+-+-+ +-+ +-+-+-+-+
|G|O| |4| |H|I|V|E|
+-+-+ +-+ +-+-+-+-+

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

My Entry For Around The World - Challenge #4/7 🌎

BY: @ansoe | CREATED: June 4, 2026, 3:30 a.m. | VOTES: 61 | PAYOUT: $0.41 | [ VOTE ]

Hello everyone, have a nice day.

> အားလုံးသောမိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

Sunset on the Ganges: A Misty Rain and Gentle Breeze

​မြူမှုံမိုးပြာအောက်က ဂင်္ဂါမြစ်ရဲ့ နေဝင်ချိန်အလှ

This week, I'm posting a photo contest entry, describing the beauty of the sunset on the Ganges River as an article.

> ဒီတပတ်အတွက် ပြိုင်ပွဲဝင်ဓာတ်ပုံကိုတင်ရင်း ဂင်္ဂါမြစ်ရဲ့ နေဝင်ဆည်းဆာအလှကို ဆောင်းပါးတစ်ပုဒ်အနေနဲ့ ဖော်ပြရေးသားလိုက်ပါတယ်။

[IMAGE: https://i.ecency.com/DQmaYszCoiUBUxNxk827Q7RSbpfBmyFo3eQ8es3j555hJtz/1780539477527.jpg]

[IMAGE: https://i.ecency.com/DQmZUNJyvetpCNC8NP8cEzdLb1RU7KM5zSZzBt2PMZEDd4T/1780539663498.jpg]

The evening in the ancient city of Varanasi brought with it a unique and mesmerizing charm, unlike any other. As the sun began its gradual descent toward the horizon, a gentle drizzle started to fall softly from the sky. A cool, light breeze swept across the vast river, touching the skin and instantly soothing the soul.

> ရှေးဟောင်းသမိုင်းဝင် ဗာရာဏသီမြို့ရဲ့ ညနေခင်းဟာ တခြားနေ့တွေနဲ့မတူဘဲ ထူးခြားဆန်းပြားတဲ့ အလှတရားတစ်ခုကို ဆောင်ကြဉ်းလို့နေပါတယ်။ မိုးကုပ်စက်ဝိုင်းဆီမှာ နေမင်းက တဖြည်းဖြည်းချင်း ငုပ်လျှိုးကွယ်ပျောက်လုနီး ဖြစ်နေချိန်မှာပဲ ကောင်းကင်ယံကနေ မိုးဖွဲဖွဲလေးတွေက တဖွဲဖွဲ ရွာသွန်းဖြန်းပက်လာပါတယ်။ တစ်ချက်တစ်ချက် တိုက်ခတ်လာတဲ့ လေအေးညင်းလေးတွေက မြစ်ပြင်ကျယ်ကြီးကို ဖြတ်သန်းပြီး လာရောက်ထိတွေ့တဲ့အခါ စိတ်နှလုံးကို အေးချမ်းအပန်းပြေစေပါတယ်။

[IMAGE: https://i.ecency.com/DQmaukJtyVgwEKpn6eDe3mcytkyYYjyDtRnkVHjGPbH6pPS/1780540073807.jpg]

[IMAGE: https://i.ecency.com/DQmSjcNVY4eDwGhTfoaewA1tyddL69KA17YMBidCxQhBu33/1780540073894.jpg]

[IMAGE: https://i.ecency.com/DQmWDD3x8Qp1YNnaTEk6HcYLkiwQhDNqc1XPUWF5v1faYDU/1780540074042.jpg]

[IMAGE: https://i.ecency.com/DQmaxTWh6wBviFLbieGjpAsJ6i35j89eGgZck7M4cMJnmF5/1780540794975.jpg]

[IMAGE: https://i.ecency.com/DQmakg6BfZMn2HP53J1SipkXuVkAGtYPH1P3uNXamQHZKqw/1780540795060.jpg]

[IMAGE: https://i.ecency.com/DQmPXzSXdHVv7CHieNnyjtGQronK2kYkUXPb78jkUPftJ2d/1780540795132.jpg]

Cruising on a motorboat along the Ganges during such a serene moment, drifting gently amidst the ripples, is a feeling that defies description. From the boat, you can see other small vessels passing by, while the distant river bridge stands majestically through the misty rain.

> ဒီလို သာယာတဲ့အချိန်လေးမှာ ဂင်္ဂါမြစ်အတွင်း စက်လှေငယ်တစ်စီးကို စီးနင်းပြီး လှိုင်းကြက်ခွပ်လေးတွေကြား ဖြည်းဖြည်းချင်း မျှောပါနေရတာဟာ စကားလုံးတွေနဲ့ ဖော်ပြဖို့တောင် ခက်ခဲတဲ့ ခံစားချက်မျိုးပါ။ လှေပေါ်ကနေ ဖြတ်သန်းသွားလာနေတဲ့ အခြားစက်လှေငယ်တွေကို လှမ်းမြင်ရသလို၊ အဝေးက မြစ်ကူးတံတားကြီးကလည်း မိုးမှုန်တွေကြားမှာ ခံ့ညားစွာ တည်ရှိနေပါတယ်။

[IMAGE: https://i.ecency.com/DQmNhV4j8QttDoPGAdgHfrubduUpoowwUUufwYHCJQ1okZa/1780541475403.jpg]

[IMAGE: https://i.ecency.com/DQmPAstaUZji5nDq9Q1rTkao3MF2kXpdD5m2NV3C5JYbTBw/1780541475480.jpg]

Looking out from the boat, the ancient ghats and temples lining the riverbanks appeared beautifully blurred through the misty rain, exuding an air of mystery and spiritual grandeur. The bustling crowds and activities along the steps highlight the spiritual liveliness of Varanasi.

> စက်လှေပေါ်ကနေ လှမ်းမျှော်ကြည့်လိုက်ရင် မြစ်ကမ်းနားတစ်လျှောက်က ရှေးဟောင်းဂတ် (Ghats) လှေကားထစ်တွေနဲ့ ဘုရားကျောင်းဆောင်တွေဟာ မိုးမှုန်တွေကြားမှာ ဝေဝေဝါးဝါးနဲ့ ပိုပြီးတော့ ပဟေဠိဆန်၊ ပိုပြီးတော့ မြင့်မြတ်တဲ့အသွင်ကို ဆောင်နေပါတယ်။ လှေကားထစ်တွေပေါ်က လူစုလူဝေးနဲ့ သက်ဝင်လှုပ်ရှားမှုတွေက ဗာရာဏသီရဲ့ ဝိညာဉ်ရေးရာ သက်ဝင်မှုကို ပေါ်လွင်စေပါတယ်။

[IMAGE: https://i.ecency.com/DQmVfga2FX5kqovahk5bDPSeqSGcQY5W4RnrVoyXfmusyWW/1780541475298.jpg]

[IMAGE: https://i.ecency.com/DQmUYobnZaXHV1AwSwcVBR7fc7TWDKo23h4tbTtn8w3UFre/1780541869555.jpg]

[IMAGE: https://i.ecency.com/DQmaUmp3K5Lyb3E5q5itEhbjfHnBesMFspT3ZvRJsRWyVUm/1780541869679.jpg]

[IMAGE: https://i.ecency.com/DQmdcRZTGXr16egSwjf7PQeAK6yFpBkRTW3LbAnfUJcfvgh/1780540376107.jpg]

The boat rocked gently, cradled by the soft waves and falling raindrops, while the fading golden hues of the setting sun cast a brilliant glow upon the wide waters. When the beauty of the sunset, the touch of the drizzle, and the whisper of the breeze intertwined, the Ganges of Varanasi transformed into a living canvas of absolute peace and spiritual captivation.

> ရေပြင်ပေါ်ကို ကျရောက်လာတဲ့ မိုးစက်လေးတွေနဲ့ လေလှိုင်းအိအိလေးတွေကြောင့် လှေငယ်လေးက အသာအယာ လှုပ်ခတ်နေပြီး၊ အနောက်ဘက်ကမ္ဘာက မှေးမှိန်လာတဲ့ နေရောင်ခြည်ရွှေဝါရောင်ဟာ မြစ်ပြင်ကျယ်ပေါ်မှာ လှပတဲ့ အရောင်အဝါတွေ ဖြာထွက်နေစေပါတယ်။ နေဝင်ရိုးရီ အလှတရား၊ မိုးဖွဲလေးတွေရဲ့ အထိအတွေ့နဲ့ လေညင်းရဲ့တိုးဝှေ့မှုတွေ ပေါင်းစပ်သွားတဲ့အခါ ဗာရာဏသီရဲ့ ဂင်္ဂါမြစ်ပြင်ဟာ ငြိမ်းချမ်းခြင်းနဲ့ ဝိညာဉ်ရေးရာ ဆွဲဆောင်မှုအပြည့်ရှိတဲ့ သဘာဝပန်းချီကားတစ်ချပ်အဖြစ် ပြောင်းလဲသွားပါတော့တယ်။

❤️❤️❤️❤️❤️❤️ ​🌄🌄🌄🌄🌄🌄🌄 ❤️❤️❤️❤️❤️❤️

The photo below is the contestant photo for this week's Around The World Challenge #4/7.

> အောက်မှာဖော်ပြထားတဲ့ ဓာတ်ပုံကတော့ ဒီတပတ် Around The World Challenge #4/7. အတွက် ပြိုင်ပွဲဝင်ဓာတ်ပုံဖြစ်ပါတယ်။

[IMAGE: https://i.ecency.com/DQmY26tyjn9rpaby2CerhAdsFCZaazjfFrDHDS6dMEvYAMi/1780542701571.jpg]

With all due respect -

> အားလုံးကို လေးစားလျှက် -

@ansoe

4 JUNE 2026 THURSDAY

[IMAGE: https://images.ecency.com/DQmaWiZv934mfZStPBGuKp32BpTW8RW2yLVd2LRMCxP9X6L/1700369483690.gif]

TAGS: [ #Ecency ] [ #hive-myanmar ] [ #travelfeed ] [ #photograph ] [ #photo ] [ #india ] [ #ganges ] [ #beautiful ] [ #sunset ] [ #river ]

Replies

@reachdreams | June 4, 2026, 6:27 a.m. | Votes: 0 | [ VOTE ]
[ BACK TO TRENDING ] [ BACK TO MENU ]
CMD>