___|  _ \   |  |    |   |_ _|\ \     / ____|
 |     |   |  |  |    |   |  |  \ \   /  __|
 |   | |   | ___ __|  ___ |  |   \ \ /   |
\____|\___/     _|   _|  _|___|   \_/   _____| 

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

တစ်စုံတရာ

BY: @herrysmit | CREATED: Aug. 26, 2018, 4:54 p.m. | VOTES: 11 | PAYOUT: $0.00 | [ VOTE ]

တစ်​ခါတ​ရံ မှာ...
တစ်စုံတရာ ကိုစွန့်လွှတ်လိုက်တာက
ပိုကောင်းတဲ့ နောက်တစ်စုံတရာကို
ပိုင်ဆိုင်ရဖို့လည်း ဖြစ်နေတတ်တယ်။

တစ်ခါတလေကျတော့လည်း
တစ်စုံတရာကို သံ​ယောဇဉ်​မပြတ်နိုင်ဘဲ
ဖက်တွယ်နေမိရင် ကိုယ်ဖက်တွယ်နေတဲ့
တစ်စုံတရာနဲ့ နောက်ထပ် ပိုကောင်းတဲ့ အရာကိုပါ
နှစ်ခုစလုံး လက်လွှတ်လိုက်ရတတ်တယ်။

တစ်ခါတစ်ခါကျတော့လည်း
ကိုယ်နဲ့ လုံးဝကိုမအပ်စပ်တဲ့
တစ်စုံတရာကို အနာခံဖမ်းဆွဲမိနေပီး
ကိုယ်နဲ့ အထိုက်တန်ဆုံးအရာကို
ရင်နာနာနဲ့ လက်လွှတ်ရပြန်ရော။

လူ့ဘဝဆိုတာက တစ်ခါတလေမှာ
အရမ်းလိုချင်လွန်းတဲ့ အရာကို မပေးတတ်ဘဲ
လောကကြီးက ကိုယ့်အတွက် သတ်မှတ်ပေးထားတဲ့ အရာကို
တန်ဖိုးထား ရတာမျိုးလည်း ရှိနေတတ်တယ်။

မဖြစ်နိုင်တဲ့ တစ်စုံတရာအပေါ်ကို မျှော်လင့်ချက်လွန်ကျူးမိရင်
ကိုယ်မကြိုက်ဆုံးသော နာကျင်မှူတွေက
အားမနာစတမ်း အလွန်​အကျွံ ကို
ကိုယ့်အပေါ် ဖိစီးနှိပ်စက်နေတတ်ပါတယ်။

သူငယ်ချင်း.....
မဖမ်းဆုပ်သင့်တာကို ဖမ်းဆုပ်မိလို့ မတန်အောင်
နာကျင်နေရတာမျိုးနှင့် ဖမ်းဆုပ်သင့်တာကို
မဖမ်းဆုပ်ခဲ့မိလို့ နောင်တတွေ ရနေတာမျိုးလည်း မဖြစ်စေနဲ့နော်။

TAGS: [ #something ] [ #sometome ]

Replies

NO REPLIES FOUND.

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>