__________     __ __     __  _______    ________
  / ____/ __ \   / // /    / / / /  _/ |  / / ____/
 / / __/ / / /  / // /_   / /_/ // / | | / / __/
/ /_/ / /_/ /  /__  __/  / __  // /  | |/ / /___
\____/\____/     /_/    /_/ /_/___/  |___/_____/

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

Pros and Cons

BY: @htetnainglin | CREATED: June 25, 2018, 1:08 p.m. | VOTES: 68 | PAYOUT: $1.88 | [ VOTE ]

[IMAGE: https://cdn.steemitimages.com/DQmdpfBen67LKh27zqrnSUQxxZv1FYFKCmszT6UWdrdzWZy/download%20(8).jpeg]
Image source
အ​ကောင်းကိုလုပ်​ရင်​ အ​ကောင်း​တွေ ဖြစ်​လာမှာပဲ။ အဆိုး​တွေကို လုပ်​ရင်​ အဆိုး​တွေ ဖြစ်​လာမှာပါပဲ။ အဲ့ဒါ အ​ကြောင်း​ကြောင့်​ အကျိုး ဖြစ်​တယ်​ဆိုတာမျိုးပါတဲ့.။
ကျွန်​​တော့ အဖိုးက ​ပြောခဲ့ဖူးတဲ့ စကား​လေးပါ။
အ​ကြောင်းတရား​တွေ မရှိပဲနဲ့ အကျိုးဆက်​ဆိုတာ ဖြစ်​လာဖို့မရှိဘူး။ မင်း လူသတ်​လိုက်​တယ်​ဆိုရင်​ အဖမ်းခံရမှာပဲ​လေ..ဒါ လူသတ်​တဲ့ အ​ကြောင်းအရင်း​ကြောင့်​ အဖမ်းခံရခြင်းဆိုတဲ့ အကျိုးဆက်​ ဖြစ်​လာတာပဲတဲ့။
ကိုယ်​က ​ကောင်းတာ​တွေကို မလုပ်​ပဲနဲ့ ​ကောင်းတာ​တွေကို လို​ချင်​​နေလို့ မဖြစ်​ဘူး။ လယ်​စိုက်​​နေပြီး ​ကျောက်​​အောင်​ချင်​လို့မရဘူး။ထီမထိုးပဲ ထီ​ပေါက်​ချင်​လို့မရဘူး။
လယ်​စိုက်​မှ​တော့ စပါးကိုပဲရမှာ ။ထီမထိုးမှ​တော့ သူများတကာ​တွေကို.ထီဆိုင်​က ဖုန်းကို ​မျှော်​မ​နေနဲ့။
အ​ကြောင်းတရားမှ မရှိတာ ဘယ်​လိုလုပ်​ အကျိုး ဖြစ်​ထွန်းမှာလဲ တဲ့။

ကျွန်​​တော်​ စဉ်းစားကြည့်​တယ်​။ အဖိုး​ပြောတာ​တွေက တကယ်​​လေးနက်​ပြီး စဉ်းစားဖို့​ကောင်းတယ်​​လေ။
ဟုတ်​​တေယ့ဟုတ်​တာ​ပေါ့။
ကျွန်​​တော်​တို့ ပတ်​ဝန်းကျင်​မှာ ဘယ်​မှာပဲ ဖြစ်​ဖြစ်​ ကိုယ်​လုပ်​ထားသမျှ အ​ကောင်းအဆိုး သက်​​ရောက်​မှုဆိုတာ ကိုယ့်​ဆီပဲ ပြန်​လာတာပဲ​လေ။ ဒါကိုပဲ ကျွန်​​တော်​တို့ ဗုဒ္ဓဘာသာမှာ ဝဋ်​​ကြွေးလို့ ဆိုကြတာမဟုတ်​လား။

ကံ ကံ၏ အကျိုးလို့ ယုံကြည်​လိုက်​​ပေမယ့်​ အဲ့ဒီကံဆိုတာ ကျွန်​​တော်​တို့ လုပ်​ထားတဲ့ အ​ကြောင်းတရား​တွေရဲ့အရိပ်​​တွေပဲ​လေ။

အဆိုးဆုံး​တွေကို ကိုယ်​တိုင်​က လုပ်​​နေပြီးမှ ဘယ်​မှာ အ​ကောင်းကို ​မျှော်​လင့်​လို့ရပါ့မလဲ။အဆိုး​တွေကိုပဲ ကျွန်​​တော်​တို့ လိုချင်​ချင်​ မလိုချင်​ချင်​ လက်​ခံရ​တော့မှာပဲ​လေ။
အ​ကောင်​တွေကိုပဲ ​တောက်​​လျှောက်​လုပ်​လာခဲ့သူက အဆိုးအတွက်​ လှည့်​​တောင်​ ကြာ့်​စရာမလို​တော့ဘူး​လေ..။
[IMAGE: https://cdn.steemitimages.com/DQmWhd2YpfGC1o6WYbXweseyt7WxW3yvGdrbG5dWoDCfpS5/images%20(7).jpeg]
Image source
တော်​​တော်​ကို ​လေးနက်​တဲ့စကား​တွေကို အဖိုးက ကျွန်​​တော့်​ကို ​ပြောပြခဲ့တာပါလားလိာ့ ကျွန်​​တော်​​တွေး​နေမိတယ်​။

အ​ကြောင်း​ကြောင့်​ အကျိုးဖြစ်​လာတယ်​။ အကျိုး​တွေက ကျွန်​​တော်​တို့ကို အ​ကောင်းအဆိုးဆိုတဲ့ ရလာဒ်​ကို​ပေးတယ်​။ကျွန်​​တော်​တို့က ကံဆိုတာကိုပဲ ပုံချပစ်​လိုက်​တယ်​။
အဲ့ဒီကံဆိုတာ ကျွန်​​တော်​တို့ပြုလုပ်​ခဲ့ဖူးတဲ့ အ​ကြောင်းတရား​တွေရဲ့အကျိုး​တွေဆိုတာ.ကျွန်​​တော်​တို့ ​မေ့​နေခဲ့ကြတယ်​။

တွေးကြည့်​ရင်း ကျွန်​​တော်​ လူကြီး​တွေကို ​လေးစားမိတယ်​။ဆရာမရှိပဲ ဒီ​လောကအမှန်​တရား​တွေကို.ထုတ်​​ဖော်​ခဲ့တဲ့ ရှင်​​တော်​မြတ်​ဘုရားကို.ရို​သေ​လေးစားမိတယ်​။

ကျွန်​​တော်​တို့ လူသား​တွေရဲ့ ​မွေးဖွားခြင်းဆိုတဲ့ အ​ကြောင်းထဲမှာ ​သေဆုံးခြင်းဆိုတဲ့အကျိုးကို ရင်​မဆိုင်​ရ​သေးခင်​ ကျွန်​​တော်​တို့ ဘယ်​​လောက်​​မျှော​နေခဲ့ကြလဲ။ ဘယ်​​လောက်​​မော​နေခဲ့ကြသလဲ..။
[IMAGE: https://cdn.steemitimages.com/DQmXXoBRCYwbEDtjTSvzX8QwGUiUFw1UAqER8Z4rkPp2BRF/images%20(2).png]
Image source
ကျွန်​​တော်​တို့ထံပြန်​လာတဲ့ အ​ကောင်းအဆိုးဆိုတဲ့ အ​ကြောင်းတရားရဲ့ပဲ့တင်​သံ​တွေကို ကျွန်​​တော်​တို့ ရဲရဲဝံ့ဝံ့လက်​ခံရဲပြိလား..

အ​ကြောင်းတရားရဲ့အကျိုး ဆက်​​တွေ​အောက်​မှာ ကျွန်​​တော်​တို့ အစစအရာရာ အ​ကောင်းအဆိုး​တွေကို မြင်​နိုင်​ပြီလားမြင်​တတ်​ပြီလား ..

ကျွန်​​တော်​က​တော့ အဖိုးရဲ့ တန်​ဖိုးရှိလှတဲ့ စကား​လေး​တွေနဲ့ တစ်​​နေ့လုံး အ​တွေးပွား​နေမိ​တော့တာပါ။
အကျိုးအ​ကြောင်းနဲ့ အဆိုးအ​ကောင်း အ​ကြောင်​​လေ...

Writter @htetnainglin
Msc 188

TAGS: [ #myanmar ] [ #advance ] [ #pros ] [ #cons ] [ #life ]

Replies

@a-a-a | June 25, 2018, 1:09 p.m. | Votes: 0 | [ VOTE ]

Upvote this: https://steemit.com/free/@bible.com/4qcr2i

@winko | June 25, 2018, 1:16 p.m. | Votes: 0 | [ VOTE ]

အဆိုး အကောင်းတွေကို ဘောင်သွင်း
လူ့ လောကကြီးကို လှောင်ပြောင်ရင်း
နှောင်ဖြစ်မှ နှောင်ရှင်း

ဒါ သီချင်း

သီချင်း

@htetnainglin | June 25, 2018, 3:01 p.m. | Votes: 0 | [ VOTE ]

ဟုတ်ဗျ

@kyi | June 25, 2018, 1:17 p.m. | Votes: 0 | [ VOTE ]

အကျိုးနဲ့အကြောင်း အကျိုးနဲ့အကြောင်း🤔🤔ဟုတ်တေ ထီမထိုးပဲ ထီပေါက်ချင်တယ် ဒိုးခဖဲ🤣😌

@htetnainglin | June 25, 2018, 3:02 p.m. | Votes: 0 | [ VOTE ]

ဟီး😁😁😁😁

@htetnainglin | June 26, 2018, 7:22 a.m. | Votes: 0 | [ VOTE ]

ဟီး..😁😁

@asterkame | June 25, 2018, 2:15 p.m. | Votes: 0 | [ VOTE ]

အ​ကြောင်းရှိမှအကျိုးဖြစ်​မှာ​ပေါ့​နော့....

@htetnainglin | June 26, 2018, 1:30 a.m. | Votes: 0 | [ VOTE ]

ဟုတ်😁

@generalpyone | June 25, 2018, 2:29 p.m. | Votes: 0 | [ VOTE ]

သိပ်မှန်တာပေါ့ ကံဆိုတာ ကိုယ်လုပ်လို့ဖြစ်တာပါ

@htetnainglin | June 26, 2018, 7:23 a.m. | Votes: 0 | [ VOTE ]

ဟုတ်ကဲ့ပါဗျ

@yekungsatthone | June 25, 2018, 2:42 p.m. | Votes: 0 | [ VOTE ]

မှန် တယ်

@htetnainglin | June 26, 2018, 7:23 a.m. | Votes: 0 | [ VOTE ]

ဟုတ်

@thithisann | June 25, 2018, 3:08 p.m. | Votes: 0 | [ VOTE ]

အကျိုးနဲ့အ​ကြောင်း အဆိုးနဲ့အ​ကောင်း ခွဲသိမှ လူပီသတာ

@steemitboard | June 25, 2018, 4:59 p.m. | Votes: 0 | [ VOTE ]

Congratulations @htetnainglin! You have completed some achievement on Steemit and have been rewarded with new badge(s) :

[IMAGE: https://steemitimages.com/70x80/http://steemitboard.com/notifications/voted.png] Award for the number of upvotes received

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard!

Participate in the SteemitBoard World Cup Contest!
Collect World Cup badges and win free SBD
Support the Gold Sponsors of the contest: @good-karma and @lukestokes

> Do you like SteemitBoard's project? Then Vote for its witness and get one more award!

@lwanwai | June 25, 2018, 5:06 p.m. | Votes: 0 | [ VOTE ]

ဘယ်လို အကြောင်းအရာဆိုဆို ကိုယ်လုပ်ခဲ့ရင် ကိုယ်သာခံရမှာပဲလေ 😊😊

@uthantzin | June 25, 2018, 5:06 p.m. | Votes: 0 | [ VOTE ]

action ရှိလို့ reaction ရှိတာပေါ့။အကြောင်းကြောင့် အကျိုးဖြစ်တယ်တဲ့။ဒါပေမဲ့ ထီမထိုးပဲ ထီပေါက်တာတော့ ရှိတယ်နော်>>>
!
!
အဖြေက
!
!
ဒါလည်းသူအရင်ကလုပ်ခဲ့တဲ့ အကြောင်းတရားကောင်းခဲ့လို့ပါ။အကြောင်းကြောင့်အကျိုးတွေဖြစ်ပေါ်နေတာ ကြရတာပါ။

@htetnainglin | June 26, 2018, 7:24 a.m. | Votes: 0 | [ VOTE ]

ဟုတ်ကဲ့ပါဗျ

@phyozawooburmes | June 26, 2018, 1:48 a.m. | Votes: 0 | [ VOTE ]

@kyi မမ​ယေ @Uthantzin ကထီမထိုးဘဲထီ​ပေါက်​တာရှိတယ်​တဲ့။

@htetnainglin | June 26, 2018, 7:24 a.m. | Votes: 0 | [ VOTE ]

😱😱😱😱

@mahaw | June 26, 2018, 2:08 a.m. | Votes: 0 | [ VOTE ]

မည်‌သည့်‌အရာမျှအ‌ကြောင်းတရားနဲ့ မကင်းပါတဲ့။တန်‌ဘိုးရှိ‌သော Post ‌ကောင်းတစ်‌ခုပါ။

@htetnainglin | June 26, 2018, 2:04 p.m. | Votes: 0 | [ VOTE ]

ကျေးဇူးပါဗျ

@mgmglattt | June 26, 2018, 2:10 a.m. | Votes: 0 | [ VOTE ]

အလကားရတာဆိုလို့ ဒုက္ခပဲရှိပါတယ်

@htetnainglin | June 26, 2018, 2:04 p.m. | Votes: 0 | [ VOTE ]

မှန်တယ်

@yuzana | June 26, 2018, 3:07 a.m. | Votes: 0 | [ VOTE ]

ငှက်​​ပျောပင်​စိုက်​ရင်​ ငှစ်​​ပျောပင်​​ပေါက်​မယ်
အုန်းပင်​စိုက်​ရင်​ အုန်​ပင်​ရမယ်

@nweoomon | June 26, 2018, 3:34 a.m. | Votes: 0 | [ VOTE ]

မှန်ပါတယ်ကြိုးစားအားထုတ် မှုမရှိဘဲ အောင်မြင်ချင်လို့မရဘူး

@htetnainglin | June 26, 2018, 2:04 p.m. | Votes: 0 | [ VOTE ]

ဟုတ်ကဲ့ပါဗျ

@moewaikamawet | June 26, 2018, 4:33 a.m. | Votes: 0 | [ VOTE ]

good

@nwenwe | June 26, 2018, 4:51 a.m. | Votes: 0 | [ VOTE ]

ထီမထိုးဘဲ ထီပေါက်ချင်တဲ့အထဲမှာ ကိုယ်ပါနေသောအခါ😂😂😂😂

@nyinyiwin | June 26, 2018, 5:01 p.m. | Votes: 0 | [ VOTE ]

ဟုတ်ပါတယ် အကြောင်းအကျိုးဆိုတာ ဆက်စပ်နေတာပါ။

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>