___  ___    _ _    _  _ _____   _____
 / __|/ _ \  | | |  | || |_ _\ \ / / __|
| (_ | (_) | |_  _| | __ || | \ V /| _|
 \___|\___/    |_|  |_||_|___| \_/ |___|

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

ကျနော်နဲ့  ဖေ့စဘွတ်

BY: @htetnainglin | CREATED: July 23, 2018, 10:20 a.m. | VOTES: 72 | PAYOUT: $1.61 | [ VOTE ]

[IMAGE: https://cdn.steemitimages.com/DQmZqyEG6c1JNCUh7AxU4FW8wpv1cC9SqbV1XiQoJod3CyG/images%20(43).jpeg]
image source
ငရဲမင်းသာ မြန်​မာပြည်​ဆင်းလာရင်​ ဘယ်​လို​နေမိမယ်​​တော့မသိ။ ​ဖေ့စဘုတ်​​တွေထဲပလူပျံ ဆက်​ဖီဆွဲကြနဲ့ ငရဲမင်းမျက်​နှာလည်း ရှု့​ထောင်​စုံက​နေ ကမြင်းခံရ​တော့မှာ​တော့ အ​သေချာကြီး။

ဖေ့စဘုတ်​ဆိုတာ အ​ကြောင်းအရာစုံ နဲ့ နာမည်​ကြီးလွယ်​တဲ့​နေရာဆို​တော့ ​ဖေ့စဘုတ်​ကို အသုံပြုပြီး နာမည်​ကြီးချင်​သူ​တွေကလည်း အများသားနဲ့ကိုး​။တကယ်​လည်း နာမည်​ကြီးသွားကြသူ​တွေက ဒုနဲ့​ဒေး..

ဆယ်​လီ​တွေရဲ့ သတင်းဆို ပြန့်​လွယ်​ ပွလွယ်​နဲ့ ​ဖေ့စဘုတ်​က ဖွစရာ​နေရာကြီးကိုဖြစ်​လို့..
သူနဲ့ကိုယ်​နဲ့အမြင်​မတူရင်​ တိုက်​ကြခိုက်​ကြ ရန်​ဖြန်​ကြ ​ပြန်​ဆဲကြ မြန်​မာကားထဲက စရိုက်​ဆန်​တဲ့ရပ်​ကွက်​ထဲ ဝင်​လိုက်​မိတဲ့အတိုင်း..

အချို့ကျ​တော့လည်း ​မျြောက်​လိုက်​ ပင့်​လိုက်​ တစ်​​ယောက်​နဲ့တစ်​​ယောက်​ အပြန်​အလှန်​ ချီးမွှမ်းခန်း​တွေဖွင့်​ကြနဲ့ ​အဲ့ဒီ​နေရာက လင်​ရချင်​ကြတဲ့ ညီအစ်​မ​တွေ ​ရုပ်​​ချောသ​ဘော​ကောင်း ​ကောင်​​လေးကို မြူဆွယ်​​နေတာနဲ့ တူ​နေပြန်​​ရော..
အခု​ခေတ်​မှာ​တော့ ​ဈေး​တွေဘာ​တွေကို ​ရောင်းကြတဲ့ ​ဖေ့စဘုတ်​​လောကကြီးထဲ ​ရောက်​မိပြန်​​တော့ ​ကြော်​ငြာအား​ကောင်းတဲ့ ​ဟို​မော်​ဒယ်​လ်​နဲ့ သူမရဲ့အင်္ကျီအ​ကြောင်းကို မြင်​​တောင်​​ယောင်​မိပါတယ်​..
[IMAGE: https://cdn.steemitimages.com/DQmdQ5XhdEKUiq2vWggWJmkgrtCZ39cCUN8Jocit5APES7Y/images%20(44).jpeg]
Image source
ကြော်​ငြာ​တော့ ဖြူဖြူ​ချော​ချော ​မော်​ဒယ်​လ်​​တွေရဲ့ပုံနဲ့..မှာလိုက်​​တော့လည်း အဲ့ဒီလိုဆိုဒ်​​လေးပို့လိုက်​ ဟိုက ဝတ်​မယ့်​ ပုဂ္ဂိုလ်​က​တော့ မြန်​မာခန္ဓာနဲ့ မြန်​မာကိုယ်​လုံးနဲ့ မြန်​မာမမ​ခြေသလုံး​တွေနဲ့ အတင်းသွပ်​ထည့်​ကြ​လေရဲ့...
စိတ်​ပျက်​ဖို့​ကောင်း...
ဖေ့စဘုတ်​​လောကရဲ့ ဆယ်​လီ​တွေက ​ပြောချင်​ရာ​ပြောကြ ​နောက်​ကလိုက်​တဲ့ပုဂ္ဂိုလ်​​တွေက ​ဟောင်​ချင်​ရာ​ဟောင်​...တစ်​ခါတ​လေ မက်​ဇူကာဘာဂ့်​ကို အပြစ်​တင်​မိ​တာ​တွေ​တောင်​ ဖြစ်​မိတယ်​..
ဒါ​ပေမယ့်​လည်း သူ့​ကြောင့်​သာ ကျွန်​​တော်​တို့ မသိမမြင်​ခဲ့တဲ့ အချို့ကိစ္စ​တွေက ဒီ​ဖေ့စဘုတ်​​ကောင်းမှု​ကြောင့်​ သိခွင့်​ရလာခဲ့ပြန်​​တော့ မက်​ဇူကာဘာဂ့်​ကို ​ကျေးဇူး​တွေအပုံကြီး တင်​​နေမိပြန်​​သေးရဲ့...
အကုသိုလ်​ဖြစ်​လိုက်​ ကုသိုလ်​ဖြစ်​လိုက်​နဲ့ ​ဖေ့စဘုတ်​ဆိုတာကြီးကို စိတ်​ကုန်​လိုက်​ ပြန်​ချစ်​လိုက်​နဲ့ ကျွန်​​တော်​တို့​တွေလည်း ရူးချင်​တိုင်းရူး​နေကြတာ မက်​ဇူကာဘာဂ့်​ကြီးက​တော့ ​ငွေပုံကြီး​ပေါ်မှာ ထိုင်​လို့ ကျွန်​​တော်​တို့ကိုများ ကြည့်​​နေသလား မ​ပြောတတ်​​တော့​လေဘူးဗျာ....

Writter @htetnainglin
Msc 188

TAGS: [ #myanmar ] [ #social ] [ #life ] [ #writting ]

Replies

@winko | July 23, 2018, 10:51 a.m. | Votes: 0 | [ VOTE ]

အာ့ဆို ရင် Facebook မသုံးနဲ့တော့ဗျာ

ဟီး

@htetnainglin | July 24, 2018, 12:21 a.m. | Votes: 0 | [ VOTE ]

မသုံးဘဲမနေနိုင်ဘူး😁

@tunnaingwin | July 23, 2018, 11:03 a.m. | Votes: 0 | [ VOTE ]

fbကို လူအများစုက တလွဲသုံးနေကြတယ်။အမှန်တကယ်သာ အကျိုးရှိရှိသုံးမယ်ဆို သင်စရာပညာတွေအများကြီးစုဝေးတဲ့အရာပါ

@htetnainglin | July 24, 2018, 12:21 a.m. | Votes: 0 | [ VOTE ]

ဟုတ်တယ် အကို

@mahaw | July 23, 2018, 12:04 p.m. | Votes: 0 | [ VOTE ]

Facebookမှာ cm‌ဖျောက်‌လိုက်‌ရင်‌ပြီးပြီ။

@htetnainglin | July 24, 2018, 12:04 p.m. | Votes: 0 | [ VOTE ]

ဟုတ်

@asterkame | July 23, 2018, 1:51 p.m. | Votes: 1 | [ VOTE ]

Fbမှာ​ပျော်​စရာပိုစ့်​​တွေနှင့်​ဗဟုသုတရစရာ၊အလှအပ​တွေဘဲကြည့်​​တော့တယ်​...အဆိပ်​အ​တောက်​ဖြစ်​​စေမဲ့ပိုစ့်​ဆိုဖတ်​ကိုမဖတ်​​တော့ဘူး....

@htetnainglin | July 24, 2018, 12:06 p.m. | Votes: 0 | [ VOTE ]

ကောင်းပါတယ် အမ

@lwanwai | July 23, 2018, 3:07 p.m. | Votes: 0 | [ VOTE ]

သူလည်း မရှိမကောင်း ရှိမကောင်းပဲဗျာ 😂😂

@htetnainglin | July 24, 2018, 12:05 p.m. | Votes: 0 | [ VOTE ]

ဟုတ်တာပေါ့ ဗျ

@mgmglattt | July 23, 2018, 4:26 p.m. | Votes: 0 | [ VOTE ]

တခါတလေပဲဖွင့်တော့တယ်

@nweoomon | July 23, 2018, 4:46 p.m. | Votes: 0 | [ VOTE ]

ဖေ့ဘုတ်က မသုံးတတ်ရင်အန္တရာယ်ပါ

@yuzana | July 24, 2018, 2:29 a.m. | Votes: 0 | [ VOTE ]

မသုံးတပ်​ရင်​​ဘေးသုံးတပ်​ရင်​​ဆေး ဆိုတာလို​ပေါ့ဗျာ

@htetnainglin | July 24, 2018, 12:08 p.m. | Votes: 0 | [ VOTE ]

သတိထားရမှာ

@thithisann | July 24, 2018, 5:54 a.m. | Votes: 0 | [ VOTE ]

သူမရှိ​တော့ ပျင်းမိတယ်

@htetnainglin | July 24, 2018, 12:07 p.m. | Votes: 0 | [ VOTE ]

ဟုတ်တယ်အမရေ

@uthantzin | July 24, 2018, 7:26 a.m. | Votes: 0 | [ VOTE ]

လူမျိုးစုံ စရိုက်မျိုးစုံ ပုံစံမျိုးစုံ အကုန် facebook ပေါ်မှာရှိနေကြတာပါ။ဒါကြောင့် ခံယူသူမိမိ၏အပေါ်တွင်မူတည်ပြီး အသုံးပြုကြရမှာပေါ့ခင်ဗျာ။ရည်ရွယ်ချက်ကောင်းမွန်သော post တစ်ခုဖြစ်ပါတယ်ခင်ဗျာ

@htetnainglin | July 24, 2018, 12:06 p.m. | Votes: 0 | [ VOTE ]

ဟုတ်ကဲ့ ပါဗျ

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>