပုံတပင်
ဒါ​ပေမယ့်​ ဘာမှတွေးမရ
ရှုပ်​ပွ​နေတယ်​ ဆိုတာအဲ့တာ

စိတ်​မှာလား၊ အ​တွေးမှာလား၊ ဦး​ဏှောက်​မှာလား။ ဘယ်​​နေရာမှာ ဘာမှား​နေတာလည်း အ​တွေးသွားမယ့်​လမ်း​ကြောင်းက ဘာ​ကြောင့်​ jam ဖြစ်​နေတာလည်း ။

သစ်တစ်ပင်ဟာ တောတစ်အုပ်ကို ဖြစ်စေနိုင်တယ်။ သစ်​တစ်​ပင်​​ကောင်းငှက်
တစ်​​သောင်းနားနိုင်​တယ်​ ။ ​ဒါ​ပေမယ့်​ ကျုပ်​မှာ​တော့ ကိုယ်တိုင်​အပင်​ဖြစ်​ဖို့ ​နေ​နေသာ သာ ဘယ်​အကိုင်းနားရမယ်​မှန်းမသိ
အသက်​က စ​ကောစက၊ ပညာကတစ်​ပိုင်း တစ်​စ၊ အတတ်​ပညာက မယ်​မယ်​ရရမရှိ ။
အလုပ်​အကိုင်​က ​ခေတ်​စကားအရ (109-110)

အစမ​ကောင်းခဲ့​တော့အ​နှောင်းမ​သေချာ
ဝိုးတဝါးနဲ့ဖြတ်​​ကျော်​ခဲ့မိ​သော​နေ့ရက်​​တွေကများပါဘိနဲ့  ။
အတိတ်​က​ရွှေထီး​ ပြန်​​တွေး​တော့
ဘယ်​လို မှန်း​တောင်​မစဉ်းစားတတ်​။
မွဲ​တေမှု မှာ အသားကျ​နေခြင်းလား ။
ဒါဟာအတိတ်​​မေ့​ရောဂါလား ။

အသိဉာဏ်​​တွေ အ​တွေး​တွေထက်​မြက်​ခြင်း​တွေ ဘာ​ကြောင့်​များ​ပျောက်​ဆုံးကုန်​တာ
လည်း ။ 

တစ်​ချိန်​က​ပေါ့ အားမာန်​အပြည့်​ နဲ့  အရာရာကို စစ်​ချီ​တေးတီးပြီး မြူးကြွ​သော​ခြေလှမ်း​တွေနဲ့ ​ထိုက်​သင့်​တဲ့ ​အောင်​မြင်​မှုရယူခဲ့တဲ့ငါလား။ ဒါမဟုတ်​ အိပ်​မက်​ထဲများငါကျင်​လည်​ခဲ့​လေသလား။ မ​တွေးတတ်​။

ဘုရင့်​​နောင်​​ဖောင်​ဖျက်​ခဲ့​ပေမယ့်​ ခု​တော့ သစ်​ပင်​​လည်းမဖြစ်​နိုင်​​ တောအုပ်​လည်း မဖန်​တီးနိုင်​ ငှက်​တစ်​​သောင်းနား​နိုင်​​ အောင်​ လည်း အဖြစ်​မရှိ​တော့ ။ ရှုပ်​ပွ​နေတယ်​ ။ အ​တွေး တွေ တကယ်​ ပဲရှုပ်​ပွ​နေတယ်​ ။

[IMAGE: https://steemitimages.com/DQmYq5aCWnJsaC6GBcFe9hVeKYmh8t7kCNJGkDmg9tUM2fg/20171227_174311.jpg]

အရာရာဟာ မ​သေချာမှု​တွေ နဲ့ ပြည့်​နှက်​​နေတယ်​။ စိတ်​ကူး​တွေ ခရီးသွားတိုင်း
ဦး​နှောက်​က ရူးချင်​လာတယ်​ ။

ဆုံးဖြတ်​ချက်​မှားယွင်းခဲ့ ခြင်းကအရာရာကို
စိတ်​ဓာတ်​ကျခြင်း၊ အလိုမကျခြင်း​တွေနဲ့ 
စိုးမိုး​နေတယ်​။ ဘယ်​လိုပဲတည့်​မတ်​​ပေမယ့်
မရနိုင်​ခဲ့ ။

လူ့ ဘုံတစ်​ခုမဟုတ်​ပဲ ငရဲဘုံတစ်​ခုမှာ ခံစား​နေရ
သလိုဆုံးဖြတ်​ချက်​မှားခဲ့တဲ့လမ်း ငါဘယ်​လိုမှ ဆက်​မ​လျောက်​ချင်​​တော့။ အင်​အားလည်းမရှိ
သွေးလည်းမရှိ​တော့။ကြောက်​စိတ်​တို့မင်းမူ
လျှက်​ နှင့်​သာ။

နူးညံ့ခြင်း၊ သိမ်​​မွေ့ ခြင်း​တွေ လည်း မရှိလည်း စိတ်​ချမ်းသာခြင်း​တွေ ရှိတဲ့ အရပ်​ဆီမှာသာ
စိတ်​လွတ်​ကိုယ်​လွတ်​အ​တွေးနယ်​ချဲ့ ​နေချင်​မိ​တော့တယ်​ ။
...

အသိ​လေးတစ်​ခု ...

ဘဝမှာ ​ပြောင်းလဲမရတဲ့အရာ​တွေအတွက်​ ဆုံးဖြတ်​ချက်​မမှားဖို့ လို တယ်​။ကိုယ်​မှန်​တယ်
ထင်​​ပေမယ့်​ တကယ်​တမ်း​တော့ မှားချင်​လည်း
မှား​နေတတ်​တာမျိုး။လူ့ ပတ်​ဝန်းကျင်​ ကလည်း
ကိုယ့်​မသိနိုင်​တဲ့ ဖိအား​တွေ​စဉ်​ဆင်​မပြတ်​ပေး​နေတတ်​တာကို သတိထားရမယ်​။(သူဟာပုတ်​​သင်​ညိုလိုပဲ ကိုယ့်​အ​နေထား​ပေါ်မူတည်​ပြီး
အ​ရောင်​​ပြောင်းလဲ​လေ့ရှိတယ်​။)
...

Msc - 048
Post by @ahkhayar
Image - ahkhayar

TAGS: [ #myanmar ] [ #writing ] [ #social ] [ #experience ]

Replies

@honeysara | Jan. 5, 2018, 10:20 a.m. | Votes: 0 | [ VOTE ]

Vote ခဲ့ပြီ

@ahkhayar | Jan. 5, 2018, 3:16 p.m. | Votes: 0 | [ VOTE ]

ကျေးဇူး 😃

@sawmyattun | Jan. 5, 2018, 3:18 p.m. | Votes: 0 | [ VOTE ]

Good

@ahkhayar | Jan. 6, 2018, 2:50 a.m. | Votes: 0 | [ VOTE ]

Thank you 😃

@nainglintun | Jan. 5, 2018, 3:18 p.m. | Votes: 0 | [ VOTE ]

right bro

@ahkhayar | Jan. 6, 2018, 2:51 a.m. | Votes: 0 | [ VOTE ]

😃😃

@myintoo | Jan. 8, 2018, 9:10 a.m. | Votes: 0 | [ VOTE ]

good

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>