___|  _ \   |  |    |   |_ _|\ \     / ____|
 |     |   |  |  |    |   |  |  \ \   /  __|
 |   | |   | ___ __|  ___ |  |   \ \ /   |
\____|\___/     _|   _|  _|___|   \_/   _____| 

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

သွားချင်မိတဲ့ နေရာလေး

BY: @htetnainglin | CREATED: July 2, 2018, 12:01 p.m. | VOTES: 68 | PAYOUT: $1.77 | [ VOTE ]

[IMAGE: https://cdn.steemitimages.com/DQmdV1P4bSED8tH2gG6oq8KtF9muTptD2WW9Ar41ULKKMZB/images%20(21).jpeg]
Image source
မြစ်​ဆုံကို ​ရောက်​ဖူးချင်​တယ်​။ ကျ​နော်​တို့မြန်​မာနိုင်​ငံအတွက်​ အဓိက အသက်​​သွေး​ကြော ဧရာဝတီမြစ်​ စတင်ဖြစ်​တည်​ရာ ​နေရာ အဖြစ်​ ​မေခနဲ့ မလိမြစ်​ကို လူသိများကြပါတယ်​။ အဲ့ဒီ​မေခ မလိခ ​ပေါင်းဆုံပြီး ဧရာဝတီဖြစ်​ရာ ​နေရာ​လေး ဖြစ်​တယ်ဆိုတာ ကျ​နော်​တို့ မြန်​မာနိုင်​ငံမှာ​တော့ နာမည်​ကြီးပဲ​ပေါ့ဗျာ။ ကျ​နော်​ အဲ့နေရာကို ​ရောက်​ဖူးချင်​တယ်​​ဗျာ..
မြစ်​ကြီးနားမြို့ရဲ့​မြောက်​ဖက်​ ၂၈မိုင်​အကွာမှာ ရှိတယ်​ဆိုတဲ့ နေရာ
တန်​ဖဲရွာမှာ ဆုံတယ်​ဆိုတဲ့ နေရာ
တော​တောင်​သဘာဝနဲ့ လှပတယ်​ဆိုတဲ့ အရာ
ရေခဲ​တောင်​က​နေ အရည်​​ပျော်​စီးကျလာတဲ့ ​ရေခဲ​ရေ​အေး​အေး​တွေနဲ့ သဘာဝ​ကျောက်​တုံး ​ချော်​​ချော်​​လေး​တွေစီထားသလို ဖြစ်​​နေတဲ့ ဒေသမှာ သူများ​တွေ ဓာတ်​ပုံရိုက်​လို့တင်​ကြတိုင်း ကျ​နော်​ သိပ်​သ​ဘောကျတာပဲဗျာ
တိုင်းရင်​သူ ဖြူဖြူ​ချော​ချော​လေး​တွေကလည်း ရိုးရာ ဝတ်​စုံ​လေး​တွေနဲ့ လှည့်​ပတ်​က​နေကြတဲ့ သီချင်း​တွေမြင်​တိုင်း ကျ​နော်​ အဲ့ဒီကို သိပ်​သွားချင်​တာပဲ.။
ရောက်​ဖူးတဲ့ သူငယ်​ချင်း​တွေက အဲ့ဒီဒေသက လတ်​ဆတ်​တဲ့​လေ​တွေအ​ကြောင်း ရိုးသားတဲ့ တိုင်းရင်​သူ တိုင်းရင်းသား​တွေအ​ကြောင်း ​ပြောကြရင်း အဲ့ဒီမြစ်​ဆုံက ဆိုင်​​တွေမှာ လတ်​လတ်​ဆတ်​ဆတ်​ငါးကင်​နဲ့ ​ခေါင်​ရည်​ရတယ်​ဆို​တော့ ကျ​နော့်​မှာ သွားရည်​​တောင်​ မျိုချလိုက်​ရပါ​သေးတယ်​။
[IMAGE: https://cdn.steemitimages.com/DQmTFqvgKGc67NJuz6hn4ZM7AQF4JEBRw5zN1gZ5QovidXA/images%20(20).jpeg]
Image source

ဒေသခံ​တွေရဲ့ အစားအစာ ​ဒေသခံ​တွေရဲ့ ​ဖော်​​ရွေမှု​တွေနဲ့ သဘာဝအလှတရား​တွေ ထုံမွှန်း​နေတယ်​ဆိုတဲ့ အ​ကြောင်း​တွေ ​ပြော​တော့ ကျ​နော့်​စိတ်​ထဲ ရိုးတရွနဲ့ ​နေမထိ ထိုင်​မသာ​ပေါ့​ဗျာ..
ပြီး​တော့ အခုက နယ်​​မြေမ​အေးချမ်းတဲ့အ​ကြောင်း​တွေ မြစ်​ဆုံ စီမံကိန်းအ​ကြောင်း​တွေ ​တွေးမိပြန်​​တော့ ကျ​နော်​ ရင်​ဆို့မိပြန်​​ရော..
သဘာဝရဲ့အလှတရား​တွေမှာလည်း ဒဏ်​ရာဒဏ်​ချက်​​တွေ များလိုက်​တာလို့ ​တွေးမိရင်း ကျ​နော်​ သူု့ကိုပဲ သနားမိသလိုလို ဧရာဝတီအတွက်​ပဲ ရင်​နာမိသလိုလိုနဲ့ပါ ​မေခဆိုတဲ့ မြစ်​နဲ့ မလိခဆိုတဲ့ မြစ်​​တွေက ဟိုး ​တောအထပ်​ထပ်​က​နေ ရစ်​​ခွေစီးဆင်းလာပြီး ဧရာဝတီဆိုတဲ့ ကျ​နော်​တို့နိုင်​ငံအတွက်​ နတ်​မိမယ်​တစ်​ပါးကို ​မွေးဖွား​ပေးခဲ့​ပေမယ့်​ အဲ့ဒီ​ဒေသမှာ​တော့ ငြိမ်းချမ်း​ရေးဆိုတဲ့ နတ်​မိမယ်​​လေးကို မ​မွေးဖွားနိုင်​​သေးတာက ​တွေး​တွေးရင်းရင်​နာမိတယ်​။
ဧရာဝတီမြစ်​ကိုမြင်​တိုင်း ကျ​နော်​ မြစ်​ဆုံသွားချင်​စိတ်​ကို ထိန်းသိမ်း​နေကျ ဖြစ်​​နေပြီ..
အဲ့နေရာမှာ ​စေတီတစ်​ဆူလည်း ရှိတယ်​။ ဘီယာဆိုင်​​တွေ စပ်​ဖီဆိုင်​​တွေ ​ခေါင်​ရာ်​ဆိုင်​​တွေလည်း ရှိတယ်​။ အသားကင်​ ငါးကင်​ ကချင်​ရိုးရာ အစားအ​သောက်​​တွေလည်း ရတယ်​ ဆို​တော့ ကျ​နော့်​မှာ ပါးစပ်​အ​ဟောင်းသားနဲ့ နား​ထောင်​​နေရတယ်​။
အဲ့ဒီကို သွားမယ်​ဆိုတာနဲ့ လမ်းမှာလည်း ​ဂျော်​ဘွန်​တို့ ​ရေပြာ​ချောင်းတို့ကို ဝင်​လည်​လို့ရတယ်​ဆိုပြီး သူငယ်​​ချင်းေ​တွက ပုံ​တွေပို့​တော့ ကျ​နော့ စိတ်​ထဲမှာ ကျလိ ကျလိနဲ့ စိတ်​ယားလိုက်​သည့်ုဖစ်​ချင်း..။
ကျ​နော်​တို့ဆီမှာ မရှိတဲ့ အလှတရား​တွေ​လေ..
မြစ်​ဆုံက ​ကျောက်​ခဲဖြူဖြူ​လေး​တွေ ​ရေ​​အေး​အေး​လေး​တွေ မြစ်​အလယ်​ ​ကျောက်​​ဆောင်​​တွေ​ပေါ်က လူ​တွေကို  ​တော​တောင်​​တွေ စက်​​လှေ​လေးကလည်း ရှိ​နေ​သေးတဲ့ ပုံ​လေး​တွေမှာ ကျ​နော်​ကိုယ်​တိုင်​ပဲ မြစ်​ဆုံကို ​ရောက်​​နေမိသလိုလို ​ကျောက်​ခဲ​ချော​ချောကိုပဲ ​ကောက်​ကိုင်​မိ​နေသလိုလို ​လေနု​အေး​လေးကိုပဲ ရှူမိ​နေသလိုလို တိုင်းရင်​သူ​လေး​တွေရဲ့ ချစ်​စရာစကားသံနဲ့ ရိုးရာအက​လေး​တွေကို ကျ​နော်​က ​ခေါင်​ရည်​​သောက်​ရင်း ကြည့်​​နေမိသလိုလိုနဲ့ မြစ်​ဆုံဟာ ကျ​နော့်​ အ​ပေါ် လွှမ်းမိုးမှု အရှိန်​အဝါ သိပ်​ကြီးလွန်းတယ်​​ဗျာ..
တစ်​​နေ့​နေ့မှာ အဲ့ဒီကို သွားဖြစ်​​အောင်​သွားမယ်​လို့ စိတ်​ထဲ ထည့်​လိုက်​​ပေမယ့်​ ကျ​နော်​ရှိ​နေချိန်​ အဲ့ဒီ​ဒေသ ငြိမ်းချမ်း​ရေး အပြည့်​အဝ ရရှိ​နေပါ​စေလို့ ဆု​တောင်း​နေမိတယ်​။

[IMAGE: https://cdn.steemitimages.com/DQmPHcANf56PjjVXNYiaYrzTB49T15GiBwfLMVZcaV7DiTB/images%20(19).jpeg]
Image source
ကျ​နော့်​ကို လွှမ်းမိုးနိုင်​လွန်းတဲ့ နေရာကို ကျ​နော်​ သိစိတ်​က​နေ​ရော မသိစိတ်​က​နေပါ ချစ်​တယ်​ဗျာ.
အဲ့ဒီကျ​နော်​ချစ်​တဲ့ ​ဒေသ ကျ​နော်​ချစ်​တဲ့ သဘာဝအလှတရား​တွေ ဒီလိုအကျည်းတန်​လွန်းတဲ့ စစ်​​တွေ လူ​တွေရဲ့ အကျိုးအမြတ်​အတွက်​ ပျက်​စီး​စေမှု​တွေ​အောက်​မှာ ​ပျောက်​ရှသွားမှာ စိုးရိမ်​တာ​တော့ အမှန်​ပါပဲဗျာ

အဲ့ဒါ​ကြောင့်​ ကျ​နော်​ချစ်​တဲ့ နေရာကို တစ်​​နေ့ အ​ရောက်​သွားမယ်​၊
ကျ​နော်​ချစ်​တဲ့ မြစ်​ဆုံ​ဒေသ အမြဲတ​စေ သဘာဝအလှအပ​တွေနဲ့ ကျ​နော်​ကို ကြိုလင့်​နိုင်​ပါ​စေလို့လည်း အမြဲ ဆု​တောင်းတယ်​ဗျာ..

Writter @htetnainglin
Msc 188

TAGS: [ #myanmar ] [ #life ] [ #travelling ] [ #place ]

Replies

@moewaikamawet | July 2, 2018, 12:13 p.m. | Votes: 0 | [ VOTE ]

သွားချင်သောနေရာကလေးပါ

@htetnainglin | July 2, 2018, 3:37 p.m. | Votes: 0 | [ VOTE ]

ဟုတ် အတူသွာကြမယ်လေ😁😁

@winko | July 2, 2018, 12:56 p.m. | Votes: 0 | [ VOTE ]

မြစ်​ဆုံကို ​ရောက်​အောင်သွားပါ ဘဒို
အဆင်ပြေရင် လိုက်ခဲ့ပါ့မယ်

@htetnainglin | July 3, 2018, 12:54 p.m. | Votes: 0 | [ VOTE ]

အတူတွူားရအောင်လေ

@generalpyone | July 2, 2018, 1:17 p.m. | Votes: 0 | [ VOTE ]

တူတူပါပဲ ကျနော်လည်းသွားချင်နေတဲ့နေရာလေးပါ

@htetnainglin | July 3, 2018, 12:53 p.m. | Votes: 0 | [ VOTE ]

ဟုတ်

@asterkame | July 2, 2018, 1:21 p.m. | Votes: 0 | [ VOTE ]

သွားချင်​​နေတဲ့ဆန္ဒပြည့်​ဝပါ​စေလို့....

@htetnainglin | July 2, 2018, 3:37 p.m. | Votes: 0 | [ VOTE ]

Thanks ပါ

@kyi | July 2, 2018, 1:34 p.m. | Votes: 0 | [ VOTE ]

သွားနိုင်ပါစေ ဆုတောင်းပေးမယ်😊

@htetnainglin | July 2, 2018, 3:34 p.m. | Votes: 0 | [ VOTE ]

ဟုတ် မတ်မတ်ကြည်😁😁

@mgmglattt | July 2, 2018, 2:30 p.m. | Votes: 0 | [ VOTE ]

me too

@htetnainglin | July 2, 2018, 3:35 p.m. | Votes: 0 | [ VOTE ]

တကယ်လား

@thithisann | July 2, 2018, 3:31 p.m. | Votes: 0 | [ VOTE ]

စာ​လေးဖတ်​ပြီး စိတ်​မ​ကောင်းဖြစ်​မိတယ်​ ဆု​တောင်းယုံကလွဲပြီး ဘာမှမတတ်​နိုင်​ဘူး

@htetnainglin | July 2, 2018, 3:36 p.m. | Votes: 0 | [ VOTE ]

ဟုတ်😁

@lwanwai | July 2, 2018, 4:08 p.m. | Votes: 0 | [ VOTE ]

တစ်နေ့နေ့တော့ ရောက်ဖူးချင်မိတယ် မရောက်ဘူးသေးဘူး

@htetnainglin | July 3, 2018, 12:56 p.m. | Votes: 0 | [ VOTE ]

သွားကြမယ်နော့

@mahaw | July 2, 2018, 8:40 p.m. | Votes: 0 | [ VOTE ]

မြစ်‌ဆုံကို မြန်‌ မြန်‌‌ရောက်‌ပါ‌စေလို့ ဆု‌တောင်းလိုက်‌ပါတယ်‌။

@htetnainglin | July 3, 2018, 12:55 p.m. | Votes: 0 | [ VOTE ]

Thanks

@uthantzin | July 3, 2018, 9:42 a.m. | Votes: 0 | [ VOTE ]

ကျွန်တော်တို့လည်း မြစ်ဆုံကို မရောက်ဖူးသေးပါဘူးအစ်ကို။ဟုတ်တယ် တော်တော်လေးလှပသာယာပြီး သွားချင်စရာကောင်းတဲ့ နေရာကောင်းလေးတစ်ခုပါ။ရောက်အောင်သွားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်

@htetnainglin | July 3, 2018, 12:55 p.m. | Votes: 0 | [ VOTE ]

Thanks ပါဗျ

@domelay | July 3, 2018, 1:25 p.m. | Votes: 0 | [ VOTE ]

steem တွေနဲ့သွားနိုင်တဲ့ အချိန်အမြန်ရောက်ပါစေဗျာ ခုတော့ စိတ်ကူးလေးပေါ့

@htetnainglin | July 4, 2018, 6:50 a.m. | Votes: 0 | [ VOTE ]

ဟုတ်ကဲ့ပါ ဗျ

@nweoomon | July 3, 2018, 1:43 p.m. | Votes: 0 | [ VOTE ]

အမတော့ ရောက်ပြီးပြီ မောင်လေးရေ
မင်းညွှန်းသလိုပဲ တကယ်လှပတဲ့ ဒေသပါ။
သွားဖြစ်အောင်သွားပါနော်

@yekungsatthone | July 3, 2018, 2:12 p.m. | Votes: 0 | [ VOTE ]

တစ်​​နေ့ သွားမယ်​ ဗျာ

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>