___|  _ \   |  |    |   |_ _|\ \     / ____|
 |     |   |  |  |    |   |  |  \ \   /  __|
 |   | |   | ___ __|  ___ |  |   \ \ /   |
\____|\___/     _|   _|  _|___|   \_/   _____| 

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

Life Lesson-2

BY: @hzerok | CREATED: April 28, 2018, 4:09 p.m. | VOTES: 66 | PAYOUT: $8.33 | [ VOTE ]

ဒီနေ့တော့ ကျန်နေသေးတဲ့ ဦးထုပ်လေးတွေ ဖြစ်တဲ့
၃.ဦးထုပ်ပြာ (Blue Hat)
၎.ဦးထုပ်ဝါ (Yellow Hat)
၅.ဦးထုပ်နီ (Red Hat)
တို့အကြောင်း ဆက်ရှင်းပြပါ့မယ်။

၃.ဦးထုပ်ပြာ(Blue Hat)
ဒီကောင်ကျတော့ Leader Mindရှိတဲ့လူတော်တော်များများမှာတွေ့ရတယ်ဗျ။
ဦးထုပ်ပြာတွေက ကိစ္စ၊ပြဿနာ၊မိမိအဖွဲ့ တာဝန်ပြီးမြောက်ရေးအတွက် ဆောင်ရွက်တယ်။
ဆောင်ရွက်နေစဉ်မှာ မိမိတစ်ဦးတည်းက ငါခေါင်းဆောင်ဘဲကွဆိုပြီး အဖွဲ့သားတွေအပေါ် မာန်မာနမထားဘဲ အဖွဲ့သားတွေ သာတူညီမျှအခွင့်အရေးရရှိရေး၊
မညီမျှမှုတွေ မဖြစ်အောင် ဂရုစိုက် ဦးဆောင်လှုပ်ရှားပေးတယ်။
ငါခေါင်းဆောင်ဘဲ၊ငါပြောတဲ့အတိုင်းလုပ်ရမယ်၊ငါ့အစီအစဉ်ကအမှန်ဘဲဆိုပြီး ငါတစ်ကိုယ်တည်းဆွဲမနေဘဲ အားလုံးရဲ့စကားသံကိုနားထောင်ပေးပြီး
မိသားစုသဖွယ်ဖြစ်အောင် ဦးဆောင်သွားပေးတယ်။
မညီမျှမှုတွေရှိနေရင် ညီမျှအောင်လုပ်ပေးတယ်။
ဒီခေတ်ကြီးထဲမှာ ဒီလိုဦးထုပ်သမားတွေတော်တော် လိုတယ်ဗျ။
[IMAGE: https://steemitimages.com/DQmYrmq52RA5Gk6U5An2616bxfgeX79DTnMAfoyYgcrNieN/blue%20hat.jpg]

၅.ဦးထုပ်ဝါ(Yellow Hat)
သူတို့တွေကျတော့ သူတစ်ပါးရဲ့အကြံဥာဏ်အပေါ် အမြဲအကောင်းမြင်ပေးပီးတော့ အားသာချက်တွေကိုဖော်ထုတ်ပေးတယ်။
အခက်အခဲတွေ့နေစဉ်မှာတောင် အကောင်းမြင်စိတ်ဓာတ်(Positive Thinking)ကြောင့် အပြုသဘောဆောင်တဲ့ အခွင့်အလမ်းတွေကို ဖော်ဆောင်ပေးကြတယ်။
ဥပမာအနေနဲ့ ပြရမယ်ဆိုရင် စာမေးပွဲ
ကျဖို့သေချာနေတဲ့ သူငယ်ချင်းတစ်ယောက် စိတ်ဓာတ်ကျအားငယ်နေချိန် "သူငယ်ချင်းစိတ်ဓာတ်မကျပါနဲ့ကွာ။စာမေးပွဲကမဖြေရသေးပါဘူး။မင်းရအောင်လုပ်လို့ရပါသေးတယ်။အဆိုးဆုံးကွာ ကျတယ်ဘဲထား။နောက်နှစ်သူငယ်ချင်းအသစ်တွေရတာပေါ့"။အဲဒီလိုမျိုးဘယ်လောက်ခက်ခဲနေပါစေ အပြုသဘောဆောင်တဲ့ ဖြေရှင်းချက်တွေထုတ်ပေးနိုင်သူတွေပေါ့။အဖွဲ့တစ်ခုမှာ သူတို့သာပါရင် အလုပ်လုပ်ရတာ အားတက်ဖို့ကောင်းတာတော့ အမှန်ဘဲဗျာ။
[IMAGE: https://steemitimages.com/DQmRaGpyZ5RUrccPJwnXsnCTE4gJvezEnGh9uY3W6MqMeKp/Yellow%20Hat.jpg]

၆.ဦးထုပ်နီ(Red Hat)
အပြင်လူတွေမြင်မည့် အမြင်ကိုကြိုတင် စဉ်းစားတွေးမြင်တတ်တယ်။
အပြင်လူတွေဘယ်လို မြင်လိမ့်မလဲဆိုတာ အမြဲထည့်စဉ်းစားကြတယ်။
[IMAGE: https://steemitimages.com/DQmTU5rSw4dGYwc1ZSFk3J4vMvBkmi3X2uExWzhHU4JqsBg/red%20hat.jpg]
ကဲဦးထုပ်၆လုံးလည်းပြီးပြီ။
ဒီနေရာမှာ ညီဒီပို့စ်ရေးရတဲ့အကြောင်းအရင်းက
အကိုတွေအမတွေ အကုန်လုံးကို
ဘယ်လိုအခြေအနေမှာ ဘယ်လိုဦးထုပ်ကိုဆောင်းသင့်လဲ၊ကိုယ်ကဘာကိုအမြဲဆောင်းနေကြလူမျိုးလဲ စသဖြင့် ဆန်းစစ်ကြည့်စေချင်မိတယ်။
ဦးထုပ်တစ်လုံးဘဲ အမြဲဆောင်းရမယ် လို့မဆိုလိုသလို အမြဲတစ်လုံးတည်းဆောင်းဖို့တော့ ညီကိုယ်တိုင်လည်းအားမပေးပါဘူး။
အခြေအနေနဲ့ အချိန်အခါအပေါ်မူတည်ပြီး
ဘယ်ဦးထုပ်ဆောင်းသင့်လဲ(၁လုံးဆောင်းရင်လုံလောက်လား၊မလုံလောက်ရင် ဘယ်ဦးထုပ်တွေထပ်ဆောင်းသင့်လဲ) စသဖြင့် မှန်ကန်စွာရွေးချယ်ဆောင်းနိုင်ကြပါစေ။

ဆက်လက်၍
စကားကြီး၆ခွန်း အကြောင်းမျှဝေပေးပရစေ။
၁.ပြောရမည့်စကားသည် မှန်သည်။သို့သော် အကျိုးမရှိ။နားဝင်တော့ချို၏။
၂.ပြောရမည့် စကားသည် မှန်သည်။ အကျိုးမရှိ။နားဝင်လည်းမချို။
၃.ပြောရမည့် စကားသည် မမှန်။ အကျိုးတော့ရှိ၏။ နားဝင်လည်းချို၏။
၎.ပြောရမည့် စကားသည် မမှန်။ အကျိုးလည်းမရှိ။ နားဝင်လည်း မချို။
၅.ပြောရမည့် စကားသည် မှန်သည်။ အကျိုးလည်းရှိသည်။ နားဝင်တော့မချိုပေ။
၆.ပြောရမည့် စကားသည် မှန်သည်။ အကျိုးလည်းရှိသည်။နားဝင်လည်းချိုသည်။
ဆိုရိုးစကားလေးတစ်ခုရှိတယ် အကိုတို့အမတို့ရေ။
"စကားကြီးခြောက်ခွန်း လူ၌ထွန်း၊(၄)ခွန်းကိုပယ်၊(၂)ခွန်းသွယ်"တဲ့။
အဲ(၂)ခွန်းကတော့ နံပါတ်၅နှင့်၆ ဖြစ်တဲ့
၅.မှန်မယ်၊အကျိုးလည်းရှိတယ်၊နားဝင်တော့မချို(အမှန်တရားကခါးသီးသလိုမျိုးပေါ့)
၆.မှန်မယ်၊အကျိုးလည်းရှိမယ်၊နားဝင်လည်းချိုတယ်။(သူတစ်ပါးအောင်မြင်တာကို ချီုးကျူးဂုဏ်ပြု မုဒိတာပွားသလိုပေါ့ဗျာ)
ဒီနှစ်ခွန်းကို နေ့စဉ်နဲ့အမျှ ပြောဆိုနိုင်ကြပါစေ လို့ ဆန္ဒပြုရင်း.......
အားလုံးဘဲမင်္ဂလာရှိသော နေ့ရက်လေးဖြစ်ကြပါစေ........
@hzerok
MSC-121
Photos from Google

TAGS: [ #myanmar ] [ #motivation ] [ #writing ] [ #blog ]

Replies

@asterkame | April 28, 2018, 5:14 p.m. | Votes: 0 | [ VOTE ]

ကျန်​တဲ့ဦးထုပ်​​တွေလည်းသိချင်​​နေတာဖတ်​ရသွားတယ်​...​နောက်​လည်းဒီလို​လေး​တွေလုပ်​ပါဦး...အား​ပေးပါ့မယ်​...

@hzerok | April 30, 2018, 3:57 a.m. | Votes: 0 | [ VOTE ]

ဟုတ်ကဲပါအမရေ
သိထားသလောက်လေးတွေဆက်လက်မျှဝေသွားပါ့မယ်

@gelatofresco | April 28, 2018, 5:15 p.m. | Votes: 0 | [ VOTE ]

ကျနော်ကတော့ဦးထုတ်သိပ်မဆောင်းဖြစ်ဘူးဗျဒါပေမယ့်ဗဟုသုတတော့ရပါတယ်ဇီးရိုးကိုလွမ်းတဗျာ

@hzerok | April 30, 2018, 4:01 a.m. | Votes: 0 | [ VOTE ]

ညီလည်းအကို့ကို လွမ်းပါတယ်ဂျာ

@yuzana | April 28, 2018, 5:32 p.m. | Votes: 0 | [ VOTE ]

စကာကြီး ​ခြောက်​ခွန်းက​တော့မှတ်​သားထိုက်​ပါတယ်​ဗျာ

@hzerok | April 30, 2018, 3:58 a.m. | Votes: 0 | [ VOTE ]

ညီလည်းသင်တနိးတက်တုန်းကမှသိခွင့်ရခဲ့တာ

@winko | April 28, 2018, 5:37 p.m. | Votes: 0 | [ VOTE ]

ဦးထုပ်အနီလေးပဲ ထပ်ဖြစ်ပါရစေဗျာအကို

@hzerok | April 30, 2018, 3:58 a.m. | Votes: 0 | [ VOTE ]

ဖြစ်ပါစေဗျာ

@mahaw | April 28, 2018, 11:05 p.m. | Votes: 0 | [ VOTE ]

မနှစ်‌သာရရှိတဲ့ Post ‌လေးပါ။တင်‌ ပြပုံ‌လေး‌ကောင်းပါတယ်‌။ ဦးထုပ်‌‌လေး‌တွေ ကို ကြိုက်‌တဲ့အချိန်‌‌ဆောင်းလို့ရ‌အောင်‌ ပိုင်‌ဆိုင်‌‌နေဘို့ လိုပါတယ်‌။

@hzerok | April 30, 2018, 4 a.m. | Votes: 0 | [ VOTE ]

ပိုင်ဆိုင်နိုင်ပါစေဗျာ

@mgmglattt | April 29, 2018, 12:25 a.m. | Votes: 0 | [ VOTE ]

ဦးထုပ်အရောင်တွေမှာသူ့အဓိပ္ပါယ်နဲ့သူရှိနေတာ
သိလိုက်ရလို့ကျေးဇူးပါ

@hzerok | April 30, 2018, 4:01 a.m. | Votes: 0 | [ VOTE ]

အခုလိုမျှဝေခွင့်ရလို့ပျော်မိပါတယ်ဗျာ

@tunnaingwin | April 29, 2018, 12:35 a.m. | Votes: 0 | [ VOTE ]

ဘဝအတွက သင်ခန်းစာပေးတာ ကျေးဇူးပါ

@hzerok | April 30, 2018, 3:55 a.m. | Votes: 0 | [ VOTE ]

ပေးခွင့်ရလို့ဝမ်းသာမိပါတယ်ဗျာ

@theinzawlin | April 29, 2018, 12:50 a.m. | Votes: 0 | [ VOTE ]

ကျွန်တော်ကတော့ ဦးထုပ်ဆောင်းတတ်ဖို့ လိုအပ်နေသေးတယ်ဗျ ဆက်လက်ကြိုးစားရဦးမယ် အခုလိုတင်ပြပေးတဲ့အတွက် ကျေးဇူးပါဗျ

@hzerok | April 30, 2018, 4:02 a.m. | Votes: 0 | [ VOTE ]

ညီလည်း ဆောင်းနိုင်အောင်ကြိုးစားနေဆဲပါ

@lwanwai | April 29, 2018, 10:01 a.m. | Votes: 0 | [ VOTE ]

ဦးထုတ်လေးတွေနဲ့ ခွဲပြသွားတာအရမ်းကောင်းတယ်ဗျာ😊😊

@hzerok | April 30, 2018, 4:02 a.m. | Votes: 0 | [ VOTE ]

အခုလိုကြားရလို့ဝမ်းသာမိပါတယ်

@uthantzin | April 29, 2018, 3:03 p.m. | Votes: 0 | [ VOTE ]

ဦးထုပ်လေးတွေနဲ့ လေးနက်တဲ့ အဓိပ္ပါယ်ကိုတစ်ခုချင်းစီ အသုံးချတတ်အောင် ရေပြထားတာ အရမ်းသဘောကြစရာကောင်းပါတယ်။ဒါ့အပြင် စကားကြီးခြောက်ခွန်းပါ လက်ဆောင်ပေးသွားသေးတယ်ဗျာ။ကောင်းလှပါဘိအစ်ကို

@hzerok | April 30, 2018, 4:04 a.m. | Votes: 0 | [ VOTE ]

ခုလိုလေးတွေကြားရတော့ရေးရတာအားတက်မိပါတယ်ဗျာ

@kyi | April 29, 2018, 6:07 p.m. | Votes: 0 | [ VOTE ]

မမက အရောင်စုံကြိုက်နေရော အကုန်ဆောင်း ပါရစေ😊👒👒👒

@hzerok | April 30, 2018, 4:03 a.m. | Votes: 0 | [ VOTE ]

အကုန်ဆောင်းနိုင်တော့ ဘယ်အခြေအနေမဆိုဖြေရှင်းနိုငိတာပေါ့အမရယ်
ဆောင်းဗျာအားပေးတယ်

@thihakoko | April 30, 2018, 1:59 a.m. | Votes: 2 | [ VOTE ]

အရောင်ထဲမှာတော့ အပြာရောင်ကို အကြိုက်ဆုံးဘဲဗျာ

@hzerok | April 30, 2018, 4:03 a.m. | Votes: 0 | [ VOTE ]

ညီလည်းအပြာအကြိုကိဆုံးဘဲဆောင်းဖို့တော့ကြိုးစားနေတုန်းပါဘဲ

@booster | April 30, 2018, 7:56 a.m. | Votes: 0 | [ VOTE ]

This post has received a 0.72 % upvote from @booster thanks to: @hzerok.

@hzerok | April 30, 2018, 1:53 p.m. | Votes: 0 | [ VOTE ]

ကျေးဇူးပါ

@sandipoe | April 30, 2018, 12:56 p.m. | Votes: 0 | [ VOTE ]

ဦးထုပ်အနီလေးဖြစ်ခြင်ပါတယ်

@hzerok | April 30, 2018, 1:52 p.m. | Votes: 0 | [ VOTE ]

ဖြစ်ရပါစေဗျာ

@kengtong | May 2, 2018, 2:30 a.m. | Votes: 0 | [ VOTE ]

သမီးလေးကို vote ပေးပါ Number 3 https://steemit.com/steem/@kengtong/please-vote-for-candidate-number-3 thank you 🙏 very very much

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>