____  ___    _  _     _   _ _____     _______
 / ___|/ _ \  | || |   | | | |_ _\ \   / / ____|
| |  _| | | | | || |_  | |_| || | \ \ / /|  _|
| |_| | |_| | |__   _| |  _  || |  \ V / | |___
 \____|\___/     |_|   |_| |_|___|  \_/  |_____|

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

လှောင်အိမ်

BY: @hzerok | CREATED: May 16, 2018, 4:18 p.m. | VOTES: 66 | PAYOUT: $3.85 | [ VOTE ]

[IMAGE: https://steemitimages.com/DQmd2BG76ZHmhZ1A9dAFMxVAmk7FTDvXEELTnoQVrxtsApN/cage-t2.jpg]Crd-org-source
ချမ်းသာသည် ဖြစ်စေ
ဆင်းရဲသည် ဖြစ်စေ
လူတစ်ယောက်ရဲ့အောင်မြင်မှုသည်
ထိုအပေါ်တွင် မူတည်မနေပါ။
ချမ်းသာတဲ့မျိုးရိုးက ဆင်းသက်လာလို့
အဲလူမသေခင်အထိ ချမ်းသာသွားနိုင်တယ်လို့  ပြောလို့မရသလို
ဆင်းရဲတဲ့မိဘက နေမွေးဖွားလာရလို့
အဲကလေး
တစ်သက်လုံးဆင်းရဲ သွားမည်လို့လည်း မဆိုလိုနိုင်ပါ။

ငွေကြေးဥစ္စာ ချမ်းသာနေလို့ အဲလူကိုယ်ကျင့်တရား လည်းချမ်းသာတယ်ဟု မသတ်မှတ်နိုင်သလို
ဆင်းရဲသားတိုင်းက ကိုယ်ကျင့်တရားမကောင်းဘူးလို့ လည်း သတ်မှတ်မရပါ။
ပညာတတ်ကြီး ဖြစ်ပြီး အတတ်ပညာ တွေ ဘယ်လောက် တတ်ကျွမ်းနေပါစေ
အသိပညာ သာ ဒွန်တွဲပါမလာခဲ့ရင်
မကောင်းဆိုးဝါးကို လက်နက်တပ်ပေးလိုက်သလို
လူ့လောက အတွက် မိစ္ဆာမွေးဖွားလာခြင်းလို့ ပင်သတ်မှတ်ရတော့မည်။
[IMAGE: https://steemitimages.com/DQmS4eXfVXMjNEM8A97hCZPZYk7KyLWnbfsia46132Ph4Rx/2755643-demon-wallpapers.jpg]
Crd-org-source
လောကကြီးမှာ လူကောင်းလည်းရှိသလို
လူဆိုးလည်းရှိ၏။
ပညာတတ်တွေလည်း ရှိသလို ပညာမဲ့တွေလည်းရှိ၏။
ချမ်းသာပီး ကိုယ်ကျင့်တရား မကောင်းတဲ့လူတွေရှိသလို
ဆင်းရဲပြီး ကိုယ်ကျင့်တရားချမ်းသာ တဲ့လူတွေလည်းရှိ၏။
အောက်ခြေဘဝကနေ ထိပ်အမြင့်ဘဝသို့ ကြိုးစားတတ်နိုင်ခဲ့တဲ့လူတွေလည်း ရှိသလို ထိပ်ကနေ အောက်ပြုတ်ကျခဲ့ရသူများလည်း မြင်နေကြားနေရ၏။

မိဘကဆင်းရဲနေတာ အပြစ်တစ်ခုမဟုတ်ပါ။
မိဘ ဆင်းရဲတာကို ဆင်ခြေလုပ်ပီး
မိမိဘဝကိုပါ ဆင်းရဲနွံထဲက ရုန်းမထွက်ဘဲ
အနစ်ခံနေခြင်းက သာ အပြစ်စစ်ပါ။
အောင်မြင် ခြင်း ကျရှံးခြင်း အားလုံးရဲ့ အရင်းအမြစ်ကတော့ "မိမိကိုယ်ကို မိမိအားကိုး၍ ကြိုးစားခြင်း" ဖြစ်၏လို့ မြင်မိပါသည်။
[IMAGE: https://steemitimages.com/DQmUUozdMsy3UWjgjEmsGFbRf8c1WD4Fwf41uq2XHTNHMrG/cage-people.jpg]Crd-org-source
လူ့ဘဝထဲစဝင်လာ ကတည်းကမိဘရဲ အရိပ်အောက်မှာ အရွယ်ရောက်လာကြတယ်။
မိဘလျှော်ပေးတဲ့အဝတ်ကိုဝတ်တယ်။
ချက်ကျွေးတာစားတယ်။
လိုချင်တာရှိရင် လက်ဖြန့်တောင်းမယ်။
သွားချင်တာရှိရင် အဝတ်အစားလည်း ကောက်ထွက်မယ်။
ဘာလုပ်လုပ် မိဘလုပ်ပေးတဲ့အရာတွေကို ထိုင်စားနေကျတဲ့ လူငယ်တွေ ခုခေတ်မှာ များပြားလာတယ်။
ယူသင့်တဲ့ အရွယ်မှာ ယူတာ အပြစ်တစ်ခု မဟုတ်ပေမယ့်
မယူသင့်တဲ့အရွယ်မှာ ယူနေကျတာ မြင်ရတာ စိတ်ပျက်မိ၏။
ဒီလိုပြောလို့ ကျနော်ရော မယူတော့ဘူးလား?
ယူနေစဲပါ။
နယ်ကနေ မြို့ပြကို တက္ကသိုလ်လာတက်ရတဲ့ အချိန်က လွဲရင်
နယ်ပြန်ရောက်တာနဲ့ မိဘအရိပ်လို့ခေါ်တဲ့ လှောင်အိမ်ထဲကို ခြေစုံပစ်ဝင်ပီး ယူနေစဲပါ။
တစ်ခုတော့ ကိုယ့်ကိုယ်ကို ပြန်အားကိုးလာတယ်။
အဝတ်အစားကို တစ်နေ့ဝတ် တစ်နေ့ အဝတ်ခြင်းတောင်းထဲမထည့်တော့ဘူး။
လုပ်ဖူးမှသိဆိုသလို လျှော်ဖူးမှ ပင်ပန်းခြင်းကို သိလာတဲ့ကျနော်
မိဘလှောင်အိမ်ထဲရောက်သော်လည်း
အသိကပ်ပြီး အဝတ်အစားက အတတ်နိုင်ဆုံး ကြာရှည်ဝတ်ပါတယ်။
လူငယ်တွေကို လည်းအဲအသိလေးတွေ ရစေချင်တယ်။
အရာရာ ကို မိဘဘဲ အားကိုးနေရင် မိဘမရှိတော့ တဲ့ တစ်နေ့ လှော်တက်ပျောက်သလို ဖြစ်သွားရလိမ့်မယ်။
မည်သူ မဆို ကိုယ်ပိုင်လှော်တက်တစ်ချောင်း စီရှိသင့်ပါတယ်။
အဲဒါကြောင့် ကိုယ့်အားကို ကိုယ်ကိုးပါ။
ငွေကြေးကို အားမကိုးပါနဲ့။
ပညာကို အားကိုးပါ။
ငွေနောက်မလိုက်ပါနဲ့။
အကျင့်စာရိတ္တကောင်းမွန်ရာကို လိုက်ပါ။
သူများပြောတိုင်း မယုံပါနဲ့။
ပညာသင်တာ ဥာဏ်ကိုအားကိုးတတ်ဖို့အတွက်ပါ။
အမိမြေ တိုးတက်လာဖို့
ကိုယ်ကျင့်တရားကောင်းမွန်တဲ့ ပညာတတ်တွေပေါများလာပြီး
စစ်ပွဲတွေအစား ဆွေးနွေးညှိနှိုင်းပွဲတွေနဲ့ စည်းလုံးသော မြန်မာနိုင်ငံကြီး ဖြစ်လာပါစေ လို့ဆန္ဒပြုရင်း
အားလုံးဘဲမင်္ဂလာရှိသောနေ့ရက်လေး
ဖြစ်ပါစေ.......

@hzerok
MSC-121

TAGS: [ #myanmar ] [ #motivation ] [ #writing ] [ #blog ]

Replies

@asterkame | May 16, 2018, 4:47 p.m. | Votes: 0 | [ VOTE ]

ကိုယ့်​အားကိုယ်​ကိုးတာ​ကောင်းပါတယ်​​လေ...​ကောင်း​သောအ​တွေးပါ...

@hzerok | May 18, 2018, 1:03 a.m. | Votes: 0 | [ VOTE ]

ဟုတ်တယ်အမရေ

@lwanwai | May 16, 2018, 4:59 p.m. | Votes: 0 | [ VOTE ]

ညီနဲ့ထပ်တူပဲ ဆန္ဒပြုပီပါတယ်ဗျာ😊

@hzerok | May 18, 2018, 1:04 a.m. | Votes: 0 | [ VOTE ]

အမြန်ဆုံး ငြိမ်ချမ်းသွားကျပါစေဗျာ

@generalpyone | May 16, 2018, 5:29 p.m. | Votes: 0 | [ VOTE ]

ကိုယ့်အားကိုယ်ကိုးမှ ရတဲ့ ချမ်းသာသုခ ဟာ တည်ုမဲပါတယ်လေ သူများအားကိုးတဲ့ ချမ်းသာသုခ က ခဏတာပါ

@hzerok | May 18, 2018, 1:06 a.m. | Votes: 0 | [ VOTE ]

အမှန်ဘဲအကိုရေ
ခဏဘဲသူများအားကိုးရင်

@theinzawlin | May 16, 2018, 11:26 p.m. | Votes: 0 | [ VOTE ]

ညီရဲ့ခံယူချက် စေတနာတွေကို မြင်နေရတယ်ဗျာ အရမ်းကောင်းပါတယ် ညီလိုချင်သောဘဝမျိုးကိုလည်း ပိုင်ဆိုင်နိုင်ပါစေဗျ

@hzerok | May 18, 2018, 1:07 a.m. | Votes: 0 | [ VOTE ]

ပေးတဲ့ဆုနဲ့ပြည့်ရပါလို၏ အကိုရေ
ဖတ်ရှပေးလို့ကျေးဇူးပါ

@winko | May 17, 2018, 1:43 a.m. | Votes: 0 | [ VOTE ]

လောကနီတိလေးတွေ မှတ်သားထိုက်ပါတယ်ဗျ

@hzerok | May 18, 2018, 1:07 a.m. | Votes: 0 | [ VOTE ]

အခုလိုကြားရလို့ ရေးရတာ အားဖြစ်မိပါတယ်ဗျာ

@mahaw | May 17, 2018, 1:59 a.m. | Votes: 0 | [ VOTE ]

ကိုယ့်‌သမိုင်း ကိုယ်‌ဘဲ‌ရေးရမှာပါ။

@hzerok | May 18, 2018, 1:08 a.m. | Votes: 0 | [ VOTE ]

ဒါပေါ့ဗျာ

@mgmglattt | May 17, 2018, 3:39 a.m. | Votes: 0 | [ VOTE ]

မှန်ကန်တဲ့စကားတွေပါ
ပညာရွှေအိုးလူမခိုးပါ

@hzerok | May 18, 2018, 1:09 a.m. | Votes: 0 | [ VOTE ]

ပစ္စည်းဥစ္စာကမှ ရန်သူမျိုးငါးပါကြောင့်ပျက်စီးနိုင်သေးတယ်
ပညာကတော့ သေသည့်တိုင် ကိုယ့်ရဲ့အားကိုးဖော်ရာပါ

@steemitboard | May 17, 2018, 12:38 p.m. | Votes: 0 | [ VOTE ]

Congratulations @hzerok! You have completed some achievement on Steemit and have been rewarded with new badge(s) :

[IMAGE: https://steemitimages.com/70x80/http://steemitboard.com/notifications/posts.png] Award for the number of posts published

Click on any badge to view your own Board of Honor on SteemitBoard.

To support your work, I also upvoted your post!
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

> Upvote this notification to help all Steemit users. Learn why here!

@sandipoe | May 17, 2018, 2:39 p.m. | Votes: 0 | [ VOTE ]

ကိုယ်သည်သာ ကိုယ့်ဘဝရဲ့ပဲ့ကိုင်ရှင်ပါဘဲ

@hzerok | May 18, 2018, 1:10 a.m. | Votes: 0 | [ VOTE ]

ဟုတယ်အမရေ
ဒါကိုလူငယ်တွေစောစော သဘောပေါက်စေချင်တယ်

@thihakoko | May 17, 2018, 4:23 p.m. | Votes: 2 | [ VOTE ]

သူများထက်ခေါင်းတစ်လုံးပိုတဲ့ အတွေးအခေါ်တွေနဲ့ ကိုယ့်အားကိုယ်ကိုးနိုင်အောင် ကြိုးစားရမှာပါ

@hzerok | May 18, 2018, 1:11 a.m. | Votes: 0 | [ VOTE ]

သူများထက်ခေါင်းတစ်လုံးမပို လို့ကတော့ ဘာလုပ်လုပ် အောင်မြင်ချင်အောင်မြင်ပေမယ်နောက်ကောက်တော့ ကျမယ်ထင်မိတယ်အကိုရေ

@kyi | May 18, 2018, 1:18 a.m. | Votes: 0 | [ VOTE ]

နိုင်ငံတိုးတက်ဖို့ကို ပညာတတ်တွေနဲ့ ဦးဆောင်ရမယ် အာ့မမ ခံယူချက်😊

@uthantzin | May 18, 2018, 6:43 a.m. | Votes: 0 | [ VOTE ]

မိဘအရိပ်အောက်နေတုန်းတော့ ဟုတ်နေတာပဲ။အဲဒီအချိန်မှာကတည်းက မိမိကိုယ်မိမိသတိထားပြီး ပြုပြင်နေရမယ်ဆိုတာလေး ကြိုက်ပါတယ်။ဒါမျိုး အဖြစ်များနေကြတော့ ဒီအချက်လေးထောက်ပြထားတာ ကောင်းမွန်လှပါတယ်။မိမိကိုယ်သာကိုးကွယ်ရာပါ မှန်ပါတယ်ခင်ဗျာ

@nannhtike | May 18, 2018, 7:39 a.m. | Votes: 0 | [ VOTE ]

တိုးတတ်အောင်ကြိုးစားဖို့လိုကြပါတယ် ဝိုင်းဝန်းလို့ပေါ့

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>