+-+-+ +-+ +-+-+-+-+
|G|O| |4| |H|I|V|E|
+-+-+ +-+ +-+-+-+-+

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

ဘဝနဲ့ အလှ

BY: @htetnainglin | CREATED: June 28, 2018, 9:18 a.m. | VOTES: 64 | PAYOUT: $2.23 | [ VOTE ]

[IMAGE: https://cdn.steemitimages.com/DQmPuPDBNjKAxh7cz4LTnjMpbnULxgRohwWbxhvqP8C5vog/images%20(14).jpeg]
Image source
ကျ​နော်​ငယ်​ငယ်​ ​ကျောင်း​နေစဉ်​တုန်းက ဆရာက ဘဝနဲ့အလှဆိုတဲ့​ခေါင်းစဉ်​​ပေးပြီး စာစီစာကုံး​ရေးခိုင်းဖူးတယ်​။ ကျ​နော်​မ​ရေးတတ်​ဘူး။ဘယ်​လို​ရေးရမှန်းလည်း မသိဘူး။ ကျ​နော်​နဲ့မရင်းနှီးတဲ့ ​ခေါင်းစဉ်​တစ်​ခုလို့ပဲ မြင်​​နေမိတယ်​။
ကျောင်းသားအရွယ်​မှာလည်း ​ကျောင်းသားရဲ့ဘဝ ​ကျောင်းသားတစ်​​ယောက်​ ကျင့်​ဝတ်​လိုက်​လိုက်​နာခြင်းက အလှတစ်​ခုလို့ ကျ​နော်​ မသိခဲ့ဘူး။
ဘဝဆိုတာ အပြင်​က လူ​တွေ လူကြီးမိဘ​တွေက ပိုသိတယ်​။ ပိုနားလည်​ရမယ်​လို့ ကျ​နော်​ ထင်​ခဲ့မိတယ်​။
အလှဆိုတာ ရုပ်​ရှင်​မင်းသားမင်းသမီး​တွေလို ပြင်​ဆင်​​နေကြမှလို့ ယူဆခဲ့မိတယ်​။
ဘဝ​တွေကြားမှ အလှတရား​တွေရှိတယ်​ဆိုတာ ကျ​နော်​ နားမလည်​နိုင်​ခဲ့ဘူး။
လူတစ်​​ယောက်​ဟာ ကုန်း​ကောက်​စရာမရှိ​အောင်​ဆင်းရဲမွဲ​တေ​နေပါ​စေ.သူဟာ စိတ်​ချမ်းချမ်းသာသာ​နေနိုင်​ရင်​ အဲ့ဒါ ဘဝရဲ့ အလှတစ်​ခုပဲဆိုတာ ကျ​နော်​နားမလည်​နိုင်​ဘူး။ ရိုးသား​အေးချမ်းပြီး စိတ်​ချမ်းသာုခင်းဆိုတာ ​ငွေရှိမှလုပ်​လို့ရတဲ့အရာ မဟုတ်​ဘူး။ပိုက်​ဆံချမ်းသာမှ ဘဝလှရမှာ မဟုတ်​ဘူးဆိုတာ ကျ​နော်​ တဖြည်းဖြည်း နားလည်​လာခဲ့တယ်​။
က​လေးတစ်​​ယောက်​က အပြစ်​ကင်းစင်​စွာ ရယ်​​မောတတ်​ခြင်းက က​လေးရဲ့ဘဝမှာ အလှတရား တစ်​ခုဖြစ်​တယ်​ဆိုတာ ကျ​နော်​ သိခွင့်​ရလာခဲ့တယ်​။
အရူးတစ်​​ယောက်​က အငြိုးအ​တေးမဲ့ ​ပျော်​ရွှင်​​နေခြင်းဟာလည်း အရူးဘဝမှာ အလှတရားတစ်​ခုပါပဲ။
လူတစ်​​ယောက်​ရဲ့ဘဝမှာ သူ့ဘဝရဲ့ အလှတရားဟာ ဂုဏ်​ဒြပ်​မဟုတ်​ဘူး။ရာထူးစည်းစိမ်​မဟုတ်​ဘူး။ပျော်​ရွှင်​စွာရှင်​သန်​​​နေထိုင်​ခြင်းသာ ဖြစ်​တယ်​ဆိုတာ ကျ​နော်​ တဖြည်းဖြည်း နားလည်​လာ​နေခဲ့တယ်​..
အခုတစ်​ခါ ကျ​နော့ကို ဘဝနဲ့အလှဆိုတဲ့ ​ခေါင်းစဉ်​ကိုများ ​ရေးခိုင်းခဲ့မယ်​ဆိုရင်​ ကျ​နော်​ စာစီစာကုံး​ကောင်း​ကောင်းတစ်​ပုဒ်​ကို ​ရေးနိုင်​​နေပြီဆိုတာ ဆရာသိချင်​မှ သိပါလိမ့်​မယ်​။
[IMAGE: https://cdn.steemitimages.com/DQmRagp5VjLz2focDSYoQZUazJyUTRxwqCJePKLnoWR34YP/images%20(15).jpeg]
Image source
ဆရာ​ပေးတဲ့​ခေါင်းစဉ်​ကို နားလည်​နိုင်​ဖို့အရင်​ကြိုးစားရတာက စာစီစာကုံး​ရေးတာထက်​ ပိုခက်​ခဲ​နေတယ်​ဆိုတာ ဆရာလည်း သိချင်​မှ သိခဲ့ပါလိမ့်​မယ်​။
သူ​ဌေးသူကြွယ်​ကြီးမှ ဘဝရှိတာ မဟုတ်​ အလှရှိတာမဟုတ်​ ​ပျော်​ရွှင်​ခြင်းရှတာမဟုတ်​မဟုတ်​...
လူတိုင်း လူတိုင်းက အလှကိုယ်​စီ ဘဝကိုယ်​စီ ​ပျော်​ရွှင်​မှုကိုယ်​စီနဲ့​လေ။
ဘဝရှိသူတိုင်းအလှရှိတယ်​။ပျော်​ရွှင်​မှုရှိတဲ့ ဘဝတိုင်း အလှတရား ဖြစ်​​နေတယ်လို့ ကျ​နော်​ဆိုချင်​ပါတယ်​။
[IMAGE: https://cdn.steemitimages.com/DQmPjMmsyZBxFanFGgP2uE6bSAkNXb65R4DuUWYWZmbNZNT/what-is-life.jpg]
Image source

Writter @htetnainglin
Msc 188

TAGS: [ #myanmar ] [ #beauty ] [ #life ] [ #happy ]

Replies

@winko | June 28, 2018, 9:23 a.m. | Votes: 0 | [ VOTE ]

လှပသော ဘဝတွေပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပါတယ်

@htetnainglin | June 28, 2018, 10:06 a.m. | Votes: 0 | [ VOTE ]

ကျေးဇူးပါဗျ

@mgmglattt | June 28, 2018, 10:22 a.m. | Votes: 0 | [ VOTE ]

နေတတ်ရင်ကျေနပ်စရာပါဗျာ

@htetnainglin | June 28, 2018, 12:03 p.m. | Votes: 0 | [ VOTE ]

ဟုတ်ကဲ့ပါဗျ

@asterkame | June 28, 2018, 12:37 p.m. | Votes: 0 | [ VOTE ]

Right
လူတိုင်းမှာအလှကိုယ်​စီ၊ဘ၀ကိုယ်​စီရှိကြပါတယ်​....​ကောင်း​သောပိုစ့်​ပါ

@htetnainglin | June 29, 2018, 5:21 a.m. | Votes: 0 | [ VOTE ]

ကျေးဇူးပါ

@yekungsatthone | June 28, 2018, 2:06 p.m. | Votes: 0 | [ VOTE ]

ဘဝတိုင်းက အလှနဲ့..​ကောင်းတယ်​ဗျာ

@htetnainglin | June 29, 2018, 5:21 a.m. | Votes: 0 | [ VOTE ]

ဟုတ်ကဲ့ပါဗျ

@generalpyone | June 28, 2018, 2:41 p.m. | Votes: 0 | [ VOTE ]

တစ်ကယ့်အလှတရားကို ရှာတွေ့ပါစေဗျာ

@mahaw | June 28, 2018, 3:05 p.m. | Votes: 0 | [ VOTE ]

ဘဝလှဘို့ စိတ်‌ထားတတ်‌ဘို့ အ‌ရေကြီးပါတယ်‌။

@uthantzin | June 28, 2018, 4:46 p.m. | Votes: 0 | [ VOTE ]

ပျော်ရွှင်တဲ့ဘဝ လှပတဲ့ဘဝ အေးချမ်းတဲ့ဘဝ တွေ ရရှိဖို့အတွက်ဆိုရင်တော့ ငွေကြေးဥစ္စာပြည့်မှုတစ်ခုတည်းနဲ့မရပဲ စိတ်နေစိတ်ထား..အမှားအမှန်ခွဲခြားနိုင်တဲ့ပညာ..သတိတရား စသည်ဖြင့် ဆင်ခြင်ပြီးနေထိုင်မှသာ ရရှိလာနိုင်မှာဖြစ်တယ်လို့ ထင်မြင်မိပါတယ်။ရည်ရွယ်ချက်ကောင်းသော post လေးဖြစ်ပါတယ်ခင်ဗျာ

@htetnainglin | June 29, 2018, 12:05 a.m. | Votes: 0 | [ VOTE ]

ဟုတ် ကျေးဇူးပါဗျ

@nweoomon | June 29, 2018, 4:47 a.m. | Votes: 0 | [ VOTE ]

တင်းတိမ်ရောင့်ရဲပြီး အကောင်း မြင်တတ်ခြင်းဟာလည်း ဘဝအလှပါပဲ

@nwenwe | June 29, 2018, 9:18 a.m. | Votes: 0 | [ VOTE ]

စိတ်ထားလေး တွေ ကောင်းခဲ့ရင် လှပသော ဘဝဆိုတာအမြဲရှိနေမှာ😊😊😊😊

@htetnainglin | June 29, 2018, 1:22 p.m. | Votes: 0 | [ VOTE ]

ဟုတ်

@domelay | June 29, 2018, 12:25 p.m. | Votes: 0 | [ VOTE ]

အင်းပေါ့လေ ခုချိန်များစာစီစာကုန်းရေးခိုင်းကြည့်ပါလား ။

@htetnainglin | June 29, 2018, 1:22 p.m. | Votes: 0 | [ VOTE ]

ဟီး😁😁😁

@nyinyiwin | June 29, 2018, 2:20 p.m. | Votes: 0 | [ VOTE ]

စာလုံးရေ နည်းနေပါတယ်ဗျ Pro ရျနိုင်ဖို့ စာပိုက်ထပ်ဖြည့်ပေးပါ ။

@htetnainglin | June 29, 2018, 5:12 p.m. | Votes: 0 | [ VOTE ]

ဟုတ်

@suhtetaung | June 29, 2018, 4:58 p.m. | Votes: 0 | [ VOTE ]

လှပတဲ့ဘဝကပဲဖြစ်ဖြစ် ခက်ခဲတဲ့ဘဝကပဲဖြစ်ဖြစ် ဘဝရယ်လို့ဖြစ်လာရင် ဖြစ်လာရကျိုးနပ်အောင်တော့ အသိဥာဏ်တွေ အားထုတ်မှုတွေနဲ့ ဘဝအမြတ်ကြံအောင် ကြိုးစားနိုင်ရင်အကောင်းဆုံးပါပဲ။

@tinhlaingoo | June 30, 2018, 4:46 p.m. | Votes: 0 | [ VOTE ]

အခုတော့မရေးချင်လည်းရေးနေရပြီ။

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>