__________     __ __     __  _______    ________
  / ____/ __ \   / // /    / / / /  _/ |  / / ____/
 / / __/ / / /  / // /_   / /_/ // / | | / / __/
/ /_/ / /_/ /  /__  __/  / __  // /  | |/ / /___
\____/\____/     /_/    /_/ /_/___/  |___/_____/

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

ကိုယ်အလေးချိန်

BY: @eieikhing | CREATED: Jan. 21, 2025, 10:43 p.m. | VOTES: 12 | PAYOUT: $0.52 | [ VOTE ]

ပေါင်ချိန်စက်ပေါ်တက်၍ မိမိကိုယ်အလေးချိန်ကို ကြည့်၍ ကျေနပ်စွာပြုံးမိသည်။မိမိ၏ကိုယ်အလေးချိန်သည် လွန်ခဲ့သော၁နှစ်လောက်က ပေါင်၁၈၀နီး
ပါးထိ တက်ခဲ့သည်။
အကျိုးဆက်မှာဒူးတွေနာပြီးရောဂါထူ​လာခဲ့သည်။ထို့ကြောင့် တတ်နိုင်သမျှ ဝိတ်ချမည်ဟုဆုံးဖြတ်ကာ အစားအသောက်ကို
ဆင်ခြင်ခဲ့သည်။
ထမင်းပမာဏကို မည်မျှပင်စားကောင်းစေကာမူ စိတ်ချုပ်တည်း၍ တစ်ပန်းကန်ပဲ
စားခဲ့သည်။ အရွက်ကြော်အရည်ဟင်းများ
များစားခဲ့သည်။
အထူးတလည်အငတ်ခံ၍ ဝိတ်ချခြင်းမဟုတ်သော်လည်း လကြာလာသောအခါ၌ ကိုယ်အလေးချိန်လျော့ပါးလာခဲ့သည်။
ညစာအားစောစောစား၍ ညနေ၆နာရီနောက်ပိုင်း တတ်နိုင်သမျှဘာမှစားပဲနေခဲ့
သည်။ပေါင်၁၈၀လောက် ဝစဥ်အခါက
အဝတ်အစားကြပ်သည့် ဒုက္ခမှာ မသက်သာလှပေ။
ယခုအချိန်၌ ပေါင်၁၄၀လောက်ပဲရှိသည့်
ကိုယ်အလေးချိန်ကြောင့်မိမိ၌ရှိသည့် မည်သည့်အဝတ်အစားမဆို ပြန်ဝတ်၍ရလာခဲ့သည်။
စိတ်သည်လည်းပေါ့ပါးလွတ်လပ်နေသလို
ခံစားရသည်။လှေကားအတက်အဆင်းလုပ်ရာ၌လည်းအဆင်ပြေလာခဲ့သည်။ထို့ကြောင့်နောက်ထပ်ကိုယ်အလေးချိန်အနည်းငယ်လျော့ပါးအောင်ကြိုးစားပြီး
ထပ်မဝအောင်နေမည်ဟု စိတ်ထဲ၌ မှတ်ယူ၍ ကျေနပ်နေပါတော့သည်။

TAGS: [ #HIVE-MYANMAR ]

Replies

@suhlaing | Jan. 22, 2025, 12:19 p.m. | Votes: 1 | [ VOTE ]

ကျွန်မက အရပ်ပုတော့ ၁၂၅ပေါင်ကို အရမ်းဝနေသလိုပဲ! PGM

@eieikhing | Jan. 23, 2025, 1:28 a.m. | Votes: 0 | [ VOTE ]

ကာဗွန်ဟိုက်ဒရိတ်လျော့စားရင်ကျတာပါပဲ

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>