__________     __ __     __  _______    ________
  / ____/ __ \   / // /    / / / /  _/ |  / / ____/
 / / __/ / / /  / // /_   / /_/ // / | | / / __/
/ /_/ / /_/ /  /__  __/  / __  // /  | |/ / /___
\____/\____/     /_/    /_/ /_/___/  |___/_____/

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

နင်တို့နဲ့တော့လား အေ

BY: @htwegyi | CREATED: May 23, 2026, 9:31 a.m. | VOTES: 117 | PAYOUT: $0.90 | [ VOTE ]

မနေ့ညက မိုးတွေရွာတော့ ငယ်ဘဝကို
သတိရမိသည်။ လာနီညာတို့၊ အယ်နီညိုတို့ကြောင့်လည်း
ငယ်ဘဝကို သတိရသည်။ ကျွန်တော်က မန္တလေးသားဖြစ်သည်။
ဘူတာကြီး၊ ဆေးရုံကြီးနှင့် နန်းမြို့ရိုးကြီးအနီးမှာ မွေးဖွားခဲ့သည်။ မန်းရွှေမြို့ရဲ့ ကျုံးရေကိုသောက်ပြီး ကြီးပြင်းခဲ့သူဖြစ်သည်။
ထိုအကြောင်းအရာများကို အားတိုင်း Hive ပလက်ဖောင်းမှာ ရေးဘူးလေ့ရှိသည်။ Hive မိတ်ဆွေများကတော့ ကျွန်တော်ရဲ့ ပေါက်ကရ စာများကို အတော်ကို သီးညည်းခံပြီးဖတ်ခဲ့ကြရ
ပေမည်။

[IMAGE: https://i.ecency.com/DQmQedtznPdNQ9LjNLAMy7X58bj6FAUNWq6veUfzjNNfQ5b/20260523_145955.jpg]

မန္တလေးမြို့လယ်ခေါင်မှာ ကြီးပျင်းခဲ့သူဆိုပြီး
စွတ်ဆက် အထင်မကြီးပါလေနဲ့။ လူကပြား၊
လိုင်းတန်းလျား ဆိုသလို မီးရထားလိုင်းတန်းလျား
မှာကြီးပြင်းခဲ့သူဖြစ်သည်။ 78လမ်းမပေါ်၊
26B လမ်းနှင့် 28လမ်းကြားမှာရှိသော မီရထားလိုင်း
ခန်းများဖြစ်သည်။ ယခုအချိန်မှာတော့ အဆိုပါ
နေရာများသည် အရာရှိအိမ်ရာ၊ ဖုန်းဆိုင်ကြီးများ
နှင့် အခြားသော ဆိုင်ခန်းများစွာကို တွေ့ရပေမည်။

ထိုနေရာမှာ နေခဲ့ရသောအချိန်အခါက မန်းကျုံးရေ
များကို ဒလကြမ်း၊ အားချင်း၊ အာမနားတမ်း
အသုံးပြုခွင့်ရခဲ့ကြသည်။ ရေကို ပေါများစွာ၊
ပိုလျှံစွာ အသုံးပြုခွင့်ရသဖြင့် ရေကို ကံကောင်းစွာ
အသုံးပြုနိုင်ခဲ့သည်။ ဤသို့ ရေကို ပေါများစွာ
အသုံးပြုနိုင်ကြောင်း ရေးရခြင်းမှာ အခြားသော
မီးရထားလိုင်းခန်းများက ရေရှားပါးခဲ့ကြသည်။
ဘူတာကြီးတောင်ဘက်၊ လမ်းသုံးဆယ်တောင်ဘက်မှာ
ရှိသော ကကြီး၊ ခခွေး မီးရထားလိုင်းများမှာမူ
ရေခက်ခဲကြသည်။

[IMAGE: https://i.ecency.com/DQmahT4iPGMK9NnYRUCEzCLvzEfCoGcNyvwPVqrNqY947Le/image_4be3a162_69ab_434f_8fc6_9d07ea64c3166263165997455753579.jpg]

ကျွန်တော်ငယ်စဉ်က ရေကို ဘယ်ကရသလဲမေးပါရင်
ရေဘုံဘိုင်ခေါင်းက ရသည်ဟုပင် ဖြေရပေမည်။
ရေပိုက်ခေါင်းလေးကို လှည့်ပြီးဖွင့်သည့်အခါ
ရေများက ဒလဟောကျလာတတ်သည်။ ရေကို
ထိုသို့ အလွယ်တကူအသုံးပြုရတော့ ရေတန်ဘိုးကို
သတိမထားကြပေ။ ကလေးဘဝငယ်စဉ် ‌ထိုဘုံဘိုင်
ရေကို အသုံးပြုပြီး ရေပိတ်ဖို့ မေ့နေတတ်ကြသည်။
ထိုအခါ ရေများ အလကားဖြစ်ပေသည်။ ထို့သို့
ရေများ အလကားဖြစ်သဖြင့် ရေဘုံဘိုင်အနီးမှာနေသော
ကြီးဒေါ်ကြီးတဦးက နေ့စဉ် ဒိုင်ခံပြီး အော်ပြော၊ အော်ဆဲပါလေသည်။

" ဟေ့ အားတိုင်းမွေးတွေ"

[IMAGE: https://i.ecency.com/DQmei7DoMEKrBmXXNHHqUNCEKfktgBoTbytPQLpwssZQM4x/20180304_171503.jpg]

"ဖာသည်မနဲ့ ဝရမ်းပြေးနဲ့ မွေးတဲ့ဟာတွေ"

"ရေတွေဖွင့်ထားခဲ့ကြပြန်ပြီး။ နင်တို့နဲ့တော့လားအေ"

နောင်ပိုင်းမှာတော့ ရေဘုံဘိုင်အောက်မှာ အုတ်ရေကန်
လေးများထား‌ လေသည်။ အုတ်‌ရေကန်
လေးများရှိတော့ ဘုံဘိုင်မှ ကျသောရေများ
အလကားမဖြစ်တော့ပေ။ ဒါတောင် တခါတရံ
အုတ်ရေကန်လေးက ရေလျှံကျနေတတ်ပြန်ပါသည်။
ဘုံဘိုင်ခေါင်းက လူအများအသုံးပြုသဖြင့် ပျက်နေ
သောကြောင့်လည်း ရေလျှံကျခြင်းဖြစ်သည်။
လာနီညာနှင့် အယ်နီညိုတို့ကြောင့် ရေကြီးခြင်း၊
ရေရှားခြင်းများဖြစ်ပေါ်သည်ကို ငယ်စဉ်က
မကြားမိခဲ့ပါလေ။

@htwegyi
May 23, 2206

TAGS: [ #myanmar ] [ #nature ] [ #life ] [ #photo ] [ #lifestyle ] [ #palnet ] [ #trafficinsinder ] [ #HIVE-MYANMAR ]

Replies

@myanmarkoko | May 25, 2026, 4:20 a.m. | Votes: 0 | [ VOTE ]

ကျနော်ကတော့ ငယ်ငယ်က ရေခပ်ခဲ့ရတယ်။ ရေပုံကြီးနှစ်ပုံးကိုကိုင်ပြီး ရွာဘုံဆိုင် ရေတွင်းကနေ အိမ်အထိ ရေခပ်ခဲ့ရတာကို ပြန်သိရပေါ့။ မန်းလေးမှာ နေခဲ့ရတဲ့ ၈ နှစ်က ဟိုတယ်ဝန်ထမ်းဆိုတော့ မန်းလေးမှာ ရေရှားတဲ့ ပြဿနာကိုတော့ သိပ်ပြီး မကြုံခဲ့ရဘူး။ ဒါပေသိ မီးပျက်လို့ ရေမတင်နိုင်ရင်တော့ အတော်လေး ဒုက္ခရောက်ခဲ့ရတယ်။

!PIZZA
[IMAGE: https://media.tenor.com/w3EtMPBTB74AAAAC/ice-melting-red-bull.gif]

@pizzabot | May 25, 2026, 4:20 a.m. | Votes: 0 | [ VOTE ]

PIZZA!

$PIZZA slices delivered:
@myanmarkoko(2/5) tipped @htwegyi

Please vote for pizza.witness!

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>