____  ___    _  _     _   _ _____     _______
 / ___|/ _ \  | || |   | | | |_ _\ \   / / ____|
| |  _| | | | | || |_  | |_| || | \ \ / /|  _|
| |_| | |_| | |__   _| |  _  || |  \ V / | |___
 \____|\___/     |_|   |_| |_|___|  \_/  |_____|

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

စိတ်ရှည်ပါ

BY: @herrysmit | CREATED: June 16, 2018, 4:25 a.m. | VOTES: 11 | PAYOUT: $0.00 | [ VOTE ]

ဖစ်ချင်တဲ့ ဆန္ဒတွေ ဖြစ်မလာသေးတဲ့အခါ
စိတ်လောပီး ဇွတ်မလုပ်လိုက်ပါနဲ့
တစ်ချို့သောကိစ္စတွေက ကိုယ်ဘယ်လိုပဲ ကြိုးစားကြိုးစား
ဖြစ်ချိန်မတန်ရင် ဖြစ်မလာတတ်သေးပါဘူး
စိတ်ရှည်ပါ။

ကိုယ်အရမ်းချစ်ရသူရဲ့ အားနည်းချက်တစ်ချို့ကို
ပြုပြင်ပြောင်းလဲဖို့ မလောလိုက်ပါနဲ့
ပြုပြင်မှူဆိုတာ သက်မဲ့ပစ္စည်းတွေကို ကိုယ်လိုသလို
ပုံသွင်းလို့ရတတ်ပေမယ့် သက်ရှိတွေကိုတော့
သူတို့ပြောင်းလဲချင်စိတ်ရှိလာအောင် အသိတရားနှင့် အချိန်ပေးရပါတယ်
စိတ်ရှည်ပါ။

ကိုယ့်အပေါ် တမင်ရည်ရွယ်ပီး ထိခိုက်အောင်လုပ်သွားသူကို
ချက်ချင်းတုန့်ပြန်ဖို့ မကြိုးစားလိုက်ပါနဲ့
ဘာ့ကြောင့် ထိခိုက်အောင်လုပ်သွားတာလဲဆိုတဲ့ အကြောင်းအရင်းကို
ရှာပီး ခွင့်လွှတ်သင့်ရင် ခွင့်လွှတ်လိုက်ပါ
ခွင့်လွှတ်ခြင်းဆိုတာ လူတစ်ချို့နဲ့ မတန်ဘူးဆိုပေမယ့်
ကိုယ့်အတွက်တော့ အေးချမ်းမှူကို ရစေတယ်
စိတ်ရှည်ပါ။

အခက်အခဲတွေကြုံတိုင်း စိတ်မြန်စွာ မဖြေရှင်းလိုက်ပါနဲ့
တစ်ချို့သော အခက်အခဲတွေက ခုရှင်းမှ အဆင်ပြေတတ်ပေမယ့်
တစ်ချို့သော စိန်ခေါ်မှုတွေက ကိုယ့်ရဲ့ သည်းခံစိတ်ရှည်တဲ့ သက်လုံကို
စမ်းသပ်မှူတွေ ပါနေပါတယ်
စိတ်ရှည်ပါ။

စိတ်ရှည်ခြင်းဆိုတာ
အမှားနည်းစေသလို အလုပ်ပီးမြောက်အောင်မြင်ခြင်းရဲ့လျှို့ဝှက်ချက်ပါ
စိတ်ရှိလက်ရှိလုပ်လိုက်မိလို့ ကိုယ့်ကြောင့်အခြားသူ နာကျင်ရကာ
ရလာတတ်တဲ့ နောင်တတွေကို ကာကွယ်ပေးပီး
ဆုံးဖြတ်ချက်တိုင်းကို စေ့စပ်လုံခြုံအမှားနည်းစေတယ်။

စိတ်ရှည်ခြင်းဆိုတာ
ရင့်ကျက်ခြင်းရဲ့ သင်္ကေတဖြစ်ပီး တည်ငြိမ်မှူကိုရလာစေကာ
အောင်မြင်မှူတွေရဖို့ အကောင်းဆုံးဗျူ ဟာတစ်ခုလို့ ပြောလို့ရပါတယ်။

TAGS: [ #esteem ] [ #good-karma ] [ #freeze ] [ #mine ]

Replies

@minpine | June 16, 2018, 4:29 a.m. | Votes: 0 | [ VOTE ]

Good habit

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>