__________     __ __     __  _______    ________
  / ____/ __ \   / // /    / / / /  _/ |  / / ____/
 / / __/ / / /  / // /_   / /_/ // / | | / / __/
/ /_/ / /_/ /  /__  __/  / __  // /  | |/ / /___
\____/\____/     /_/    /_/ /_/___/  |___/_____/

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

Let Do Must Do Just Do

BY: @donjaun | CREATED: July 13, 2019, 11:55 a.m. | VOTES: 272 | PAYOUT: $0.55 | [ VOTE ]

[IMAGE: https://cdn.steemitimages.com/DQmbxWSBsdXBFt3mtVK5c6BXF8PeeqqrGTjoTaLbNspjBhy/FB_IMG_1527335451652.jpg]

တနေ့က လက်ထဲ ရှိနေသည့် steem လေး အနည်းငယ်ကို btc ပြောင်းထားဖို့ တွေးမိ၏။ မလုပ်တတ်သဖြင့် ကိုဟင်နား အကူအညီတောင်းမိ၏။ ကိုဟင်က ကူညီပေးမည်ဟု ပြော၏။ သို့နှင့် steem လွှဲပေးလိုက်၏။ ကိုဟင်က ပြန်ပြောပေး၏။ ယခု steem ဈေးနှင့် btc ပြောင်းလျှင် လွှဲခနှင့် ဘာမှ သိပ်ရမည် မဟုတ်ကြောင်း ဆို၏။ တက်နိုင်လျှင် btc ကို မြန်မာငွေ တသိန်းဖိုးလောက် ၀ယ်ပြီး စုထားလိုက်ပါက သင့်တော်ကြောင်း အကြံပေး၏။ ကျနော်လည်း ကိုဟင်ပေးသည့် အကြံကို သဘောကျမိ၏။ ခက်တာက ပိုက်ဆံ ဖြစ်၏။

(၆) လပိုင်း လလယ်လောက်မှာ ကျနော့် သင်တန်း ပြန်စ၏။ သင်တန်းအတွက် လိုအပ်တာများ သုံးလိုက်ရသဖြင့် လက်ထဲမှာ ပိုက်ဆံက (၇) သောင်းလောက်သာ ကျန်၏။ လက်ကျန် steem လေးနှင့် ပေါင်းလိုက်လျှင်တော့ (၁) သိန်းဖိုးလောက်တော့ ရနိုင်ပေလိမ့်မည်။ သို့ပေမယ့် ထိုငွေ (၇) သောင်းကိုကလည်း သုံးလိုက်လို့ မဖြစ်သေးပေ။ တော်နေကြာ အသုံးလိုလာနိုင်သေးသည် မဟုတ်လား။ ဒီိအသက်အရွယ်ကြီး ရောက်နေမှ လက်ထဲ ပိုပိုလျှံလျှံ မစုမိထားနိုင်သေးသော မိမိ အခြေအနေကိုလည်း စိတ်တိုမိ၏။ အတွေးအခေါ် အယူအဆများကို ပြောင်းလဲဖို့တော့ လိုပြီ ဖြစ်၏။

တော်နေကြာ အသက်ကြီးမှ စုထား၊ ဆောင်းထားတာ မရှိလျှင် ခက်ရချေသေး၏။ ထို့ကြောင့် ဒီနှစ်ထဲမှာ လုပ်သင့်သည့် အရာများကို သေသေချာချာလေး လုပ်ဖြစ်ဖို့ လိုပြီ ဖြစ်၏။ အစီအစဉ်တွေက ရှိပြီးသား၊ တိတိကျကျ ပြောရလျှင် မနှစ်ကတည်းက အစီအစဉ်တွေက ချပြီးသား။ အကြောင်းကြောင်းကြောင့် မစနိုင်၊ မလုပ်နိုင်ခဲ့ခြင်း ဖြစ်၏။ ဒီနှစ်တော့ ဘယ်နည်းနှင့် မဆို စနိုင်၊ လုပ်နိုင်ဖို့ လုပ်၏။ ဒီထက် အချိန်တွေ ကြာနေလို့ မကောင်းတော့ပေ။ သိပ်နောက်ကျသွားလျှင် အဆင်မပြေဘူးမလား။ အပြောင်းအလဲ တခုကို ရဖို့ စတင်ပြောင်းလဲ ရပေလိမ့်မည်။

[IMAGE: https://cdn.steemitimages.com/DQme9bDkoL294RCZzzsR69PcaDBGUYpU9PXuUNQSTyyceYx/1_G2WAemZCqwmJ8O1sIaknKA%20(1).png]
photo from Google

ဒီစာသင်နှစ်မှာတော့ ယခင်နှစ်များနှင့် မတူဘဲ သေချာလေး ပိုအားစိုက်လုပ်မည်ဟု တွေးထား၏။ စာသင်သက်တမ်း ကြာလာပြီ ဆိုပေမယ့် ကိုယ်ပိုင်သင်တန်းကိုတော့ မနှစ်ကမှ စပြီး ဖွင့်ဖြစ်သည်မလား။ မနှစ်က ကျနော့် သင်တန်း အောင်ချက်က သုညပြခဲ့ပေမယ့် ဒီနှစ်တော့ ထိုသို့ မဖြစ်အောင် သေချာလေး လုပ်ဆောင်ဖို့ လိုမည် ဖြစ်။ အောင်ချက် သုည ဖြစ်စရာ အကြောင်းလည်း မရှိတော့ပေ။ ဒီနှစ်တော့ အဆင်ပြေလောက်ပြီ ထင်၏။ မနှစ်ကထက် ကျနော် ပိုပြီး အားစိုက်ထား၏။ အစကောင်းမှ အနှောင်းသေချာ ဆိုသလိုပင် ဒီနှစ်မှာတော့ မနှစ်ကထက်ကို အစကတည်းက ပိုပြီး အားစိုက်၊ အားထည့်ထားလိုက်၏။

မိမိသင်တန်းနှင့် ပတ်သက်ပြီး သေချာလေး အားထည့် လုပ်မည့် အပြင် ထပ်မံ လုပ်ဆောင့်မည့် အရာကတော့ Forex trading နှင့် ပတ်သက်ပြီး လေ့လာဖို့ ဖြစ်၏။ trading ကို စိတ်ဝင်စားနေတာ ကြာပြီ ဖြစ်၏။ pro တယောက် အနေနှင့် ရပ်တည်ဖို့အထိတော့ မရည်ရွယ်ထားပေ။ ဒီအတိုင်း အသားတင် အပိုဝင်ငွေ တရပ်လေး အနေနှင့် ရရှိလိုခြင်းသာ ဖြစ်၏။ manual trade ထက် robot trade ကို ပိုပြီး သဘောကျ၏။ ကျနော်က emotion မထိန်းနိုင်သဖြင့် manual နှင့်ဆိုလျှင် သိပ်အဆင်မပြေလှဟု ထင်၏။ manual ပဲ ပြောပြော robot ပဲ ဆိုဆို ဘာကိုပဲ လုပ်လုပ် သေချာသင်ကြား လေ့ကျင့်ထားဖို့တော့ လိုသည် မဟုတ်လား။ မည်သို့ပင်ဆိုစေ ဒီနှစ်ထဲမှာတော့ အဆိုပါ trading ကို သေသေချာချာလေး လုပ်မည်ဟု တွေးထားပါ၏။

Don Jaun

MSC 31

TAGS: [ #myanmar ] [ #palnet ] [ #steem ] [ #life ]

Replies

@htwegyi | July 15, 2019, 2:07 a.m. | Votes: 0 | [ VOTE ]

အဆင်ပြေရင် လက်တို့အုံးဗျာ

@c-squared | July 16, 2019, 1:35 p.m. | Votes: 1 | [ VOTE ]

https://cdn.steemitimages.com/DQmaSUWYsJ3AMUEMRqCSaoKJVNvtsbKm4fNAtmTidr8Uggc/C%20Squared%20Logo%20Transparency%20200px.pngပိုစ့်ရွေးချယ်ပေးသူများ၏ @c-squared Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @c2-myanmar အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the @c-squared Curation Collective Discord community for curators, and upvoted and resteemed by the @c2-myanmar community account after manual review. @c-squared runs a community witness. Please consider using one of your witness votes on us here

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>