+-+-+ +-+ +-+-+-+-+
|G|O| |4| |H|I|V|E|
+-+-+ +-+ +-+-+-+-+

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

မာန

BY: @ionlysay | CREATED: June 4, 2018, 8:21 a.m. | VOTES: 22 | PAYOUT: $21.26 | [ VOTE ]

မာနဟူသည် ……

လူတိုင်းလူတိုင်းမှာ မာနကိုယ်စီတော့ ရှိကြပါတယ် ။ ကိုယ့်အတွက် မာနထားရန် သင့်တော်သည် မတော်သည်ကို စဉ်းစားတတ်ရန်လည်း လိုအပ်ပါတယ် ။

[IMAGE: https://cdn.steemitimages.com/DQmRnvsDzsvWskfgFZUvMEzvjVeUCyXqfT94AGZChBie6Fn/640314_S.jpg]

crd org source

ထိုအရာအားလုံးသည် မထားသင့်သောမာနများလို့  ကျမမြင်မိပါတယ် ။

မိမိတတ်သောပညာကို အသုံးချ၍ မိမိအကျိုးနှင့် အများအကျိုးကို ကူညီဆောင်ရွက်ခြင်း ။ မိမိတတ်ထားသောပညာကို မိမိလောက်မသိမတတ်သောသူများကို ပြန်လည်ဝေငှပေးခြင်းမျိုး လုပ်သင့်တာပါ ။

[IMAGE: https://cdn.steemitimages.com/DQmXCyPRTWwN78QY5i8tn7hSbPx9UJVpuwQ2ejgbuFxbiT9/3290871_S.jpg]

crd org source

မိမိဥစ္စာပစ္စည်းပေါများခြင်းကို အသုံးပြု၍ မိမိအလုပ်နှင့် အများအကျိုးကို အရင်းအနှီးပြုပြီး တိုးပွားလာစေရန် ရိုးသားစွာရှာဖွေခြင်း ။ ချို့တဲ့သူများကိုလှူဒါန်းပေးကမ်းခြင်းမျိုး ကုသိုလ်ဒါနပြုသင့်တာပါ ။

ပညာလည်းရှိ ဥစ္စာလည်းပေါသူများကလည်း ထိုနည်းတူစွာ မိမိအကျိုးစီးပွားရော ကုသိုလ်ဒါနအတွက်ရော လုပ်ကိုင်ကြိုးစားရှာဖွေသင့်တာပါ ။

ရှိတယ် ပြည့်စုံတယ်ဆိုပြီး သူတပါးကို မာနထားဆက်ဆံ၍ အနိုင်ကျင့် မတူမတန်သလိုဆက်ဆံပြောဆိုဘို့  မာနမထားသင့်ပါဘူး ။

[IMAGE: https://cdn.steemitimages.com/DQmS56DLpdvJsKrVtGCRryzLQnhxASgDwDg56ghs47LjbsQ/2450090_S.jpg]

crd org source

ထို့ ထက်ဆိုးတာက ဘာမှမရှိဘဲ မာနထားနေသူပါ ။ ဘာပညာမှမတန်သလို ဘာဥစ္စာမှမကြွယ်ဝဘဲ အများအကျိုးလည်း မဆောင်ရွက် ကိုယ့်အကျိုးကိုလည်းမရှာဖွေနှင့် ဘာမှမရှိတဲ့မာနထားနေကြခြင်းပါ ။

ဒီလိုမာနမျိုးကို ထားသင့်တာပါ ။ ထားသင့်တဲ့မာနထား၍ အောင်မြင်စွာ လှမ်းလျှောက်နိုင်ပါစေ ။

[IMAGE: https://cdn.steemitimages.com/DQmYsLh6NAnqMYRogiFw4jkSD3qTNnamNiaGiR3UJRduftm/2470557_S.jpg]

crd org source

@အယ်းမီး ( author )

TAGS: [ #myanmar ] [ #knowledge ] [ #life ] [ #writing ] [ #living ]

Replies

@kyi | June 4, 2018, 3:51 p.m. | Votes: 0 | [ VOTE ]

ဟုတ် တီတီ မှတ်ထားပါ့မယ်ရှင့်😊😊

@ionlysay | June 5, 2018, 4:45 a.m. | Votes: 0 | [ VOTE ]

အေးပါကွယ်
လိမ်မာတယ် သမီးကြည်

@postpromoter | June 5, 2018, 9:09 a.m. | Votes: 0 | [ VOTE ]

You got a 2.20% upvote from @postpromoter courtesy of @ionlysay!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>