__________     __ __     __  _______    ________
  / ____/ __ \   / // /    / / / /  _/ |  / / ____/
 / / __/ / / /  / // /_   / /_/ // / | | / / __/
/ /_/ / /_/ /  /__  __/  / __  // /  | |/ / /___
\____/\____/     /_/    /_/ /_/___/  |___/_____/

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

I try to translate

BY: @donatemesteem | CREATED: Sept. 10, 2019, 5:46 p.m. | VOTES: 6 | PAYOUT: $0.04 | [ VOTE ]

ဖေဖော်ဝါရီလတွင် ထိုသို့ တရားဝင်မဟုတ်သည့် ဆွေးနွေးပွဲအပြီးတွင် National Reconciliation and Peace Centre နှင့် KHCC တို့သည် ဧပြီလတွင် နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။ IDPs များကိုဘေးကင်းလုံခြုံစွာ ပြန်ပို့နိုင်ရေး IDPs များကို ပိုမိုထောက်ပံ့ကူညီနိုင်ရေး IDP စခန်းများကို အပြီးပိတ်သိမ်းနိုင်ရေး ဆွေးနွေးခဲ့ကြသည်။

သို့သော် KIO နှင့် Tatmadaw ကြား နှစ်ဖက် အပစ်အခတ် ရပ်ဆဲရေး သဘောတူညီမှု မရရှိနိုင်ခြင်းကြောင့် တိုးတက်မှုများ မရရှိခဲ့ပေ။

သို့သော် ဝိုင်းမော် မြို့နယ်မှ ရွာတစ်ခုတွင်တော့ ထိုသို့မဟုတ်ပေ။ တပ်မတော်သည် မြစ်ကြီးနား ဝိုင်းမော် နှင့် Bhamo မြို့ရှိ IDP စခန်းများမှ IDP ၂၀၀ ခန့်ကို နေရပ်ပြန်လည်ပို့ဆောင်ရန် လုပ်ဆောင်နေသည်။

၂၀၁၉ ဇန်နဝါရီလတွင် တပ်မတော်သည် IDP မိသားစု ၁၇ စုကို Nam San Yang ရွာသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ ထို့နောက် မတ်လတွင် ဒုတိယ တစ်သုတ်ကို ပို့ဆောင်ခဲ့သည်။ မြစ်ကြီးနား Bhamo လမ်းမပေါ်ရှိ ထိုရွာသည် တပ်မတော်နှင့် KIA တို့ကြား တိုက်ပွဲများတွင် များစွာပျက်ဆီးခဲ့သည်။ ထိုနေရာသည် မြေမြုပ်မိုင်းများ များစွာရှိနေပြီး ရှေ့တန်းစစ်မျက်နှာနှင့်လည်း နီးကပ်သည်။

တပ်မတော်၏ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက Frontier ကို ပြောကြားရာတွင် Nam San Yang တွင် IDP များကို နေရပ်ပြန်ပို့ပေးခဲ့ခြင်းသည် အောင်မြင်သည်ဟု ဆိုသည်။ တပ်မတော်သည် အစိုးရနှင့် ပေါင်းပြီး IDP များကို နေရပ်ပြန်ပို့ရန် တိုးချဲ့လုပ်ဆောင်သွားမည်ဟု ဆိုသည်။

I have finished translating up to this. Unhappy return story

Source of shared Link

TAGS: [ #dlike ] [ #dlike-news ] [ #myanmar ] [ #news ] [ #translation ]

Replies

NO REPLIES FOUND.

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>