___|  _ \   |  |    |   |_ _|\ \     / ____|
 |     |   |  |  |    |   |  |  \ \   /  __|
 |   | |   | ___ __|  ___ |  |   \ \ /   |
\____|\___/     _|   _|  _|___|   \_/   _____| 

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

အခက်အခဲ

BY: @eieikhing | CREATED: Jan. 25, 2025, 3:56 a.m. | VOTES: 13 | PAYOUT: $0.51 | [ VOTE ]

ဒီနှစ်ရန်ကုန်ဆောင်းသည်ဆောင်းပီသလှသည်။စိမ့်နေအောင်အေးသည်။နေ့ခင်းနေ့လည်အိမ်ထဲနေရင်းပင်အနွေးထည်ဝတ်နေ
ရသည်။
ဆောင်းနှင့်အတူဆိုးရွားလာသည့် လျှပ်စစ်မီးအခြေအနေကြောင့် နေ့တဓူဝ လူမှုကိစ္စများလုပ်ကိုင်ဆောင်ရွက်ရသည်
လည်းမလွယ်လှပေ။
မြှင့်တက်လာသော ကုန်စျေးနှုန်းနှင့်ဝင်ငွေ ထွက်ငွေမလောက်သည့် ပြဿနာသည်လည်း အခြေခံလူတန်းစားနှင့် လူလတ်တန်းစားများတွေ့ကြုံနေရသည့် ပြဿနာ
ပင်ဖြစ်သည်။
တနေ့တနေ့ချွေတာလွန်းရသဖြင့် မိမိတို့၏ စိတ်သည်လည်းအလွန်ကျဥ်းကြပ်လှသည်။စျေးတခါသွားလျှင် သွေးတက်ရသည်မှာလည်းအခါခါပင်ဖြစ်သည်။
သို့ပေမယ့်လည်း အဆင်မပြေသည်ကို ထိုင်တွေးသော်လည်းဘဝကမည်သို့မျှထူး
လာမည်မဟုတ်ပေ။
ဖြစ်လာသမျှကိုအဆင်ပြေသလိုရင်ဆိုင်ရမည်ဟုစိတ်ကိုပိုင်းဖြတ်နေရပေသည်။သို့သော်လည်း မိမိစိတ်ကပျော်ရွှင်မှုမရှိသည်မှာအမှန်ပင်ဖြစ်သည်။

TAGS: [ #HIVE-MYANMAR ]

Replies

NO REPLIES FOUND.

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>