__________     __ __     __  _______    ________
  / ____/ __ \   / // /    / / / /  _/ |  / / ____/
 / / __/ / / /  / // /_   / /_/ // / | | / / __/
/ /_/ / /_/ /  /__  __/  / __  // /  | |/ / /___
\____/\____/     /_/    /_/ /_/___/  |___/_____/

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

"အမေ့ရဲ့ အပြုံး"

BY: @henryba | CREATED: Feb. 13, 2018, 6:33 a.m. | VOTES: 45 | PAYOUT: $2.88 | [ VOTE ]

Steemit မှ သူငယ်ချင်းအားလုံးမင်္ဂလာပါခင်ဗျာ

ကျွန်တော် ဘွဲ့ယူနေတာရယ် ကျွန်တော့်မွေးရပ်မြေနဲ့အလှမ်း
ကွာဝေးတဲ့ ကျွန်တော်တို့ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို အလုပ်
သင် အင်ဂျင်နီယာအဖြစ်သွားနေရတဲ့အတွက်ကြောင့် ခရီးပန်း
လူပန်းဖြစ်တာမို့လို့ Promotion မတင်နိုင်တာ လေးပတ်
တောင်ရှိသွားပါပြီ ။အခုတော့ ကျွန်တော် စာတွေပြန်ရေးပါတော့မယ် ။

[IMAGE: https://steemitimages.com/DQmXv1eDiCPiwaibi4E8y2mBi62bg5cM8Dv6brRgEbdh36f/Photo%20Blur_Feb042018_154159.jpg]

ဝမ်းတွင်းတည်ကတည်းက သားလေးလား သမီးလေးလား
မသိခင်တည်းက ကြီးမားတဲ့မေတ္တာ ခိုင်မာတဲ့အချစ်တို့နဲ့ချစ်ခဲ့တဲ့ အမေ ။ ကျွန်တော် လူ့ဘဝလူ့လောက တည်းကိုရောက်ရှိလာဖို့
သူ့ရဲ့ အသက်နဲ့တောင် ရင်းပြီး မွေးဖွားသန့်စင်ခဲ့တဲ့ အမေ ။
မွေးကာစကလေးဘဝကနေ အီးပါချရင်လည်း မရွံမရှာ
ထမင်စားနေရင်းနဲ့တောင် ငါ့သားဘေးအီးအီးပါချတယ်ဆိုပြီး
အပြုံးမပျက် ပြုစုစောင့်ရှောက့်ပေးခဲ့တယ် ။ တစ်ချို့တွေဆိုရင်
အိမ်ထောင်မကျခင် အပျို လူပျိုဘဝတုန်းက အစားတစ်ခုခု
စားနေရင်း မနှစ်မြို့ဖွယ်တစ်ခုခု ပြောတာ မြင်တာနဲ့တောင်
ထမင်းမစားကြတော့ပါဘူး ။ ဒါပေမယ့်လည်း မိခင် ဖခင်
နေရာရောက်လာတဲ့အခါမှာတော့ အဲ့ဒီလို အကျင့်တွေနဲ့
ဆန့်ကျင်ဘက်ကို ရောက်ရှိသွားပါတယ် ။ ကိုယ့်သားသမီး
လေးတွေ အတွက် ကြီးမားလွန်းတဲ့ မေတ္တကြောင့် နီရဲနေတဲ့
သွေးတွေက အဖြူရောင် အဖြစ်သို့ပြောင်းသွားပါတယ် ။

[IMAGE: https://steemitimages.com/DQmcynh8PxzasxkUkWLJErUnw77uEJmt28y5rBQQyfBD39D/Photo%20Blur_Feb042018_113914.jpg]

သားသမီးလေးတွေ တစ်နှစ်ကျော် နှစ်နှစ်
ရောက်လာတဲ့အခါမှာလည်း တီတီတာတာ လေးနဲ့ စကားသင်
ပေးတယ် ။ သားသမီးလေးတွေပြောသလို မပီကလာ ပီကလာ
လေးနဲ့ ပီတိအပြုံးတွေ ဝေပြီး စကားတွေသင်ပေးခဲ့တယ် ။ သူတို့ရဲ့သားသီးလေးတွေကို သူများသားသမီးတွေထက် ကိုယ့်ရဲ့
သားသမီးလေးတွေကို မျက်နှာမငယ်ရအောင် ဖြည့်ဆည်း
ပေးကြပါတယ် ။ ကျောင်းတက်တဲ့အရွယ်ရောက်လာတော့လည်း အဖေနဲ့အမေက တစ်ယောက်တစ်လှည့် ကျောင်းကြို
ကျောင်းပို့ ရင်း ဖေဖေကကျွန်တော့်လွယ်အိတ်ကလေးကို
လည်ပင်းမှာလွယ် ကျွန်တော်က ဖေဖေ့ရဲ့ ဂုတ်ပေါ်မှာ
စီးလိုက်ပြီး ကျောင်းတက်ခဲ့တာလေးတွေကို အခုထိ ပြန်ပြီး
မြင်ယောင်နေဆဲပါ ။

            ကျွန်တော် ဆယ်တန်းကို ဂုဏ်ထူးတွေနဲ့အောင်

တဲ့နေ့မှာ အမေ့ရဲ့ ပီတိအပြုံးတွေဝေဆာပွင့်လန်းနေတဲ့
မျက်နှာကို မြင်တွေ့ခဲ့ရပါတယ် ။ အမှတ်စာရင်းတွေ ထက်
လာတော့ တက္ကသိုလ် လမ်းညွှန် ကိုဖတ်ရင်း အမေ
ကျွန်တော် ဘယ်တက္ကသိုလ်တက်ရမလဲ မေးတော့ ကျွန်တော် ဝါသနာပါရာကိုပဲတက်ဖို့ အားပေးခဲ့ပါတယ် ။ ငယ်ငယ်တည်းက
နေ အမေနဲ့မခွဲဖူးတဲ့ ကျွန်တော် ရော ကျွန်နော်နဲ့မခွဲဖူးတဲ့
အမေပါ နှစ်ယောက်စလုံး မျက်ရည်တွေနဲ့ ဝမ်းနည်းနေခဲ့တယ် ။
ကျွန်တော့်စိတ်ထဲမှာပြောနေတာကတော့ " သားအတွက်
မျက်ရည်မကျပါနဲ့အမေ သားကအမေ့ရဲ့သားလိမ္မာတစ်
ယောက်ပဲဖြစ်ချင်ပါတယ် ၊ အမေ့ကိုမျက်ရည်ကျ စေတဲ့သား
တစ်ယောက်မဖြစ်ချင်ပါဘူးအမေ ။ " အဲ့ဒီစကားကို ကျွန်တော့်
အမေ့ကိုပြောမထွက်ရက်ခဲ့ပါဘူး ။ဒါပေမယ့် အမေ့ကို
ကျွန်နော် ကန်တော့ပြီး ကတိတစ်ခုပေးခဲ့ပါတယ် ။
" အမေ သားစာကိုကြိုးစားပြီ တစ်နှစ်တစ်တန်းအောင်
အောင်ကြိုးစားပါမယ် အမေဖြစ်စေချင်တဲ့ ပညာတတ်ဘွဲ့ရ
တစ်ယောက် ဖြစ်အောင်ကြိုးစားခဲ့ပါမယ်အမေ " မျက်ရည်
တွေနဲ့အမေ့ရဲ့ မျက်နှာဟာ ကျွန်တော်နဲ့မခွဲဖူးလို့သာ
ငိုနေပေမယ့် သားသမီး ဘဝတိုးတက်ဖို့အရေးမို့ ဝမ်းသာပီ
တိဖြစ်နေမှာတော့အမှန်ပါ ။တက္ကသိုလ်တက်နေစဉ်
အခိုက်အတန့် အချိန်အတွင်းမှာလဲ လိုလေသေးမရှိ ထောက်ပံ့ခဲ့ပါတယ် ။

                  ကျွန်တော့်ရဲ့အမေဟာ ငယ်ငယ်တုန်းက ပညာ

ကို ဆုံးခန်းတိုင်အောင် မသင်ကြားခဲ့ရပေမယ့်ကျွန်တော့်ကို
တော့ ပညာတတ်တစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်နိုင်
ခဲ့ပါတယ် ။ မေမေမွေးဖွားပြီး ကျွန်တော့်ရဲ့အဘွါးကမီးတွင်း
ထဲမှာပဲ ဆုံးသွားခဲ့တယ် ၊ ကျွန်တော့်ရဲ့ အဖိုးကလည်း
နောက်အိမ်ထောင်ပြုသွားခဲ့ပါတယ် ။ ဦးလေးတွေရဲ့
လက်ပေါ်မှာ ကြီးပြင်းခဲ့ရပြီး မိဘမေတ္တာ မရရှိပဲ
ငတ်မွတ်ခဲ့ရတယ် ။ ဒါပေမယ့် အမေ ဟာသူကိုယ်တိုင်
မိဘနေရာကို ရောက်ရှိလာတဲ့အခါမှာတော့ ကျွန်တော်တို့ကို
မိဘမေတ္တာ အပြည့်အဝပေးခဲ့ပြီး
လိုလေသေးမရှိ ဖြည့်ဆည်းပေးခဲ့ပါတယ် ။ ကျွန်တော်
တစ်နှစ်တစ်တနပုံမှန်အောင်ခဲ့ပြီး ဘွဲ့ယူတဲ့နေ့ကိုရောက်ရှိ
လို့လာခဲ့ပါတယ် ။ Rehearsal နေ့မှာ သူများတွေကို
ကိုယ်ပိုင်ကားတွေနဲ့ မလာနိုင်ပေမယ့် အမေနဲ့အတူတူ
ခန်းမထဲကို သွားနေရတာကို ဝမ်းသာဂုဏ်ယူမိပါတယ် ။
ဘွဲ့ယူတဲ့နေ့မှာလည်း အမေ့ရဲ့မျက်နှာဟာ အလွန် ဝမ်းသာ
ပြုံးရွှင်နေပါတယ် ။

ဘွဲ့ယူတဲ့နေ့ဟာ ကျောင်းတက်ခဲ့တဲ့အချိန်ကာ
လတစ်လျှောက်လုံး ညီအကိုလိုပေါင်းလာခဲ့တဲ့ သူငယ်ချင်း
တွေရဲ့ နောက်ဆုံးအကြိမ်အဖြစ် အားလုံးစုပေါင်းပြီးဆုံတွေ့ရတဲ့ နေ့လေးလည်းဖြစ်ပါတယ် ။ နောက်တစ်ချိန်ပြန်တွေ့ကြမယ်
ဆိုရင်တောင် ကိုယ်ပိုင်စီးပွားရေးတွေ အိမ်ထောင်ရေး
ကိစ္စ တွေနဲ့ အရင်လောက် လွပ်လပ်တဲ့ဘဝ မဟုတိတော့ပါ
ဘူး ။ သူငယ်ချင်းတွေနဲ့ ခွဲရလို့ ဝမ်းနည်းရပေမယ့်
အဲ့ဒီနေ့မှာ သားအတွက်ဂုဏ်ယူနေတဲ့ အအေ့ရဲ့ ပီတိအပြုံး
တွေဝေဆာဖူးပွင့်နေတဲ့မျက်နှာကိုမြင်တွေ့ခဲ့ရတဲ့ အတွက်
ကြာင့် ကျွန်တော် အလွန်ဝမ်းသာခဲ့ရပါတယ် ။

[IMAGE: https://steemitimages.com/DQmXG3ppC5DduD1pucSwFdBKQKfNqJ2VBLDiESGELCD2se3/Photo%20Blur_Feb042018_154714.jpg]

မြင့်မိုရ်တောင်ဦး မကကြူးတဲ့အမေ့ရဲ့ကျေးဇူးဂုဏ်ကို
သိတတ်နားလည်ပြီး ကျေးဇူးဆပ်နိုင်အောင်ကြိုးစား
နေတဲ့

အဝေးတစ်နေရာမှကျွန်နော်..........

ဆက်လက်ကြိုးစားရေးသားပါအုံးမည်

@henryba

MSC 056

13 / 2 / 2018

TAGS: [ #myanmar ] [ #story ] [ #of ] [ #my ] [ #mom ]

Replies

@zarzish | Feb. 13, 2018, 6:36 a.m. | Votes: 0 | [ VOTE ]

nice post

@henryba | Feb. 13, 2018, 8:38 a.m. | Votes: 0 | [ VOTE ]

Thanks bro 😊

@gunapeya | Feb. 13, 2018, 7:11 a.m. | Votes: 0 | [ VOTE ]

အောင်မြင်သော လမ်းကြောင်းကို လျှောက်လှမ်းပြီး မိဘကို ကျေးဇူးဆပ်နိုင်ပါစေဗျာ

@henryba | Feb. 13, 2018, 8:42 a.m. | Votes: 0 | [ VOTE ]

ကျေးဇူးအကို ။

@billionairehein | Feb. 13, 2018, 7:48 a.m. | Votes: 0 | [ VOTE ]

ကိုယ်တုန်းကတော့ တစ်ဦးတည်း ဘွဲ့ယူခဲ့ရတာ
ဒါနဲ့ စကားမစပ် စာလုံးရေ နည်းတယ်နော်

@henryba | Feb. 13, 2018, 8:40 a.m. | Votes: 0 | [ VOTE ]

1200 ကျော်ပါဗျ နည်းသေးရင်လည်း ထပ်ဖြည့်ရမှာပေါ့ 😎
ဝေဖန်ပေးတာ ကျေးဇူး 😊

@thantzinoo96 | Feb. 13, 2018, 8:29 a.m. | Votes: 0 | [ VOTE ]

ကျနော်တို့ ဘွဲ့ယူတုန်းက အချိန်လေးကို ပြန်ပီးတော့တောင် သတိရသွားတယ်ဗျာ

@henryba | Feb. 13, 2018, 8:43 a.m. | Votes: 0 | [ VOTE ]

ဟုတ်ကဲ့ပါအကို 😊

@konyi | Feb. 13, 2018, 11:23 a.m. | Votes: 0 | [ VOTE ]

ဟုတ်ကဲ့ပါခင်ဗျာ ကျွန်တော်နဲ့ စိတ်ဓာတ်တွေတူညီနေသောကြောင်းဝမ်းသာမိပါတယ် မိဘကျေးဇူးကို ဆပ်နိုင်ပါစေခင်ဗျာ

@henryba | Feb. 13, 2018, 7 p.m. | Votes: 0 | [ VOTE ]

ဟုတ်ကဲ့ ကျေးဇူး ကိုညီ

@khayae | Feb. 13, 2018, 2:53 p.m. | Votes: 0 | [ VOTE ]

အောင်မြင်မှုတွေနဲ့အတူ မိဘတွေကို ကျေးဇူးဆပ်နိုင်ပါစေဗျား

@henryba | Feb. 14, 2018, 2:34 a.m. | Votes: 0 | [ VOTE ]

ကျေးဇူးပါအစ်ကို။

@arkarsoe | Feb. 13, 2018, 3:44 p.m. | Votes: 0 | [ VOTE ]

ကျွန်​​တော်​က​တော့ဘွဲ့ဆိုတာသူများ​တွေချိတ်​ထားတဲ့ပုံကိုမြင်​ဖူးလို့သာဘွဲ့ဆိုတာဒါပါလားလို့သိခွင့်​ရခဲ့သူတစ်​​ယောက်​ပါဗျာဒါ​ပေမဲ့ကျွန်​​တော်​ရဲ့အ​မေကို​တော့ရို​သေး​လေးစားလျှက်​ချစ်​ခင်​လျှက်​ပါပဲဗျာအ​မေ့ဂုဏ်​အင်​​တွေကို​ရေးသာမူ့အတွက်​​လေးစားလျှက်​ပါအစ်​ကို​ရေ

@henryba | Feb. 14, 2018, 2:35 a.m. | Votes: 0 | [ VOTE ]

ဟုတ်ကဲ့ပါ အစ်ကို ကျေးဇူးဗျာ။😊

@saipanpha | Feb. 13, 2018, 4:03 p.m. | Votes: 0 | [ VOTE ]

အောင်မြင်မှာပါဘဒို ကြိုးစားပါ ဖိုက်တင်း

@henryba | Feb. 14, 2018, 2:35 a.m. | Votes: 0 | [ VOTE ]

ကျေးဇူးအကိုရေ ။😊

@rocketgyi | Feb. 13, 2018, 6:24 p.m. | Votes: 0 | [ VOTE ]

မိဘကျေးဇူးသိတတ်တဲ့သားဟာ မုချအောင်မြင်မှာပါ

@henryba | Feb. 14, 2018, 2:36 a.m. | Votes: 0 | [ VOTE ]

ပေးတဲ့ဆုနဲ့  ပြည့်ရပါလို ၏ ဗျာ 😊။

@thantzinwin | Feb. 13, 2018, 11:43 p.m. | Votes: 0 | [ VOTE ]

ရိုးသားကြိုးစားပြီးမိဘ​ကျေးဇူးသိတတ်​တဲ့သားသမီးဟာမုချကို​အောင်​မြင်​မှာပါအစ်​ကို​ရေ

@henryba | Feb. 14, 2018, 2:37 a.m. | Votes: 0 | [ VOTE ]

ကြိုးစားဆဲပါ အစ်ကို ရေ ။ပေးတဲ့ဆုလည်း ပြည့်ရပါလို၏ 😊

@minthwayko | Feb. 14, 2018, 3:06 a.m. | Votes: 0 | [ VOTE ]

အောင်မြင်ပါစေအစ်ကိုရေ

@henryba | Feb. 14, 2018, 10:31 a.m. | Votes: 0 | [ VOTE ]

ကျေးဇူးBro 😊

@naythuya | Feb. 14, 2018, 4:55 a.m. | Votes: 0 | [ VOTE ]

Fighting 😉

@henryba | Feb. 14, 2018, 10:32 a.m. | Votes: 0 | [ VOTE ]

Thanks bro .

@soethakhin | Feb. 14, 2018, 6:25 a.m. | Votes: 0 | [ VOTE ]

ရှေ့ဆက်လှမ်းမဲ့ခြေလှမ်းတိုင်းအတွက် အစ်ကို့အမေအမြဲပြုံးပျော်နေနိုင်ပါစေဗျာ

@henryba | Feb. 14, 2018, 1:20 p.m. | Votes: 0 | [ VOTE ]

ပေးတဲ့ဆု နဲ့ ပြည့် အောင်ကြိုးစားနေပါတယ် အစ်ကိုရေ ။
ကျေးဇူး အကို။

@caesarsupaimin | Feb. 14, 2018, 7:16 a.m. | Votes: 0 | [ VOTE ]

Parent love is more important

@henryba | Feb. 14, 2018, 1:30 p.m. | Votes: 0 | [ VOTE ]

She love with true love ,that is`t compete which love of other.

@tharpauk | Feb. 14, 2018, 8:21 a.m. | Votes: 0 | [ VOTE ]

သားလိမ္မာတွေ အောင်မြင်ပါစေဗျာ

@henryba | Feb. 14, 2018, 2:33 p.m. | Votes: 0 | [ VOTE ]

ကျေးဇူး ကွီး။😊

@henryba | Feb. 14, 2018, 2:36 p.m. | Votes: 0 | [ VOTE ]

ကျေးဇူး ကွီး။😊

@myanmarkoko | Feb. 14, 2018, 9:38 a.m. | Votes: 0 | [ VOTE ]

fighting..

@henryba | Feb. 15, 2018, 1:32 a.m. | Votes: 0 | [ VOTE ]

Thanks bro😊

@komoezaw | Feb. 14, 2018, 10:40 a.m. | Votes: 0 | [ VOTE ]

စာပြန်ရေးပါညီရေ
မိဘစကားနားထောင်တာဟာလည်း
မိဘကိုကျေးဇူးဆပ်ခြင်းတစ်မျိုးပါပဲ
.
အခုပုံထဲက ညီရဲ့မေမေလား

@henryba | Feb. 14, 2018, 1:19 p.m. | Votes: 0 | [ VOTE ]

ဟုတ် ပါတယ် အကို ။😊

@kolinn | Feb. 14, 2018, 12:21 p.m. | Votes: 0 | [ VOTE ]

မိဘကျေးဇူးသိတတ်တဲ့ညီငယ် ဘဝမှာ အောင်မြင်ပါစေဗျာ

@henryba | Feb. 15, 2018, 1:34 a.m. | Votes: 0 | [ VOTE ]

ပေးတဲ့ ဆုနဲ့ ပြည့်အောင်ကြိုးစားနပါတယ် အစ်ကိုရေ ။

@thettinaung | Feb. 14, 2018, 4:38 p.m. | Votes: 0 | [ VOTE ]

အစစအရာရာ အဆင်ပြေအောင်မြင်ပါစေ Bro

@henryba | Feb. 15, 2018, 1:35 a.m. | Votes: 0 | [ VOTE ]

ဟုတ်ကဲ့ ကျေးဇူးပါအကို 😊။

@nyinyiwin | Feb. 14, 2018, 7:02 p.m. | Votes: 0 | [ VOTE ]

သားလိမ္မာလေး အောင်မြင်ပါစေ။

@henryba | Feb. 15, 2018, 1:36 a.m. | Votes: 0 | [ VOTE ]

ကျေးဇူးတင်ပါတယ် အကို။

@htinyarsai | Feb. 15, 2018, 1:17 a.m. | Votes: 0 | [ VOTE ]

မိဘကျေးဇူး ကြီးမားလှပါတယ်

@henryba | Feb. 15, 2018, 1:36 a.m. | Votes: 0 | [ VOTE ]

ဟုတ်ပါတယ်အကိုရေ ။😊

@htetwaihin | Feb. 15, 2018, 12:38 p.m. | Votes: 0 | [ VOTE ]

မိဘကျေးဇူးသိတတ်တဲ့သူဟာ အောင်မြင်မှာပါဗျာ...
အားပေးနေပါတယ်..bro

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>