____  ___    _  _     _   _ _____     _______
 / ___|/ _ \  | || |   | | | |_ _\ \   / / ____|
| |  _| | | | | || |_  | |_| || | \ \ / /|  _|
| |_| | |_| | |__   _| |  _  || |  \ V / | |___
 \____|\___/     |_|   |_| |_|___|  \_/  |_____|

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

Don't give up

BY: @hzerok | CREATED: May 22, 2018, 8:53 a.m. | VOTES: 71 | PAYOUT: $3.71 | [ VOTE ]

[IMAGE: https://steemitimages.com/DQmRuunYeX79huyBA8kd2aXPV66AtQDd2eszuBBE193Jd7b/34ff4cacf8ced06491a1bc439cd54e25--noragami-quotes-yukine-noragami.jpg]
Crd-org-source
ဘဝဆိုတာကြီးက မမျှတပါဘူး။
ဥာဏ်ကောင်းခြင်းလက်ဆောင်နဲ့ မွေးဖွားလာတဲ့ကလေးတွေ ရှိသလို
ဆန့်ကျင်ဘက် ဘဝနဲ့ရှင်သန်နေရတဲ့ ကလေးတွေလည်းရှိပါတယ်။
ကောင်းမွန်သော အရာတွေနဲ့ ပြည့်စုံနေတဲ့လူ တစ်ယောက်ကို ကောင်းမွန်မှုတွေ လက်ဆောင် မရထားတဲ့သူက ခေါင်းငုံ့ရစမြဲပါ။

ကိုယ်က အားနည်းတယ်၊
သူများထက်ပျော့ညံ့တယ်။
အဲအချက်တွေနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို မကျေမနပ် ဖြစ်နေပါသလား။
အဲဒါဆိုရင် အဲမကျေနပ်တဲ့ ခံစားချက်ကို ဆုပ်ကိုင်ထားလိုက်ပါ။
အဲဒါက သူများထက်မသာ သေးရင်တောင် ကိုယ့်ကိုယ် ကို အရှံးမပေးသေးဘူးဆိုတဲ့ သက်သေတစ်ခုပါဘဲ။
[IMAGE: https://steemitimages.com/DQmZu9u7CWrJgWBqeuYDVp2WpH9S63iiWz6VaxKEh57Eb2v/f33b8f0f688e5478879e7416f9f01573--sad-anime-anime-life.jpg]
Crd-org-source
ကိုယ့်ကိုယ်ကို အရှံးမပေးခြင်းက သူများထက် မသာရင်တောင် သူများ နည်းတူ အသက်ရှူလာ နိုင်ပါတယ်။
အကောင်းရှိရင် အဆိုးရှိဆိုသလို
ကိုယ့်ကိုယ်ကို အရှံးမပေးဘဲ ကြိုးစားတာကို လက်မခံတဲ့လူတွေလည်း ရှိပါတယ်။

သူတို့ရဲ့အတွေးထဲမှာ
"ဘာမှမလုပ်နိုင်တဲ့ လူတစ်ယောက်က ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်နေသင့်တယ်။
ဘာမှ မလုပ်နိုင်တာကိုလက်မခံဘဲ လုပ်ဖို့ကြိုးစားခြင်းက တခြားပင်ကိုယ်စွမ်းရည် အားနည်းသူတွေကို မျှောလင့်ချက်ပေးနေခြင်းဘဲ"ဆိုပြီး ကြိုးစားနေတဲ့ လူတွေကို မနာလိုမုန်းတီးပြီး ပျက်စီးအောင်လုပ်တတ်ကြတယ်။

သို့သော် ဂရုမစိုက်ပါနဲ့။
အားနည်းတဲ့လူတစ်ယောက် ဘာလုပ်နိုင်သလဲဆိုတာ ပြလိုက်ပါ။
လက်မပါဘဲ ပန်းချီဆွဲပြ နေတဲ့ လူတွေလည်းရှိတယ်။
အသံမကြားရပေမယ့် ဂီတသံစဉ်တွေကို စိတ်ထဲကနေ တစ်ဆင့် လူတွေရဲ့နားထဲ ကို မျှဝေပေးနေတဲ့လူတွေလည်းရှိတယ်။
စကားမပြောနိုင်ပေမယ့် ဝမ်းနည်းနေသူတွေကို နွေးထွေးမှု တွေပေးနေကြတယ့်လူတွေရှိတယ်။

သူတို့ဘာလို့ အဲလို့လုပ်နိုင်ကြတာလဲ။
ကျနော်ထင်ပါတယ်။
ကိုယ့်ကိုယ်ကို အရှံးမပေးလို့ပါဘဲ။
သူတို့ရဲ့စိတ်ထဲမှာ "ငါ့လို တခြားလူတွေအတွက်
ငါကနာမူနာဖြစ်စေရမယ်။
အားနည်းတာ က အပြစ်မဟုတ်ဘူး။အားနည်းတိုင်း အရှံးပေးစရာမလိုဘူး။"
စသဖြင့် ကမ္ဘာပေါ်က အားနည်းသူတိုင်းအတွက် ခွန်အားတစ်ရပ်အဖြစ် သူတို့ဘဝကို ကြိုးစားရပ်တည်ခဲ့ကြတယ်။

သင်ကရော?
သင့်ဘဝကို အလျှော့ပေးဖို့ ပြင်နေပီလား။
ပြန်တွေးလိုက်ပါ။
ကမ္ဘာ့ရဲ့ တစ်နေရာရာမှာတော့ သင့်ဘဝထက် ဆိုးတဲ့ဘဝကို ရင်ဆိုင် ကြိုးစားရှင်သန်နေကြတယ်ဆိုတာ ပြန်တွေးလိုက်ပါ။
အရှံးအနိုင်၊အောင်မြင်မှု ရှံးနိမ့်မှု ဆိုတာ လုပ်ကြည့်မှ သိမှာပါ။

မကြိုးစားကြည့်ဘဲ လက်မလျှော့ပါနဲ့။
လောကကြီးက ကိုယ့်ကို မတရားဘူးလို့ထင်ရင်
မတရားမှု ကို တရားမှုဖြစ်အောင် ကြိုးစားပြလိုက်ပါ။
ကိုယ့်ရှေ့မှာ နမူနာယူစရာ ပုဂ္ဂိုလ်ကောင်းတွေ မရှိရင်
သင်ကိုယ်တိုင် နမူနာကောင်းဖြစ်အောင် ကြိုးစားပြလိုက်ပါ။

သင်သာ မိဘမဲ့ကလေးတစ်ယောက်ဆို မိဘမေတ္တာငတ်မွတ်နေမှာပါ။
အဲဒါကြောင့် မိဘမဲ့ကလေးတစ်ယောက်ကို တွေ့လို့ မေတ္တာငတ်မွတ်နေတာ တွေ့ရင်
အလကားရတဲ့ မေတ္တာကို ဝေမျှပေးလိုက်ပါ။
တကယ့် အောင်မြင်မှု အစစ်ဆိုတာ
မိမိကြောင့် တခြားသူတွေရဲ့ဘဝ တစ်စုံတစိရာ ကောင်းကျိုးဖြစ်သွားခြင်းဘဲ ဖြစ်ပါတယ်။
အဲဒါကြောင့် ကိုယ့်ကိုယ်ကို အရှံးမပေးပါနဲ့။
အောင်မြင်အောင် ကြိုးစားပါ။
မိမိရဲ့ အောင်မြင်မှု ကိုတခြားသူတွေကို ဝေမျှပေးပါ။
ကိုယ့်ကြောင့် သူဘဝလေး တိုးတက်သွားအောင် ပိုနေရင်ကူညီပေးလိုက်ပါ။
လောကကြီးက ကိုယ့်ကို မတရားရင်
ကိုယ်က အဲလို မတရားမှုတွေခံနေရတဲ့ လူတွေအတွက် နမူနာကောင်းအဖြစ် ကြိုးစားပြလိုက်ပါ။
တနေ့တော့ မေတ္တာရောင်ပြန်ဟပ်လာမှာပါ။
[IMAGE: https://steemitimages.com/DQmYvmzZWYCESvuwv627NP7tdvpfVXhapSvdxtEzhYbmn9F/22bf667cc64af766f64eadd7fe0725d4.jpg]
Crd-org-source
စာဖတ်ရာတွင် နားမလည်မှုလေးတွေ ဖြစ်သွားပါက စာရေးသူ ကျတော်၏ အမှားမလို့ စာဖတ်သူ အားလုံးကို ဒီကဘဲကြို တောင်ပန်းပါတယ်။
ဖတ်ရှပေးလို့လည်း ကျေးဇူးတင်ပါတယ်။
မင်္ဂလာရှိသောနေ့ရက်လေး ဖြစ်ပါစေ။

@hzerok
MSC-121

TAGS: [ #myanmar ] [ #motivation ] [ #writing ] [ #blog ]

Replies

@lwanwai | May 22, 2018, 9:32 a.m. | Votes: 0 | [ VOTE ]

မဖြစ်နိင်ဘူးဆိုတာ မလုပ်ကြည့်ပါဘဲ ပြောလို့မဖြစ်သေးဘူးလေ😊😊

@hzerok | May 23, 2018, 2:12 a.m. | Votes: 0 | [ VOTE ]

လုပ်ကြည့်ရင် သိလာမှာပေါ့ ဗျာ
အဲဒါကိုမကြိုးစားဘဲလက်လျှော့နေကြတာ မကောင်းဘူးဗျာ

@sandipoe | May 22, 2018, 12:34 p.m. | Votes: 0 | [ VOTE ]

ဘဝဆိုတာ အသက်ရှိနေသ၍ မဆုတ်မနစ် ကြိုးစားတိုက်ယူရမယ့် တိုက်ပွဲတစ်ခုပါဘဲ

@hzerok | May 23, 2018, 2:14 a.m. | Votes: 0 | [ VOTE ]

သေဖို့ထက် မသေခင်ကြိုးစား ရုန်းကန်ရှင်သန်ရတာ မှတကယ်ခက်ခဲတာ
တိုက်သင့်တဲ့တိုက်ပွဲတစ်ခုပါ

@mgmglattt | May 22, 2018, 1:07 p.m. | Votes: 0 | [ VOTE ]

စိတ်ခွန်အားဖြစ်စေတဲ့စာတွေပါ
လိုက်နာသင့်တဲ့အချက်များစွာပါပါတယ်ကောင်းသောpostတစ်ခုပါ

@hzerok | May 23, 2018, 2:15 a.m. | Votes: 0 | [ VOTE ]

အခုလိုကြားရလို့ ရေးရတာအားတက်မိပါတယ်
ကျေးဇူးပါအကိုရေ

@mahaw | May 22, 2018, 1:13 p.m. | Votes: 0 | [ VOTE ]

အားနည်းချက်‌ ၊အားသာချက်‌က ကိုယ်‌ဘဲ သတ်‌မှတ်‌တာပါ။

@hzerok | May 23, 2018, 2:15 a.m. | Votes: 0 | [ VOTE ]

အားနည်းချက် အကြီး အကျယ်ရှိရင်တောင် အားနည်းချက်လို့ မမြင်ရင် တော်၂စိတ်ဓာတိခွနိအားကောင်းတာဘဲဗျာ

@nwenwe | May 22, 2018, 2:58 p.m. | Votes: 0 | [ VOTE ]

မကြိုးစားဘဲအားလျော့ နေလို့မရပါဘူး

@hzerok | May 23, 2018, 2:16 a.m. | Votes: 0 | [ VOTE ]

အမှန်ပေါ့အမရာ

@yekungsatthone | May 22, 2018, 3:06 p.m. | Votes: 0 | [ VOTE ]

ကောင်းတယ်​ဗျာ

@hzerok | May 23, 2018, 2:16 a.m. | Votes: 0 | [ VOTE ]

ဖတ်ရှပေးလို့ကျေးဇူးပါအကိုရေ

@asterkame | May 22, 2018, 3:19 p.m. | Votes: 0 | [ VOTE ]

အရမ်း​ကောင်းပါတယ်​...ကိုယ့်​ရဲ့စိတ်​အားထက်​သန်​မှုနဲ့ကြိုးစားမှု​ပေါင်းရင်​ဖြစ်​လာမှာပါ...

@hzerok | May 23, 2018, 2:17 a.m. | Votes: 0 | [ VOTE ]

ဘယ်လောက်ဘဲကြမ်းတမ်းပါစေ
အရှံးမပေးသရွေ့ အနိုင်ရနိုငိပါသေးတယိ

@kyi | May 22, 2018, 3:56 p.m. | Votes: 0 | [ VOTE ]

မေတ္တာဆိုတာ အလျား အနံ မရှိပေမဲ့ အသွားအပြန်ရှိပါတယ်လေ😊

@hzerok | May 23, 2018, 2:18 a.m. | Votes: 0 | [ VOTE ]

တို်င်းတာ လို့ မရနိုင်အောင် စွမိးအားကြီးမား တဲ့ မေတ္တာ
အပြန်ဆိုတာ တစ်ချိနိတော့ရှိလာမှာပါ

@theinzawlin | May 22, 2018, 11:26 p.m. | Votes: 0 | [ VOTE ]

အရမ်းတော်တယ် ညီလေး အစ်ကိုတို့ဘဝမှာ မွေးလာကတည်းက ပြည့်စုံတယ်ဆိုတာမရှိပါဘူး ပြည့်စုံလာအောင်ကြိုးစားဖို့က အစ်ကိုတို့တာဝန်ပါ

@hzerok | May 23, 2018, 2:20 a.m. | Votes: 0 | [ VOTE ]

အခုလို အားမြှောက်ပေးလို့ ရေးရတာ ကျေနပ်မိပါတယိ
ဖတ်ရှပေးလို့ ကျေးဇူးပါအကိုရေ
ပြည့်စုံအောင်မကြိုးစားဘဲ မပြည့်စုံတာကို အပြစ်တင်နေတဲ့လူတွေက ကိုယ့် အမှားကို ကိုယ်မမြင်ကြတဲ့လူတွေဗျာ

@phyozawooburmes | May 23, 2018, 1:20 a.m. | Votes: 0 | [ VOTE ]

ဒါ​ပေါ့​လေ ​မေတ္တာ ​လေးကိုမျှ​ဝေ​ပေးကြတာ​ပေါ့။

@hzerok | May 23, 2018, 2:21 a.m. | Votes: 0 | [ VOTE ]

အေးမျှ ငြိမ်းချမ်းတဲ့ အလကားရတဲ့ မေတ္တာကို ဖြန့်ဝေခံစားကြတာပေါ့ဗျာ

@winko | May 23, 2018, 2:17 a.m. | Votes: 0 | [ VOTE ]

အများကြးပေးသူ ဘာမှ ပြန်မရတဲ့သူ တွေ လောကမှာ အများကြီးပါ

@thihakoko | May 23, 2018, 4:07 a.m. | Votes: 2 | [ VOTE ]

အမှန်တော့ မပြည့်စုံမှုတွေကြားမှာ လူဖြစ်လာတာ ကျနော်တို့အပြစ်မဟုတ်ပါဘူး သေဆုံးတဲ့အချိန်ထိ ပြည့်စုံတဲ့ဘဝဖြစ်အောင် မကြိုးစားနိုင်သွားရင်သာ ကျနော်တို့ရဲ့ ညံ့ဖျင်းမှုပါ

@steemitboard | May 23, 2018, 5:22 a.m. | Votes: 0 | [ VOTE ]

Congratulations @hzerok! You have completed some achievement on Steemit and have been rewarded with new badge(s) :

[IMAGE: https://steemitimages.com/70x80/http://steemitboard.com/notifications/votes.png] Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.

To support your work, I also upvoted your post!
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

> Upvote this notification to help all Steemit users. Learn why here!

@uthantzin | May 23, 2018, 11:54 a.m. | Votes: 0 | [ VOTE ]

ရေးထားတဲ့ ပုံစံလေးဟာ စိတ်ခွန်အားဖြစ်စေပြီး ဘဝကို အရှုံးမပေးဖို့ ယုံကြည်ချက်ရှိရှိနဲ့ ကြိုးစားဖို့ တိုက်တွန်းထားတာပါ။စာဖတ်သူတွေအတွက် စိတ်ဝင်စားစရာကောင်းပြီး အားဖြစ်စေပါတယ်။ကြိုက်တယ်ဗျာ

@thetlyar | May 23, 2018, 12:10 p.m. | Votes: 0 | [ VOTE ]

sorry for late

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>