__________     __ __     __  _______    ________
  / ____/ __ \   / // /    / / / /  _/ |  / / ____/
 / / __/ / / /  / // /_   / /_/ // / | | / / __/
/ /_/ / /_/ /  /__  __/  / __  // /  | |/ / /___
\____/\____/     /_/    /_/ /_/___/  |___/_____/

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

စာ

BY: @ayethatmon | CREATED: July 6, 2019, 3:54 p.m. | VOTES: 3 | PAYOUT: $0.00 | [ VOTE ]

မုသားဖြူ​တွေကို မိဘ​တွေဆီကတဆင့်​ နားလည်​ခဲ့ရတယ်​..။
ကောင်း​မွန်​​စေချင်​တဲ့ စိတ်​​စေတနာနဲ့ အလိမ်​အညာစကား မုသား​ဖြစ်​ပေမယ့်​ ဖြူစင်​လွန်းတဲ့ မုသားမျိုးကို ထုတ်​သုံးခဲ့ကြသူ​တွေ အများစုက မိဘ​တွေ​လေ....

ဒါ​ပေမယ့်
သစ္စာအနက်​ကို​တော့ နားမလည်​ဘူး..။
ဘာ့​ကြောင့်​ ထုတ်​သုံးကြမှန်းမသိဘူး..
သစ္စာဆိုတာ အမှန်​တရားကို ရည်​ညွှန်းတဲ့ ပါဠိစကား..
သစ္စာစကား​ကြောင့်​ အသက်​ရှင်​သွားတဲ့ သုဝဏ္ဏသာမလို၊ စန္ဒကိန္ဒရီလိုဇာတ်​​တော်​​တွေဟာ ဗုဒ္ဓဘာသာဝင်​​တွေကြားမှ လှပတဲ့ဇာတ်​လမ်း​တွေဖြစ်​တယ်​။
သစ္စာနဲ့ ပတ်​သက်​ပြီး ဗုဒ္ဓဇာတ်​​တော်​​တွေထဲမှာ သစ္စာရဲ့အလှတရားကို ထင်​ထင်​ရှားရှား ပြဆိုကြတယ်​.။

ဒါ​ပေမယ့်​​လေ
မုသားဖြူ​တွေရှိသလို သစ္စာအနက်​​တွေ ​ပေါ်လာတဲ့အခါ သစ္စာအနက်ဆိုတာကို ဘယ်​လို နားလည်​​ပေးရမှန်းမသိဘူး..။
အမှန်​တရားကို အ​ရောင်​ဖုံးဖို့ အသုံးပြုလိုက်​တဲ့ အနက်​​ရောက်​လွှမ်းခြုံထားတဲ့ အမှန်​တရား​တွေက အဲ့ဒီအနက်​​ရောင်​ခြုံလွှာကြားက တ​သော​သော စီးကျလာ​နေတဲ့အခါ သစ္စာအနက်​ဟာ အံ့သြဖွယ်​​ကောင်းသွားတယ်​..။
အမှန်​တရားက ဘယ်​အရာနဲ့ပဲ ဖုံးဖိကွယ်​ဝှက်​​နေပါ​စေ လုံခြုံဖို့မတတ်​နိုင်​တဲ့ အရာတစ်​ခုဖြစ်​သတဲ့​​လေ..။
အဲ့ဒီကြားဖူးနားဝစကားက​ရော အမှန်​တရားလားလို့ ​မေးခွန်းထုတ်​ချင်​လာမိတယ်​။

မုသားဖြူရဲ့ အရှိန်​အဝါ​​တွေကို အချိန်​နဲ့အမျှ နားလည်​လာခဲ့ရသ​လောက်​ သစ္စာအနက်​ရဲ့ အ​ရောင်​ဟပ်​မှု​တွေက​တော့ ပူပြင်း​လောက်​မြှိုက်​လို့....

အေး​လေ
သစ္စာအနက်​​တွေ ထွန်းကားတဲ့အရပ်​မှာ ကျွန်​မ လူဖြစ်​ခွင့်​ရခဲ့တာကိုး..
သစ္စာအနက်​​တွေကို ခွံ​ကျွေးခံကြရဖို့ ပါးစပ်​​တွေကိုများ ဟဖြစ်​ခဲ့ကြရင်​ မုသားဖြူအတွက်​ ရင်​နာစွာနဲ့ ငို​ကြွေး​ပေးကြဖို့ မ​မေ့ပါနဲ့....

I'm ATM.
Photo credit. [IMAGE: https://img.esteem.ws/s1osql9egq.jpg]rma

TAGS: [ #esteem ] [ #good-karma ] [ #steemit ] [ #steemitdev ] [ #steemitmonster ]

Replies

NO REPLIES FOUND.

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>