___  ___    _ _    _  _ _____   _____
 / __|/ _ \  | | |  | || |_ _\ \ / / __|
| (_ | (_) | |_  _| | __ || | \ V /| _|
 \___|\___/    |_|  |_||_|___| \_/ |___|

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

Screen secure

BY: @herrysmit | CREATED: July 3, 2018, 5 p.m. | VOTES: 12 | PAYOUT: $0.00 | [ VOTE ]

သင်ခံစားနေရပါသလား...?
ဘယ်သူ့ကိုမှ ရင်မဖွင့်နဲ့
ခံစားရသမျှကို စာရွက်လေးပေါ်မှာ
ချရေးပစ်လိုက်ပါ စိတ်ထွက်ပေါက်တစ်ခု
ရသွားပါလိမ့်မယ်။

ခံစားချက်များကို စာရွက်လေးအပေါ်
ချရေးလိုက်ခြင်းက ကိုယ်ရင်ဖွင့်ပြောမယ့်
သူငယ်ချင်းပါးစပ်ထက် ပိုလုံခြုံစိတ်ချရပါလိမ့်မယ်။

ခံစားချက်များကို ကိုယ့်သူငယ်ချင်းတွေဆီ
ရင်ဖွင့်ပြောပြခြင်းက အနာကို သက်သာအောင်
ဖြေသိမ့်ပေးရင်တော့ ကောင်းတာပေါ့။

တကယ်လို့ အနာ မသက်သာတဲ့အပြင်
ကိုယ့်စိတ်ခံစားမှူတွေကို ဟာသတစ်ခုအနေနဲ့
ကိုယ့်ဂုဏ်သိက္ခာကို ပြာကျအောင် မီးရို့ခဲ့မယ်ဆိုရင်
ရင်ထဲက နာကျင်မှူက အဆပေါင်းများစွာ အက်ဆစ်နဲ့
ပက်ခံရသလို တဆတ်ဆတ် နာကျင်နေရတတ်ပါတယ်။

လောကမှာ......ကိုယ့်ခံစားမှူတွေကို
နားလည်ခံစားပေးတတ်တဲ့
နား တစ်စုံ ၊ ကြင်နာတတ်တဲ့
နှလုံးသားတစ်စုံရှိမယ်ဆိုရင်တော့
ကံကောင်းတယ်လို့ ပြောလို့ရပါတယ်။

ဖြစ်နိုင်မယ်ဆိုရင် အခြားသူကို ပြောပြခြင်းထက်
စာရွက်ပေါ်မှာ ချရေးခြင်းက
လုံခြုံမှူ အရှိဆုံးဖြစ်မယ်လို့ထင်ပါတယ်
ဘာလို့လဲဆိုတော့ စာပေက သင့် ကိုတစ်သက်လုံး
သစ္စာမဖောက်တဲ့ ထာဝရ မိတ်ဆွေပါ။

TAGS: [ #esteem ] [ #lifetime ] [ #sure ]

Replies

NO REPLIES FOUND.

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>