+-+-+ +-+ +-+-+-+-+
|G|O| |4| |H|I|V|E|
+-+-+ +-+ +-+-+-+-+

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

Safety

BY: @hzerok | CREATED: May 26, 2018, 2:25 p.m. | VOTES: 52 | PAYOUT: $3.68 | [ VOTE ]

[IMAGE: https://cdn.steemitimages.com/DQmdatVKYbkyuuhGj5iByDCxEtZg9seTwph561TL7dtimK4/safetyman.jpg]
Crd-org-source
လူတွေက ပြောကျပါတယ်။
"Safety is First"ဆိုတဲ့စကားကို။
ဒါပေမယ့် လိုက်နာတဲ့ လူရှားပါတယ်။
ဆောက်လုပ်ရေးခွင်တွေ နဲ့ တကယ်လုပ်ငန်းကြီးတွေက လွဲပြီး ကျန်တဲ့နေရာမှာ Safetyဆိုတဲ့ အရာကို ပေါ့ပေါ့ပါးပါးဘဲ ကျင့်သုံးနေကြပါတယ်။

[IMAGE: https://cdn.steemitimages.com/DQmPaDzL8N3dEeoymijFXBeaXd2DDwZ6GhRHdBjvkPv3Qxb/995fb57baf9f91e4e882eb3c15e6cc5f-736x437.jpg]
Crd-org-source

ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်စီး ဦးထုပ်ဆောင်းဖို့ဆိုတာ အသက်တစ်ခု ကို Safetyဖြစ်အောင် ချမှတ်ထားတဲ့ အရာပါ။
ဘယ်အချိန်မှာ ဘာအန္တာရယ်နဲ့ကြုံမှန်း မသိနိုင်တဲ့ အတွက် မဖြစ်ခင် ကြိုတင်ကာကွယ် နိုင်အောင် သင်၏အသက်ကို နိုင်ငံတော်က အလေးထား ကာကွယ်ပေးနေတာပါ။
လိုက်နာ ဖို့ကတော့ ပြည်သူတွေရဲ့တာဝန်ပေါ့။
ဒါပေမယ့် မလိုက်နာတာများပါတယ်။
ဒါကို ကြည့်ချင်းဖြင့် Safetyကို ကလေးကစား စရာလို ခံယူနေတာကို မြင်တွေ့နိုင်ပါတယ်။

[IMAGE: https://cdn.steemitimages.com/DQmNgQz825UzhTW78PXAXDQEW6P63rNJETzvdkgbPj1L8T9/Future-of-Workplace-Safety.jpg]
Crd-org-source

ဆိုင်ကယ်မောင်း လျှင်လည်း လိုရာခရီးကို ဘေးရန်ကင်းစွာရောက်ဖို့ ဆိုတဲ့အရာကို လစ်လျှုရှုထားကြတယ်။
လိုအပ်တဲ့ အရှိန်ထက် ပိုမောင်းကြတယ်။
ဘာမှ မဖြစ်လျှင် ကောင်းပေမယ့်
တစ်ခုခုဖြစ်သွားခဲ့ရင် ပထမဦးဆုံး အထိနာမှာတော့ မိမိကိုယ်တိုင်ပါဘဲ။
တစ်ခုခုဆိုတဲ့ အရာက ဆိုင်ကယ်တိုက်တာ တစ်ခုတည်းမဟုတ်ပါဘူး။
မိမိစီးတဲ့ ဆိုင်ကယ်ကို မိမိ မပိုင်ပါဘူး။
ဆိုင်ကယ် ဘရိတ်ဘယ်အချိန် ထိပြတ်မလဲ မပြောနိုင်သလို အရှိန်လွန်တင်မောင်းရင်း စက်တစ်စုံတစ်ရာ ဘာဖြစ်သွားမလဲ မပြောနိုင်ပါ။
ဘယ်အရာမှ အစိုးမရပါ။
အဲဒါကြောင့် စည်းကမ်းကို လိုက်နာပါ။
Safetyကို လေးစားပါ။

[IMAGE: https://cdn.steemitimages.com/DQmXhYxNMfE8dDs9BXtj9nzUh1MP1WzEmijGJ1GdoxSUSfU/344d8258f7db4b3b21a4e721ba24c3ab--electrical-safety-safety-tips.jpg]
Crd-org-source

အိမ်တွင်း မီးဆင်ကြတယ်။
Socketတွေတပ်ကြတယ်။
ပန်ကာတွေဆင်ကြတယ်။
မီးကြိုးတွေသွယ်ကြတယ်။
Switchတွေဆင်ကြတယ်။
ဒီနေရာမှာ လူတွေက Rulesတွေကို မလိုက်နာကြသလို Safetyကိုလည်း မလေးစားတာ မြင်နေရပါတယ်။
အိမ်တစ်လုံးမှာ မီတာboxတပ်ပီး breaker(or)
Knife Switchထဲ ကြိုး၂စအမြဲထားခဲ့ပါတယ်။
Neutralနဲ့Phaseပါ။
ကျန်တာကတော့အိမ်တွင်းမီးင်ေမဲ့လူတွေ ဆက်လုပ်ရမဲ့ အပိုင်းပါ။ဒီမှာ ဘာတွေ့ရလဲဆိုတော့ ကနဦးဆင်တဲ့ လူက ဆင်ပြီး လို့ အိမ်တစ်လုံးမီးစသုံးလို့ ရပီဆိုတာ နဲ့ လိုအပ်တာကို ထပ်တပ်ကြတဲ့ အခါ ရှေ့သွားနောက်မညီ ဆိုသလို ထင်တိုင်းတွေ ဆင်နေကြတာ မြင်နေရပါတယ်။
Socketဆိုတဲ့ အရာကို Neutralတစ်ကြိုး ပြေးပေးရမယ်ဆိုတဲ့ အခြေခံ အချက်လေးကို အလေးမထား ပတ်လမ်းမှန် မီးရောက်ပီး ရောဆင်နေကြတာ မြင်နေရပါတယ်။
လျှပ်စစ်ဆိုတဲ့ အရာက ငြိမ်နေတာပါ။
သွားမစမိလိုက်နဲ့။ အသက်ပါပေးရလောက်အောင် ပြန်တုံ့ပြန်တဲ့အရာပါ။
အဆိုးဆုံးမြင်နေရတာက
မီးဆင်လို့ ခလုတ်မီးမဝင်တဲ့ အခါ မီးဝင်အောင် ပြန်လုပ်ကြရာမှာ မိန်းကို မချ
လျှပ်စစ်ရှိနေချိန်မှာ မီးဆင်နေကြတာ ပါဘဲ။
အသက်ကို လက်တစ်လုံးခြား လုပ်ဆောင်နေကြတာ Safetyကို မလေးစားတာပါဘဲ။

[IMAGE: https://cdn.steemitimages.com/DQmQ9gLX1Pc2VXLxwMhGRwDBhH7Mjo7FCg8tvnthYedYRri/31c9b0565783f486ae71e092174d6a57--safety-posters-fire-safety-poster.jpg]
Crd-org-source

နောက်တစ်ခုက Overloadတွေသုံးနေခြင်းပါဘဲ။
လိုတာထက် ပိုသုံးတဲ့အခါHeatတွေ တက်
Wireကြိုးတွေပေါက် Shockတွေဖြစ်၊
အဆိုးအဆုံး လူ့အသက်ကို ပါအန္တရာယ် ပြုလာနိုင်ပါတယ်။
ဒါကြောင့် လိုတာကို သုံးပါ။
မိမိ အသုံးပြုမဲ့load ကိုဂရုပြုပါ။
Overloadမဖြစ်စေဖို့ အလေးထာပါ

ဘယ်အရာမှာမဆို သူ့နေရာနဲ့သူ လိုက်နာ ကျင့်သုံးရမယ့်Rulesတွေရှိပါတယ်။
Safetyကို အလေးပေးတဲ့Rulesတွေဆို
အတတ်နိုင်ဆုံးလိုက်နာ ကျင့်သုံးစေလိုပါတယ်။
Safetyကို လေးစားလိုက်နာ ခြင်းဖြင့်
ဒီထက်သာယာသော ဘဝတွေဖန်တီးနိုင်ကြပါစေ လို့ဆုတောင်းရင်း.......
အားလုံးဘဲ မင်္ဂလာရှိသော နေ့ရက်လေး ဖြစ်ကြပါစေ.........
@hzerok
MSC-121

TAGS: [ #myanmar ] [ #writing ] [ #blog ]

Replies

@tunnaingwin | May 26, 2018, 3:02 p.m. | Votes: 0 | [ VOTE ]

လူတိုငါးလိုက်နာသင့်တယ်

@hzerok | May 28, 2018, 10:13 a.m. | Votes: 0 | [ VOTE ]

ဟုတယ် အကိုရေ

@kyi | May 26, 2018, 3:04 p.m. | Votes: 7 | [ VOTE ]

ဒါမ @zero ကွ လေ့လာထားတာလေးတွေ ပါ ထည့်ရေးတော့ တော်တယ်လေ ဒီတပတ်ဖတ်ရတာလေး ကျေနပ်မိတယ်😊

@hzerok | May 28, 2018, 10:08 a.m. | Votes: 0 | [ VOTE ]

အခုလိုကြားရတော့ ပျော်တာပေါ့အမရေဟီး

@mgmglattt | May 26, 2018, 4:27 p.m. | Votes: 0 | [ VOTE ]

ကျွန်တော်လည်းsafetyသင်တန်းတက်ဖူးတယ်
သင်တန်းတက်တော့မှ safetyဟာအရမ်းအရေးကြီးမှန်သိခဲ့ရတယ်

@hzerok | May 28, 2018, 10:16 a.m. | Votes: 0 | [ VOTE ]

အမှန်ဘဲအကိုရေ
ဂရုမစိုက်ရင် အသက်ကိုပါအန္တရာယ်ပေးတာ

@asterkame | May 26, 2018, 4:38 p.m. | Votes: 0 | [ VOTE ]

အမှန်​ပါဘဲ...ရပါတယ်​ဆိုပြီး​ပေါ့ပျက်​ပျက်​အလွယ်​လုပ်​ကြ...တကယ့်​အန္တရာယ်​ကြုံရရင်​​တော့....

@hzerok | May 28, 2018, 10:10 a.m. | Votes: 0 | [ VOTE ]

တကယ်ကြုံရင် ခြေမကိုင်မိလက်မကိုင်မိတွေဖြစ်ကြရော

@uthantzin | May 26, 2018, 5:11 p.m. | Votes: 0 | [ VOTE ]

ဟုတ်ပါတယ် safety first ပါအစ်ကို။အားလုံး လှုပ်ရှားသွားရင်းနဲ့ ကို အချိန်တိုင်းကို safety အသိ ရှိနေကြရမှာပါ။စက်ရုံ ,construction တွေတင်မဟုတ်ပါ နေရာတိုင်းအတွက် safety first ပါ။ကောင်းသော post ပါခင်ဗျာ

@hzerok | May 28, 2018, 10:11 a.m. | Votes: 0 | [ VOTE ]

သွားသတိ စား သတိ ဆိုသလို အမြဲ ဂရုစိုက် လိုက်နာသင့်တာပေါ့အကိုရာ
ဖတ် ရှု ပေးလို့လည်း ကျေးဇူးပါအကိုရေ

@lwanwai | May 26, 2018, 5:34 p.m. | Votes: 0 | [ VOTE ]

လိုက်နာသင့်တာမှန်ပေမယ့် ခုချိန်ထိ ကိုယ်တွေက ဆိုးကောင်းနေတုံး😆😆

@hzerok | May 28, 2018, 10:12 a.m. | Votes: 0 | [ VOTE ]

ညီ လည်း အတူတူပါဘဲဗျာ
အတတ်နိုင်ဆုံး လိုက်နာကြတာပေါ့

@winko | May 26, 2018, 6:22 p.m. | Votes: 0 | [ VOTE ]

ရေးသားထားတာကြိုက်တယ် ဘဒို Good writting

@hzerok | May 28, 2018, 10:15 a.m. | Votes: 0 | [ VOTE ]

ကျေးဇူးပါအကိုရေ

@mahaw | May 26, 2018, 7:43 p.m. | Votes: 0 | [ VOTE ]

အမှတ်‌တမဲ့က ဘဝတစ်‌ခုလုံး အမှတ်‌တရ ဖြစ်‌‌စေနိုင်‌ပါတယ်‌။

@hzerok | May 28, 2018, 10:16 a.m. | Votes: 0 | [ VOTE ]

မဆင်ခြင်ရင် သူများပါ ဒုက္ခရောက်စေတာ
ဆင်ခြင် တာ အကောင်းဆုံးပေါ့အကိုရာ

@theinzawlin | May 27, 2018, 12:15 a.m. | Votes: 0 | [ VOTE ]

safety firt သတိဆိုသည် ပိုသည်မရှိ အရာရာကို ဂရုစိုက်သင့်

@hzerok | May 28, 2018, 10:18 a.m. | Votes: 0 | [ VOTE ]

အမှန်ဘဲအကိုရေ

@yekungsatthone | May 27, 2018, 3:44 a.m. | Votes: 0 | [ VOTE ]

လူတိုင်းဖတ်​သင့်​ပါတယဗ်ျာ

@hzerok | May 28, 2018, 10:18 a.m. | Votes: 0 | [ VOTE ]

အခုလိုကြားရလို ကျေနပ်မိပါတယ်ကျေးဇူးပါအကိုရေ

@nwenwe | May 27, 2018, noon | Votes: 0 | [ VOTE ]

safety first ဖြစ်ရင်တော့အကောင်းဆုံးပေါ့
လုပ်ငန်းခွင်မှာတော့ တာဝန်ရှိသူတွေက safe ဖြစ်အောင်လုပ်ပေးရမှာလေနော်

@hzerok | May 28, 2018, 10:14 a.m. | Votes: 0 | [ VOTE ]

အဲတာလည်း အမှန်ဘဲအမရေ
အကြီး အကြပ်တွေက အစ safetyဖြစ်အောင် အလေးပေးသင့်တယ်

@sandipoe | May 28, 2018, 3:42 a.m. | Votes: 0 | [ VOTE ]

safetyကအရေးကြီးပါတယ် သတိလက်လွတ်မနေသင့်ပါဘူး လိုက်နာသင့်ပါတယ်

@hzerok | May 28, 2018, 10:15 a.m. | Votes: 0 | [ VOTE ]

လိုက်နာ သင့်တာပေါ့ အမရာ

@thihakoko | May 28, 2018, 4:08 a.m. | Votes: 2 | [ VOTE ]

လိုက်နာသင့်တဲ့အရာလေးတွေကို သတိဖော်ပေးလို့ကျေးဇူးပါဗျာ

@hzerok | May 28, 2018, 10:17 a.m. | Votes: 0 | [ VOTE ]

အခု လိုကြားရလို့ ရေးရတာ အားတက်မိတယ်
ဖတ်ရှ ပေးလို့ ကျေးဇူးပါအကိုရေ

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>