___  ___    _ _    _  _ _____   _____
 / __|/ _ \  | | |  | || |_ _\ \ / / __|
| (_ | (_) | |_  _| | __ || | \ V /| _|
 \___|\___/    |_|  |_||_|___| \_/ |___|

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

Steemit User များထံသို့ အပိုင်း (၁)

BY: @dpakyaw | CREATED: June 19, 2018, 6:15 p.m. | VOTES: 41 | PAYOUT: $0.23 | [ VOTE ]

[IMAGE: https://cdn.steemitimages.com/DQmZ8EP4TXyAafVAfURKeAznnCKSGnhAAj63YyjJUNxraNr/IMG_0819.png]

မြန်မာနိုင်ငံက လူငယ်အများစု Steemit ကို စတင် အသုံးပြုနေကြပါပြီ။ သူတို့တွေ အတွက် အားသာချက်ကတော့ လူသစ်လေးတွေကို ကူညီပေးကြသည့် အဖွဲ့အစည်းတွေ ပေါ်ပေါက်လာခဲ့ကြပါတယ်။ Steemit ကို အရင်သုံးစွဲသူတွေကို အများကြီး မရုန်းကန်ကြရတော့ပါဘူး။ အစုအဖွဲ့တွေ နှင့် လက်တွဲခေါ်မည့် သူတွေလည်း အများအပြားပေါ်ပေါက်လာခဲ့ကြပါတယ် ( ကျွန်တော်တို့ စတင်အသုံးပြုတုံးက ဆိုလျှင် Post တစ်ခုရဲ့ တန်ဖိုး ဘဲဥ မကွဲတာက များပါတယ်)။ ခုမှ စတင်ဝင်ရောက်လာသူတွေကတော့ ငွေရ နည်းတာ/များတာ ဘဲကွာပါတယ် အားလုံးကတော့ ဘဲဥကွဲ ကြပါတယ်။

Steemit ဆိုတာ ပင်ကိုယ်အရည်အသွေးရှိကြသူတို့၏ နေရာဖြစ်သည့် အပြင် စိတ်ရှည်ကြသူတွေအတွက် အောင်မြင်မှု ပန်းတိုင်က မလွဲမသွေ ရှိနေပါတယ်။ လူငယ်အများစုက ခဏတာ( ကောက်ရိုးမီး) လိုပါဘဲ အစပိုင်းမှာ အားတက်သရော လုပ်ကိုင်ကြပင်မဲ့ တစ်လ/ နှစ်လ လောက်ကြာလျှင် အားလျော့အရှံးပေးချင်နေကြပါပြီ။

ဒီလိုဖြစ်တာသည် ကောင်းမွန်သည့် ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ Steemit သည့် အနည်းဆုံး တစ်နှစ်လောက် စိတ်ရှည်ရှည်ထားပြီး ကြိုးစားရသည့် ကိစ္စတစ်ခုဖြစ်ပါတယ်။

နောက်တစ်ချက်ကရှိပါသေးတယ်
ဒါကတော့ ရသမျှငွေကို ထုတ်ရောင်းနေတာပါ။ လူငယ်အများစုသည် ရသမျှငွေကို ထုတ်ရောင်းနေခြင်းဖြင့်အောင်မြင်မှုရရှိနိုင်မည်မဟုတ်ပါဘူး။ အကြံပြုချက်ကတော့ အစပိုင်းမှာ ရသမျှငွေကို 100% Power Up ဖို့ အကြံပေးချင်ပါတယ်။

Steemit သည် ပင်ကိုယ်အရည်အသွေးရှိသူအတွက် နေရာကောင်းတစ်ခုပါ။ စာရေးကောင်းသူတွေအတွက်/ ဓာတ်ပုံပညာရှင်တွေအတွက်/ အချက်အပြုတ် ဝါသနာရှင်တွေအတွက်/ ဘာသာပြန်သူတွေ စသည့် ပုဂ္ဂုလ် တွေအတွက် အလွန်အဆင်ပြေသည့် နေရာလေး တစ်ခုဖြစ်ပါတော့တယ်။

နောက်တစ်ချက်ပြောချင်ကတော့ Steem ဈေးကျတဲ့ အခါမှာ ငွေအရလည်းနည်းနေတက်ပါတယ်။ အားမငယ်ကြပါနဲ့ ကျွန်တော်တို့ လုပ်စရာရှိတာကို ဆက်လုပ်စေချင်ပါတယ်။

Steem မှာ လူဟောင်းတွေကို အားကျတာ ကောင်းပါတယ်။ သူတို့တွေ ဘယ်လို အခက်အခဲတွေကို ကျော်လွှားပြီး ဘယ်လို အောင်းမြင်မှုတွေရနေတယ်ဆိုတာ သတိထားကြည့်ပါ။ သူတို့လိုကြိုးစားပါ။ လုပ်စရာရှိတဲ့ အလုပ်ကို ပုံမှန်လေးလုပ်သွားပါလို့ အကြံပြုရင်း

ဒီပကျော်
Crypto Exchange Service
MSU No 001

TAGS: [ #myanmar ] [ #msu ] [ #esteem ] [ #life ] [ #guide ]

Replies

@bible.com | June 19, 2018, 6:16 p.m. | Votes: 0 | [ VOTE ]

Get a free Bible for your phone, tablet, and computer. bible.com

@moewaikamawet | June 20, 2018, 4:12 a.m. | Votes: 1 | [ VOTE ]

ကြိုးစားပါမည်

@dpakyaw | June 20, 2018, 7 a.m. | Votes: 1 | [ VOTE ]

Yes, Plz try More

@mgzayyar | June 20, 2018, 12:27 p.m. | Votes: 1 | [ VOTE ]

အမှန်ပဲ Bro ရေ အချိန်ကာလတစ်ခုကိုတော့ရင်းနှီးရတာပါပဲ

@dpakyaw | June 20, 2018, 3:50 p.m. | Votes: 1 | [ VOTE ]

Yes Bro, We will try together ;)

@aggamun | June 20, 2018, 4:18 p.m. | Votes: 1 | [ VOTE ]

အခုလို လမ်းညွှန်ချက်တွေ ဖော်ပြပါဦးဗျာ adminရေ နို့မို့ဆို စမ်းတဝါးဝါး နဲ့ အားမရှိဘူး

@dpakyaw | June 20, 2018, 4:27 p.m. | Votes: 1 | [ VOTE ]

ဟုတ်ကဲ့ပါခဗျ
အချိန်အခက်အခဲ တစ်ချို့ကြောင့် အလျှင်းသင့်သလို တင်ပေးသွားပါ့မယ်

@aungthurain | June 21, 2018, 2:29 a.m. | Votes: 0 | [ VOTE ]

right bro

@dpakyaw | June 21, 2018, 4:10 a.m. | Votes: 0 | [ VOTE ]

yes bro

@komgthet | June 21, 2018, 4:47 p.m. | Votes: 0 | [ VOTE ]

Nice

@dpakyaw | June 22, 2018, 4:49 a.m. | Votes: 0 | [ VOTE ]

Thank you bro

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>