___|  _ \   |  |    |   |_ _|\ \     / ____|
 |     |   |  |  |    |   |  |  \ \   /  __|
 |   | |   | ___ __|  ___ |  |   \ \ /   |
\____|\___/     _|   _|  _|___|   \_/   _____| 

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

Introduction

BY: @atgaday | CREATED: Dec. 17, 2021, 1:41 p.m. | VOTES: 5 | PAYOUT: $0.12 | [ VOTE ]

To everyone in Hive community,
I wish to all of you be healthy and luck in this pandemic
period.

I am Aung Toe Gaday who is interested and hobbiest in drawing and around 30th years old, a middle-aged man. My born home town is Myawaddy, kayin state, myanmar. Firstly I would like to thank Mr.Kaung Lay who invited me to steem community and again in this Hive Community. And then shared me about this experience and improve a lot in writing technique. That´s why i be here.
I live in the city named Mandalay, Myanmar now. When I worked and lived in mandalay, missing a lot of home town. Home State Nick name - Zwekapin is so beautiful and a lot of hill wet landscape and there are many grass field.
Although my hobby is drawing and reading too. But my job is general worker and clerk. I want to change this job to which i interest and has creation a lot. So i building my brave mindset to change. There is saying in our myanmar u know what; Young man is our country Future. So I want to change myself and for the future.
However let´s fill beautiful the blank spot of our neighbor´s future from one side of these.
And thankful to everyone.

https://i.postimg.cc/Xq3rv17q/IMG-20201117-155842.jpg

Where is near my home town a lot of hills and valleys.

မွေးရပ်မြို့အနီး တောင်တန်း တစ်နေရာ

သို့
Hive မာ ရောက်ရှိနေကြတဲ့ ညီကိုမောင်နှမများအားလုံး ခုလိုခေတ်ကာလကြီးမှာ ကျန်းကျန်မာမာ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေဗျာလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျ

ကျနော်ကတော့ အောင်တိုးကုဌေပါဗျ
ပုံဆွဲရတာဝါသနာပါတဲ့ အသက် ၃၀နှစ် ၀န်းကျင် လူလတ်၁ယောက်ပါခမျ။ မွေးရပ်ကတော့ မြ၀တီမြို့ကပါ မန်းလေးမာ နေပါတယ်ခမျ။
ပထမဦးဆုံး ဒီ hive ကိုရောက်လာအောင် ဆွဲခေါ်ပေးတဲ့ ကိုကောင်လေးကို ကျေးဇူးတင်ပါတယ်ဗျ။ Steem မှာကတည်းက စတွေ့ခဲ့ရပီး အတွေ့ကြုံတွေ ဖလှယ်ပေးခဲ့ရာကနေ hive အဖွဲ့စည်းထဲကို ရောက်ရှိလာရခြင်းဖြစ်ပါတယ်။
ကျနော် မြို့ပေါ်ရောက်လာရသလို မွေးရပ်မြေ ကရင်ပြည်ကြီးကို လွမ်းပါတယ်ခမျ။
ဇွဲကပင်မြေက အမြဲလို လှပစွာ ကြိုဆိုနေတုန်းပါပဲ ခုကာလ အနေအထား အားလုံးသိကြတဲ့အတိုင်းဆိုတော့ အတိတ်ကပုံရိပ်တွေကို လွမ်းတသသ ဖြစ်စေပါတယ်။
စာဖတ်ရတာဝါသနာပါသလို ပုံဆွဲရတာ ကို အမြဲလို လုပ်ဖြစ်ခဲ့ပါတယ် မြို့ပေါ် မရောက်ခင်ကပေါ့။
ရတနာပုံနေပြည်တော်ကြီးရှိရာ မန္တလေးမြို့တော်ကြီး ပေါ်ရောက်လာပြီး ကုမ္ပဏီ၁ခုက စတိုဂိုဒေါင်မာ ကုန်တင်ကုန်ချ စာရေး လုပ်လာခဲ့ရာက အသက် ၃၀နားကပ်လာခဲ့ပါပြီ။
ပုံဆွဲရတဲ့နေရာမှာ ဖန်တီးမှုပိုင်းကို အသားပေးရတာကြိုက်တဲ့သူမို့ ဂိုဒေါင်ကုန်တင်ကုန်ချစာရေးဘဝကနေ နောက် ကိုယ်ဝါသနာပါရာ နယ်ပယ်ကို ကူးပြောင်းဖို့ သတ္တိတွေ ၀မ်းစားတွေကို အချိန်နဲ့အမျှ ကြိုးစားနေရတုန်းပါပဲ။ လူငယ်ဆိုတာ တိုင်းပြည်ရဲ့ အနာဂတ် တဲ့။ သို့ပေမဲ့ လက်ရှိ မိသားစုအခြေနေကြောင့် ရုန်းကန် ကြိုးစားနေခဲ့ရတာပါ။
ဘယ်လိုပင်ဖြစ်နေပါစေ ဖန်တီးမှုနဲ့ ဒီလောကကြီးကို ၁ထောင့်၁နေရာကနေ အလှဆင်ဖို့ ကြိုးစားရအောင်ပါဗျ လို့အားလုံးကို အားပေးရင်း ကျနော့်ကို ရင်းနှီးစွာဖိတ်ခေါ်တဲ့ Hive communityကြီးကို ကျေးဇူးတင်စွာဖြင့်။

Hive-myanmar

Introduction

TAGS: [ #HIVE-MYANMAR ]

Replies

@nyimwa | Dec. 17, 2021, 2:01 p.m. | Votes: 1 | [ VOTE ]

Welcome again from Hive. !PIZZA

@atgaday | Dec. 17, 2021, 2:04 p.m. | Votes: 0 | [ VOTE ]

Thanks a lot!!

@pizzabot | Dec. 17, 2021, 2:02 p.m. | Votes: 0 | [ VOTE ]

PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@nyimwa(2/7) tipped @atgaday (x1)

Please vote for pizza.witness!

@mamamyanmar | Dec. 18, 2021, 9:36 a.m. | Votes: 1 | [ VOTE ]

Wellcome ပါ
Intro post ဆိုရင် tab မှာ indroduction လို့ တပ်ပါလား အခုpost မှာ $ မရရင် intro post ကိုပြန်တင်ပါ ပုံကောင်းကောင်းလေးနဲ့ ကိုယ့်ပုံနဲ့ မိတ်ဆက်ရင် ပိုကောင်းတယ်
ဒီရက်ပိုင်း intro postတေ မြင်လိုုက်ရင် $20 အနည်းဆုံးရထားတာတွေ မြင်ရလို့ပါ!LOLZ

@lolzbot | Dec. 18, 2021, 9:38 a.m. | Votes: 0 | [ VOTE ]

lolztoken.com
OH NO!You are out of jokes for the day!@mamamyanmar you can call @lolzbot a maximum of 2 times per day.Level up by buying more $LOLZ so you can share more jokes per day!

@atgaday | Dec. 18, 2021, 9:57 a.m. | Votes: 0 | [ VOTE ]

ကျေးဇူးပါဗျ

@htwegyi | Dec. 18, 2021, 11:48 a.m. | Votes: 1 | [ VOTE ]

ကြိုဆိုပါတယ် ဇွဲရှိ၍ အောင်မြင်ပါစေ။

@atgaday | Dec. 18, 2021, 1:01 p.m. | Votes: 0 | [ VOTE ]

ကျေးဇူးပါဗျ

@kachinhenry | Dec. 18, 2021, 1:15 p.m. | Votes: 1 | [ VOTE ]

Intro post မှာ မိမိ ဓာတ်ပုံအား ဖေါ်ပြပေးပါ

@atgaday | Dec. 18, 2021, 1:25 p.m. | Votes: 0 | [ VOTE ]

ဟုတ်bro

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>