__________     __ __     __  _______    ________
  / ____/ __ \   / // /    / / / /  _/ |  / / ____/
 / / __/ / / /  / // /_   / /_/ // / | | / / __/
/ /_/ / /_/ /  /__  __/  / __  // /  | |/ / /___
\____/\____/     /_/    /_/ /_/___/  |___/_____/

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

For You

BY: @doubloo | CREATED: July 3, 2018, 4:53 p.m. | VOTES: 15 | PAYOUT: $0.00 | [ VOTE ]

မင်း အရမ်းအားငယ်​တဲ့အခါ
ကို့ကို သတိရ​ပေးပါ
မင်းအတွက်​ အား​ဆေးတစ်​ခွက်​ဖြစ်​ချင်​လို့ပါ

မင်း စိတ်​ညစ်​စရာ​တွေ ပြည့်​နှက်​​နေတဲ့အခါ
ငါ့ရင်​ခွင်​ကို အမှတ်​ရ​ပေးပါ
မင်း အတွက်​ ​နွေး​ထွေးလုံခြုံမှု​တွေ ဖန်​ဆင်း​ပေးချင်​လို့ပါ

မင်း အနမ်း​တွေ ခဏ​လောက်​ ​သော့ခတ်​ထား​ပေးပါ
ငါ့ပါးပြင်​က မင်းနဲ့​တွေ့တဲ့အချိန်​တိုင်း
မင်းစိတ်​ကြည်​နူးမှုရ​စေမယ့်​ အား​ဖြည့်​​ဆေး
ဖြစ်​​စေချင်​လို့ပါ

မင်း အရမ်းလွမ်း​နေတဲ့အခါ
ငါ တို့ဖြတ်​သန်းခဲ့ဖူးတဲ့ အမှတ်​တရ​လေး​တွေသတိရ​ပေးပါ
ငါ့ရဲ့ အ​ငွေ့အသက်​​တွေက မင်းရဲ့ အလွမ်း​တွေကို
ဖြေ​လျော့​ပေးနိုင်​တဲ့ ​ဖြေ​ဆေးဖြစ်​ချင်​လို့ပါ

မင်း မျက်​ရည်​ကျချင်​လာတဲ့အခါ
ကို့လက်​​တွေကို သတိရ​ပေးပါ
မင်းရဲ့ မျက်​ရည်​က ငါ့အတွက်​အဆိပ်​ဖြစ်​​ပေမယ့်
မင်းမျက်​ရည်​သုတ်​​ပေးတဲ့ လက်​​တွေကလည်း
ကိုတစ်​​ယောက်​တည်း ဖြစ်​ချင်​လို့ပါ

သူဆိုတာ
တကယ်​​တော့ ကိုယ့်​ရင်​ဘတ်​ထဲက
အစားထိုးမရတဲ့ အ​ဖော်​မွန်​​ကောင်းတစ်​​ယောက်​ပါပဲ

TAGS: [ #esteem ] [ #life ] [ #time ] [ #fresh ] [ #feel ]

Replies

@resteemator | July 4, 2018, 11 p.m. | Votes: 0 | [ VOTE ]

@resteemator is a new bot casting votes for its followers. Follow @resteemator and vote this comment to increase your chance to be voted in the future!

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>