+-+-+ +-+ +-+-+-+-+
|G|O| |4| |H|I|V|E|
+-+-+ +-+ +-+-+-+-+

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

စေတနယ

BY: @ayethatmon | CREATED: June 12, 2019, 9:25 a.m. | VOTES: 10 | PAYOUT: $0.15 | [ VOTE ]

ကိုယ်​​တော်​​ယေရှု ​နွေး​နွေး​ထွေး​ထွေး ​ပျော်​​ပျော်​ရွှင်​ရွှင်​နဲ့ ဝဝဖြိုးဖြိုးဖြစ်​သွား​အောင်​ ​ခေါင်​ရည်​တိုက်​လွှတ်​​လိုက်ချင်တာ​​က ကျွန်​​တော့်​ရဲ့ အကြီးမားဆုံး ဆန္ဒတစ်​ခုပါပဲခင်​မျာ....။

အိုဘယ့်​အစိမ်းတို့​မြေထဲက ပါစကယ်​ရဲ့ ချစ်​စရာ​ကောင်းတဲ့ အ​တွေး​လေး..။

အ​တော်​ချစ်​စရာ​ကောင်းတဲ့ အ​တွေး​လေး​လေ။
သူအကြိုက်​ဆုံး​ခေါင်​ရည်​ကို သူသိပ်​​လေးစားတဲ့သူတစ်​​ယောက်​ကို တနင့်​တပိုး ဧည့်​ဝတ်​ပြုချင်​တဲ့ ​စေတနာ​တွေက အတိုင်းသားနဲ့..။
ချစ်​စရာလည်း ​ကောင်းသလို သနားစရာလည်း ​ကောင်းတယ်​..။
ရိုးသားမှု​တွေကိုလည်း မြင်​လိုက်​ရတဲ့ အ​တွေးစ​​လေး..။

ကိုယ့်​အချစ်​ဆုံးသူကို ကိုယ်​အကြိုက်​ဆုံး အစားအစာရဲ့ အရသာကို ခံစား​စေချင်​သလိုမျိုး ချစ်​ခြင်းတရားကလည်း ပါ​သေးရဲ့....။

ကိုယ်​သိသ​လောက်​ပဲသိတဲ့ လူတစ်​​ယောက်​ရဲ့ ဝန်းကျင်​မှာ သင့်​၏ မသင့်​၏ဆိုတာထက်​ ပိုတဲ့ အဖြူစင်​ဆုံး ​စိတ်​ရင်းက တစ်​မျိုး​လေး...။

ကိုယ်​သာဆိုလည်း အဲ့လိုဖြစ်​မိမှာပဲ..။
ကိုယ်​သိပ်​ချစ်​ခင်​ရတဲ့သူ​တွေနဲ့ ဆုံခဲ့ရင် ကိုယ်​နဲ့မတည့်​လို့ သိပ်​မစားရ​ပေမယ့်​ သိပ်​စိတ်​ဝင်​စားစရာ​ကောင်းလွန်းတဲ့ ငရုတ်​သီးကို တနင့်​တပိုး ​ကျွေးလိုက်​ချင်​မိတာက​တော့ ကိုယ်​လည်း ​တွေးမိမယ့်​ ​ချစ်​စရာစိတ်​ကူး​လေးပါပဲ..။
ကိုယ်​ စိတ်​ဝင်​စားသလို ကိုယ့်​လို စိတ်​ဝင်​စား​တတ်​​စေဖို့ဆိုတဲ့ စိတ်​​လေးတစ်​ခုနဲ့​ပေါ့​လေ..။

ပါစကယ်​က ​ယေရှု့ကို ​ခေါင်​ရည်​တိုက်​ချင်​သလိုမျိုး စိတ်​​လေးတစ်​ခုနဲ့​လေ...😁😁😁
[IMAGE: https://img.esteem.ws/cpvsj4dlu6.jpg]

Photo credit.

TAGS: [ #esteem ] [ #steemit ] [ #steemitdev ] [ #steemitmonster ] [ #book ]

Replies

@esteemapp | June 12, 2019, 11:49 a.m. | Votes: 0 | [ VOTE ]

Thanks for using eSteem! Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!Learn more: https://esteem.app Join our discord: https://discord.gg/8eHupPq

@ayethatmon | June 12, 2019, 3:55 p.m. | Votes: 0 | [ VOTE ]

Thanks alof.

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>