+-+-+ +-+ +-+-+-+-+
|G|O| |4| |H|I|V|E|
+-+-+ +-+ +-+-+-+-+

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

UCL Final

BY: @donjaun | CREATED: May 30, 2026, 1:37 a.m. | VOTES: 210 | PAYOUT: $0.54 | [ VOTE ]

[IMAGE: https://i.ecency.com/DQmR3nM7CzmJE7tmd8PQuDkrgjcM9yymzwrVaqu75BwwPay/1780105029224.jpg]

ယနေ့ကား UCL ဗိုလ်လုပွဲနေ့ ဖြစ်ချေ၏။ Hungary နိုင်ငံ Budapest မြို့ Puskás Aréna ကွင်းကြီးမှာ မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲတွင် Ligue 1 ချန်ပီယံ PSG နှင့် EPL ချန်ပီယံ Arsenal တို့ ယှဉ်ပြိုင် ကစား ကြမည် ဖြစ်၏။ နှစ်သင်းလုံးအတွက် သမိုင်းသစ် ဖြစ်လေ၏။ Arsenal အတွက် ပထမဆုံး UCL ဖလား ဖြစ်ပြီး PSG အတွက်က back to back ချန်ပီယံ အဖြစ် သမိုင်းသစ် ရေးထိုးနိုင်မှာ ဖြစ်၏။

EPL ချန်ပီယံ ဖြစ်ပြီးသည့်နောက် UCL က Arsenal နောက်ထပ် အရယူရမယ့် ဖလား ၁ လုံး ဖြစ်လေ၏။ EPL မှာ ငါတို့ ဒုတိယလူ မဟုတ်တော့ဟု သက်သေပြပြီးနောက် UCL မှာ သက်သေပြဖို့ ကျန်နေသေး၏။ ၂၀၀၅/၀၆ UCL ဖိုင်နယ်မှာ Barcelona ကို ၂-၁ ဖြင့် ရှုံးနိမ့်ပြီး ဒုတိယသာ ရခဲ့၏။ နှစ် ၂၀ ကြာပြီးနောက် UCL ဖိုင်နယ်သို့ နောက်တကြိမ် ပြန်လည်လို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

[IMAGE: https://i.ecency.com/DQmZbcFswN2MmWUG2dwbpDkR4PCZJCJkMCezwHPdC6LuL3k/1780105029177.jpg]

လန်ဒန် မြို့ခံ အသင်းတွေထဲမှာ European ဖလား ပြစရာ မရှိတာဆိုလို့ Arsenal သာ ကျန်သည် မဟုတ်လား။ ထိုအချက်ကို ချေဖျက် ပြနိုင်ဖို့ Arsenal အနေဖြင့် အစွမ်းကုန် ကြိုးစားမှာ အသေအချာပင်။ တစိတ်ရှိ စနောက်ခံနေရတာမျိူးကို သူတို့ မလိုလားတော့ပေ။ ကစားသမားတွေ အနေနဲ့ကော၊ ပရိတ်သတ်တွေ အနေနဲ့ကောပေါ့။

ကစားသမားတွေထက် နည်းပြ နှစ်ယောက် အားပြိုင်သည့်ပွဲဟု ပြောရင် ပို၍ မှန်မည်။ စပိန် လူမျိူး နည်းပြ ၂ ယောက်၏ ထိပ်တိုက် တွေ့ဆုံနေမှုက စိတ်ဝင်စားဖို့ ကောင်းနေခဲ့၏။ လက်ရှိ အခြေအနေမှာ ၂ သင်းလုံးကလည်း အကောင်းဆုံး ပုံစံမှာ ရှိနေ၏။ ပိုကောင်းသည့်အသင်းထက် အမှားနည်းသည့် အသင်းက အနိုင်ရယူသွားနိုင်၏။

၁ ကြိမ်ရပြီးသား PSG ထက် စာရင် ၁ ကြိမ်မှ မရသေးသည့် Arsenal အတွက် ဖလားရယူနိုင်ရေးက ပိုမယ် မထင်ပေ။ PSG အနေဖြင့်ကလည်း ချန်ပီယံဆုကို ကာကွယ်ကာ ၂ ကြိမ်ဆက် ချန်ပီယံ အဖြစ် မှတ်တမ်းတင်ဖို့ ကြိုးစားပေလိမ့်မည်။

(photos from UCL page)

TAGS: [ #HIVE-MYANMAR ] [ #myanmar ] [ #palnet ] [ #proofofbrain ] [ #creativecoin ] [ #neoxian ] [ #waiv ] [ #hivelist ] [ #sports ]

Replies

NO REPLIES FOUND.

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>