+-+-+ +-+ +-+-+-+-+
|G|O| |4| |H|I|V|E|
+-+-+ +-+ +-+-+-+-+

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

မာနတက်သော ပုတ်သင်

BY: @coralbright | CREATED: Feb. 24, 2018, 6:17 p.m. | VOTES: 43 | PAYOUT: $4.41 | [ VOTE ]

မာနတက်သော ပုတ်သင်

လူတစ်ယောက်မှာ ရှိသင့်တဲ့ မာန ထက် ပိုနေရင် မဆုံးရှုံးသင့်တာတွေ ဆုံးရှုံးတက်ပါတယ် [IMAGE: https://steemitimages.com/DQmaMrDmEbJqzuDncE838c54Lc3asqkFcchcUN7QQhkEpYP/170024007.jpg]
မာန ဆိုတဲ့ နေရာမှာ ထားသင့်တဲ့ မာန ရှိသလို မထားသင့်တဲ့ မာနလည်း ရှိပါတယ်
ဥပမာလေး တစ်ခုပြောချင် ပါတယ် ကျမဟာ သိပ် ချမ်းသာတဲ့ မိသားစုက မွေးဖွား လာတဲ့ သူတစ်ယောက်ဆိုပါစို့ ကျမမှာ လယ်ယာ ကိုင်းကျွန်းတွေ လုပ်ငန်းတွေ ပိုင်ဆိုင်ထားတယ်ဆိုပါစို့ ဒါပေမဲ့ ကျမဟာ ကျမရဲ့ လုပ်ငန်းနဲ့ ပတ်သတ်တာ ကို မသင်ယူ မစည်းပူး ပဲနေနေတဲ့အချိန် ကျမ မိဘတွေ နာ မကျန်းဖြစ်တဲ့ အခါ ကျမရဲ့ လုပ်ငန်းထဲ ကို ကျမ ဝင်လုပ်ရတယ်တဲ့ အခါ ကျမရဲ့ အလုပ်မှာရှိတဲ့ ဝန်ထမ်းရဲ့ သင်ကြားပြသမှုကို ကျမ ယူရမှာပါ သူဟာ ငါ့အိမ်က ဝန်ထမ်းပဲ ငါသူဆီက တပည့်မခံနိုင်ဘူး ဆိုတဲ့ မာနသာ ထားခဲ့ ရင် ကျမလုပ်ငန်းကို ကျမ နားမလည်ပဲ သူများလုပ်သမျှ ခံရပြီး စည်းစိမ်ကုန် ယုံပဲရှိပါလိမ့်မယ် ပြောချင်တာကတော့ ကျမ တို့ မြန်မာ စကားပုံ မှာ လည်း ရှိပါတယ်" မသိရင်မေး မစင်ရင်ဆေး " ဆိုတဲ့အတိုင်း မသိတာရှိရင် ကိုယ့်ထက် ဘယ်လောက်ပဲ ဂုဏ်ငယ်နေပါစေ မေးရပါမယ် ဆရာတင်သင့်ရင် တင်ရပါမယ် သူကတော့ ငါ့ထက်ဂုဏ်ငယ်တာပဲ ငါမမေးချင်ပါဘူး ဆိုတဲ့ မာန တစ်ခုသာ ထားလိုက်မယ်ဆိုရင် ကိုယ်သိသင့်သလောက် ကိုယ်တက်သင့်သလောက် မတက်တော့ပါဘူး
တစ်ချို့ကရှိပါတယ် လိုချင် သိချင်တာ တက်သွားရင် ဆရာ ဆရာမှန်းမသိ ပုခုံးချင်း ယှဉ်ချင်တာတွေ လည်းရှိကြတယ် မသိခင် မတက်ခင်ကတော့ သင်ပေးပါ သင်ပေးပါပေါ့ သိလည်းသိတက်လည်းတက်လည်းတက်ကော နင်သိတာ ငါလည်းသိတယ်တက်တယ်ပေါ့ ဆိုပြီး မာန်မာန တက်တဲ့သူတွေလည်းရှိပါတယ် ဘယ်လို ပဲ ဖြစ်ဖြစ် တစ်မိနစ်ပဲ သင်ပေးဖူးဖူး 1နာရီပဲ သင်ပေးဖူးဖူး တစ်သက်မမေ့အပ်တဲ့ ဆရာတွေပါပဲ[IMAGE: https://steemitimages.com/DQmWgmmsF6n44NwmAPs1i5DaPquwuojZEAPYNX4E3Dd2qsL/I_1421831.jpg]
တချို့တွေ ကျတော့ အရင်တုန်းက ဆင်းရဲပြီး အခုချိန်မှာ ငွေကြေးလေးချမ်းသာလာရင် မာနတက်ကြတာတွေလည်းရှိပါတယ် အရင်က သိပ်ခင်ခဲ့တဲ့ သူတွေကိုတောင် သူတို့နဲ့ အဆင့်မတူတော့လို့ မခေါ် ချင်မပြောချင် တွေ ဖြစ်ကြပါတယ် အဲ့ဒါတွေဟာ ပျက်ဆီးမယ့် လက္ခဏာတွေပါ စည်းစိမ်ဆိုတာလည်းမမြဲပါဘူး လူဆိုတာလည်း မမြဲပါဘူး မမြဲ တဲ့လောကကြီးမှာ မာန်မာနတွေထားနေမယ်ဆိုရင် ကိုယ့်တစ်နေ့ ဒုက္ခ ရောက်တဲ့ အချိန် ကိုယ့်ကို ကူညီမယ့်သူမရှိဖြစ်တက်ပါတယ်
ဒီအကြောင်းကို အခြေခံပြီး မာနတက်တဲ့ ပုသင်ညိုအကြောင်းလေး ပြောချင်ပါတယ်
တစ်နေ့သောအခါ ဝိဒေဟရာဇ်မင်း တောကစားထွက်တဲ့ အချိန် ကံရွက်ဖျား မှာနေတဲ့ ပုတ်သင်ညိုဟာ မင်းကြီးကို မြင်တော့ ခေါင်းကို ဝပ်ဆင်းပြီးနေတယ် ဒါကို မြင်တဲ့ မင်းကြီးဟာ မူးမတ်တွေကိုမေးတယ် ဒီပုတ်သင်ညို ဘာလုပ်နေတာလည်းမေးတယ် မူးမတ်တွေ က ပြန်ဖြေတယ် မင်းကြီးရဲ့ ဘုန်းတန်ခိုးကို ကြည်ညိုသောကြောင့် ဝပ်ဆင်း ဂါရဝပြု နေတာပါလို့ပြောတယ် အဲ့ဒီအခါမှာ မင်းကြီးက ပုတ်သင်ညို ကို သဘောကျပြီး ဤပုတ်သင်ညိုအား တစ်နေ့လျှင် အမဲလေးရွေးဖိုးကျွေးစေဆိုပြီး အမိန့်ချတယ် 7ရက်မြောက်တဲ့နေ့ တနင်္ဂနွေ နေ့မှာ တစ်မြို့လုံး ဥပုပ်စောင့်ကြတဲ့အတွက် အမဲ လေးရွေးဖိုးမရတာကြောင့် ပိုက်ဆံလေးရွေးကို အပေါက်ဖောက်ပြီး ပုတ်သင်ညို ရဲ့ လည်ပင်းမှာ စွပ်ပေးလိုက်တယ် လေးရွေးပိုင်သွားတဲ့ ပုတ်သင်ညို ဟာ မင်းကြီးလာတဲ့ အချိန် မင်းကြီးကို ဂါရဝမပြုတော့ပဲ နေခဲ့တယ် ဒီအရာကိုတွေ့တဲ့ မင်းကြီးဟာ မူးမတ်တွေကို လျှောက်တင်စေတယ် ထိုအခါ မူးမတ်တွေက ပုတ်သင်ညို မှာ လေးရွေးပိုင်ဆိုင်သွား၍ မင်းကြီးအား ဂါရဝမပြုတော့ကြောင်းလျှောက်တင်တယ်
ဒီအကြောင်းလေးကတော့ ပိုက်ဆံရှိလာပြီဆိုရင် လူတိုင်းက စိတ်လွတ်ကိုယ်လွတ် မာနတွေကြီးလာတက်ကြတယ် အပြောအဆိုတွေ ရိုင်းလာတယ် ဒါကို ဆင်ခြင်တုံ တရားနဲ့ ကြည့်ဖို့ အတွက် စေတနာရှေ့ထားပြီးရေးသားလိုက်ခြင်း ဖြစ်ပါတယ်
အားလုံးပဲ ရှိသင့်သော မာနများသာ ထားနိုင်ကြပါစေ
@coralbright
MSC 231
Credit images google

TAGS: [ #myanmar ] [ #life ] [ #story ] [ #freewrite ] [ #esteem ]

Replies

@thethtooaung | Feb. 24, 2018, 6:19 p.m. | Votes: 0 | [ VOTE ]

အားပေးနေပါတယ် ဘီဒိုရေ

@coralbright | Feb. 24, 2018, 6:21 p.m. | Votes: 0 | [ VOTE ]

ကျေးဇူးပါ ဂျကြီးရေ

@zinzin | Feb. 25, 2018, 12:06 a.m. | Votes: 0 | [ VOTE ]

မာနဆိုတာလည်း ဒေါသတမျိုးပဲမို့ ပူလောင်တာပါပဲ ညီမရေ

@coralbright | Feb. 25, 2018, 5:43 a.m. | Votes: 0 | [ VOTE ]

ဟုတ်တယ်sis

@aungzin | Feb. 25, 2018, 2:22 a.m. | Votes: 0 | [ VOTE ]

Gooooood sis👍

@coralbright | Feb. 25, 2018, 5:43 a.m. | Votes: 0 | [ VOTE ]

Yes

@soeyan | Feb. 25, 2018, 2:34 a.m. | Votes: 0 | [ VOTE ]

စေတနာကိုအသိအမှတ်ပြုပါတယ်

@coralbright | Feb. 25, 2018, 5:44 a.m. | Votes: 0 | [ VOTE ]

ကျေးဇူး

@eieikhing | Feb. 25, 2018, 3:27 a.m. | Votes: 0 | [ VOTE ]

စာ​ရေးဆရာမဖြစ်​​နေပြီ။Good writing.

@coralbright | Feb. 25, 2018, 5:44 a.m. | Votes: 0 | [ VOTE ]

ဟုတ်ကဲ့ အမ

@minkhantnyar | Feb. 25, 2018, 3:46 a.m. | Votes: 0 | [ VOTE ]

Good writing ! Thank for sharing!

@coralbright | Feb. 25, 2018, 5:45 a.m. | Votes: 0 | [ VOTE ]

Thank

@myothuzar | Feb. 25, 2018, 5:56 a.m. | Votes: 0 | [ VOTE ]

မထားသင့်တဲ့မာနတွေ မထားတာ အကောင်းဆုံးပါ။

@coralbright | Feb. 25, 2018, 12:42 p.m. | Votes: 0 | [ VOTE ]

အမှန်ပဲအမ

@kyawzaywin | Feb. 25, 2018, 6:26 a.m. | Votes: 0 | [ VOTE ]

ဖတ်​လို.​ကောင်းပါတယ်​ က​လော်​​ရေ အဲ coral ​ရေ😜😜😜

@coralbright | Feb. 25, 2018, 12:43 p.m. | Votes: 0 | [ VOTE ]

😏😏😏😏😏

@ayemomo | Feb. 25, 2018, 8:21 a.m. | Votes: 0 | [ VOTE ]

မာနဆိုတာထားသင့်တဲ့မာနမျိုးပဲထားသင့်တယ်

@coralbright | Feb. 25, 2018, 12:44 p.m. | Votes: 0 | [ VOTE ]

ဟုတ်

@mahaw | Feb. 25, 2018, 8:31 a.m. | Votes: 0 | [ VOTE ]

တိုးတတ်‌လာတယ်‌။ အား‌ပေးလျက်‌ပါညီမ။

@coralbright | Feb. 25, 2018, 12:45 p.m. | Votes: 0 | [ VOTE ]

Yes

@mgtoetat | Feb. 25, 2018, 9:34 a.m. | Votes: 0 | [ VOTE ]

ခေါင်းစဉ်ကိုတော့ ကြိုက်သွားပြီ

@coralbright | Feb. 25, 2018, 12:45 p.m. | Votes: 0 | [ VOTE ]

😁😁😁

@kyawhlaing | Feb. 25, 2018, 10:39 a.m. | Votes: 0 | [ VOTE ]

ရေးတာကောင်းပါတယ် အားပေးနေပါတယ်

@coralbright | Feb. 25, 2018, 12:46 p.m. | Votes: 0 | [ VOTE ]

ဟုတ်

@nyinyiwin | Feb. 25, 2018, 12:50 p.m. | Votes: 12 | [ VOTE ]

ကောင်းပါတယ်ညီရေ

စာလုံးပေါင်းသတ်ပုံလေးတွေ နဲနဲလွဲနေတယ်ညီ စာဖတ်သူများ အရသာပျက်စေလို့ ပ်ြင်ထားလိုက်ပါနော။

@coralbright | Feb. 25, 2018, 1:17 p.m. | Votes: 0 | [ VOTE ]

ဟုတ် ဦးညီ

@yethihakyaw | Feb. 25, 2018, 1:21 p.m. | Votes: 0 | [ VOTE ]

Good writing

@zinminhtet | Feb. 25, 2018, 1:26 p.m. | Votes: 0 | [ VOTE ]

အား​ပေးခဲ့ပါတယ်​ ☺

@myintlwinsoe | Feb. 28, 2018, 7:31 a.m. | Votes: 18 | [ VOTE ]

ကောင်းပါပေ၏။များများညှစ်ပါ အားပေးနေပါမယ်လို့

@sanaung53 | March 8, 2018, 12:21 p.m. | Votes: 0 | [ VOTE ]

အရမ်းထိ​ရောက်​တဲ့စာသား​လေး​တွေဖတ်​ခွင့်​ရတဲ့အတွက်​​ကျေးဇူးပါအမ

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>