+-+-+ +-+ +-+-+-+-+
|G|O| |4| |H|I|V|E|
+-+-+ +-+ +-+-+-+-+

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

အံ့ဩကုန်နိုင်ဖွယ်

BY: @htwegyi | CREATED: May 21, 2026, 7:25 a.m. | VOTES: 40 | PAYOUT: $0.20 | [ VOTE ]

မြန်မာပြည်ကြီးမှာ ဘာတွေဖြစ်နေလဲ ဆိုသည်ကို
လူမှုကွန်ယက်မှာ ကြည့်သည့်အခါမှ အတော်ကို
အံ့ဩကုန်နိုင်ဖွယ်ဖြစ်ရပါလေသည်။ ဖြစ်ချင်သလို၊
ဖြစ်ပြီး။ ဖြစ်ချင်တိုင်ကို ဖြစ်နေပါလေသတည်း
ဆိုသလိုပါ။ ကိုယ်တွေ မမွေးခင်ကလည်း အဲ့သလို
အဖြစ်အပျက်မျိုးတွေ ရှိခဲ့လေမလား။ ယခုခေတ်
မှာ နည်းပညာတိုးတက်လာသမို့ အဆိုပါ ပေါက်ကရ
ဖြစ်နေသည်များကို အချိန်နဲ့အမျှသိရှိကြရသည်။
ဟိုးစဉ်အချိန်များက နည်းပညာမထွန်းကားသမို့
မသိရှိကြတာလား။ သို့ပေသိပေါ့လေ ယခုခေတ်
ကာလကြီး လို့တော့ အဲ့သလောက်ကြီး ပေါက်ကရ
ဖြစ်မည်တော့ မထင်ပါဘူး။

[IMAGE: https://i.ecency.com/DQmWNpZhHdRTLehzKXEBHGto1fQHZ9iF6Gfg2AvQXvuig1F/image_9e5593ae_1ea4_42a0_a098_a955c472ab9e7196236934856333597.jpg]

တနေ့က မိတ်ဆွေတဦးက ဗီဒီယိုဖိုင်တခု ပို့လာသည်။
အသက်ကြီးကြီးဘုန်းကြီးတပါး၏ မွေ့နေ့ဖြစ်မည်
ထင်ပါသည်။ မွေးနေ့ရှင် ဆရာတော်က သူ့ဖာသာ
ကုပ်ချောင်ချောင်လုပ်နေသည်။ သူ့ရှေ့မှာ
မွေးနေ့ကိတ်ကြီးတလုံးရှိသည်။ ဘေးမှာ ဘုန်းကြီး
တစ်ပါးနဲ့ လူအချို့ရှိသည်။ ဘုန်းကြီးနဲ့ လူအချို့က
ခုံများပေါ်မှာထိုင်နေသည်။ သူရို့အောက်မှာ
အမျိုးသမီးထုကြီးနှင့် ပရိတ်သတ်ရှိသည်။
ပရိတ်သတ်ရှေ့မှ အမျိုးသမီးကြီးတဦးက မိုက်ကိုင်
ကာ အသံနေ အသံထာဖြင့် ဟက်ပီဘတ်ဒေး
သီချင်းကို အားရပါးရ ဖြင့်သီဆိုနေသည်မှာ
ဂုဏ်ယူဝင့်ကြွားစွာရှိပေသည်။ သူမဆိုသည့်အတိုင်း
အနောက်မှ ပရိတ်သတ်ကလည်း လိုက်ပါသီဆိုကြသည်။
အဲ့ နောက်မှ ပရိတ်သတ်အနက် အံဩသမှုဖြင့်
ကြည့်နေသည့် မျက်လုံးအချို့ကိုလည်းတွေ့ရသည်။
ဟတ်ပီဘတ်ဒေး တူးယူ
ဟတ်ပီဘတ်ဒေး တူးယူ
ဟတ် ပီ ဘတ် ဒေး ဆရာတော်ဘုရား ဟု
ညီညာဖြဖြ ဆိုနေကြသည်မှာ အံ့ဖွယ် မြင်ကွင်းကြီး
ပါ‌လေ။

[IMAGE: https://i.ecency.com/DQmPBjyrkeWmmwMhTZdgr1m6p167oJgLRvNEFYEsQXia17R/image_0e1b8e31_aeda_46a7_97fa_53e2e8d97eb27699445494009960114.jpg]

နောက်တခါ ထိုမိတ်ဆွေကပင် ဗီဒီယိုဖိုင်တခု
ထပ်မံပို့လာပါသည်။ အသက်ကြီးကြီး အမျိုးသမီးကြီး
တဦး ဆွမ်းအုပ် အသေးတခုကို ကိုင်ပြီး
ဘုရားစင်အရှေ့မှာ ကပြနေသည်။ ဘုရားအား
ပူဇော်နေသည်ဟုသိရသည်။ ဆွမ်းအုပ်ထဲ
ဘာတွေထည့်ပြီး ပူဇော်သလဲတော့ မသိပေ။
ဆွမ်းအုပ်ကိုင်ပြီး တီးလုံးအတိုင်း ခြေဖျားလေး
ထောက်ကာ ထောက်ကာဖြင့် ကပြနေသည်မှာ
မည်သို့ပင် ပြောရမည်မသိပေ။

[IMAGE: https://images.ecency.com/DQmb6BTMfuUbV11VaDTgpnYqhVeabFWhPeav2PUf3ntR96H/img_0.7748282934145725.jpg]

[IMAGE: https://images.ecency.com/DQme6TYk9NjAqc7yWwtgyZ5FabhCxGAkMVxnsZS8FNeCM22/img_0.797363400401253.jpg]

နောက်တခါ လာပြန်ပြီဟေ့ ဆိုသလို။ ထိုဗီဒီယို
ကတော့ ကျွန်တော် ကိုယ်တိုင်ကြည့်မိသော
အရာဖြစ်ပါသည်။ ဘုန်ကြီးတပါးက ရေထဲသို့
ဆင်းကာ ဘုရားစာရွတ်ဖတ်တာလား၊ ဘာရွတ်ဖတ်
နေသလဲမသိ‌ပေ။ ပထမတော့ ခါးတဝက်
မှာ လက်အုပ်လေးချီပြီးရွတ်‌သည်။ နောက်တော့
တဖြည်းဖြည်းချင်း ရင်ဘတ်မှ လည်ပင်းထိ
ရေအနက်သို့ဆင်းသွားသည်။ နောက်တော့
ကတုံးပါမြုပ်သွားပြီး ရေပါ်မှာ ပက်လက်ကြီးလန်
သော အနေအထားဖြင့် ပြုလုပ်နေတော့သည်။
အင်း ဒါကလည်း တမျိုးထူးဆန်းအံ့ဩဖွယ်ရာ
အရာတခု ဖြစ်‌‌နေပြန်ပါသည်။ အခြားသော
ထူးထွေအံ့ရောများလည်း ရှိပါအုံးမည်။
မြန်မာပြည်ကြီး ကတော့ တနေ့တမျိုး မရိုးရအောင်
ပြုလုပ်နေတာ ကလားလေ။

@htwegyi
May 21, 2026

TAGS: [ #HIVE-MYANMAR ] [ #myanmar ] [ #life ] [ #nature ] [ #photo ] [ #lifestyles ] [ #photography ]

Replies

NO REPLIES FOUND.

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>