+-+-+ +-+ +-+-+-+-+
|G|O| |4| |H|I|V|E|
+-+-+ +-+ +-+-+-+-+

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

TRUST

BY: @jhonnight | CREATED: July 5, 2018, 11:46 a.m. | VOTES: 139 | PAYOUT: $1.90 | [ VOTE ]

Trust (ယုံကြည်​မှု)
[IMAGE: https://cdn.steemitimages.com/DQmWJC4uixtfsDh8DdYCCXrFRnX3gF496WhzJRhLbXxRoMA/trust-1418901__340.jpg]
Image Source
စကားလုံး​က​တော့ တိုတိုတုတ်​တုတ်​ပါ။ ဒါ​ပေမယ့်​ ဒီစကားလုံးကို အဓိပ္ပါယ်​ဖွင့်​ဆိုလိုက်​ရရင်​ အ​တော်​ကိုရှည်​လျားသွားပါ​လိမ့်​မည်​။

အဖွဲ့အစည်းတစ်​ခု၊ လုပ်​ငန်းတစ်​ခုမှာ ဒီယုံကြည်​မှုဆိုတဲ့ကိစ္စဟာ ​​မေ့ထားလို့မရပါဘူး။ အဖွဲ့အစည်းအတွင်း၊ လုပ်​ငန်းခွင်​အတွင်းမှာ စည်းလုံးချင်​တယ်​၊ တိုးတက်​ချင်​တယ်​၊ ​အောင်​မြင်​ချင်​တယ်​ဆိုရင်​ အဖွဲ့အတွင်း တစ်​ဦးကိုတစ်​ဦး ​တစ်​​ယောက်​​​ပေါ်တစ်​​ယောက်​ အပြန်​အလှန်​ယုံကြည်​မှုထားရှိဖို့်​အထူးလိုအပ်​ပါသည်​။

ယုံကြည်​မှုဆိုတာကို ရိုးရိုး​လေးပဲ ဖွင့်​ဆိုရရင်​ လူတစ်ေ​ယာက်ကို ​ယုံမှကြည်​မယ်​ မယုံရင်​မကြည်​ဘူး ဟုဖွင့်​ဆိုပါမည်​။ ဒါ​ကြောင့်​ အဖွဲ့အစည်းအတွင်းမှာ တစ်​ဦး​ကိုတစ်​​ဦး ယုံမှာသာလျှင်​ အခြင်းခြင်းကြားမှာ သံသယစိတ်​​ပ​ပျောက်​ပြီး ကြည်​လင်​စိတ်​​တွေဖြစ်​​ပေါ်လာမှပဲဖြစ်​တယ်​။ အချို့က​ပြောကြတယ်​ လူတိုင်းလူတိုင်းကို အလွယ်တကူ​​ယုံကြည်​တာ​ မ​ကောင်းဘူးတဲ့။ ဟုတ်​ပါတယ်​။ လူ​တွေကို ယုံယုံကြည်​ကြည်​နဲ့ ဆက်​ဆံမယ်​ဆိုရင်​ သင်​ ​တစ်​ခါတစ်​ရံ​တော့ အလိမ်​ခံရနိုင်​ပါတယ်​။ ဒါ​ပေမယ့်​ ဒီလို လူ​တွေကို ယုံယုံကြည်​ကြည်​နဲ့ ဆက်​ဆံမယ်ဆို​ရင်​ သင် စိတ်​ထဲမှာ ကြည်​လင်​ပြီး ​​စိတ်​ချမ်းသာ​နေပါလိမ့်​မယ်​။

အချို့ တစ်​နှပ်​စားဉာဏ်​နှင့်​ သူ​တွေက​တော့ ယုံကြည်​မှုဆိုတာကို လိမ်​တဲ့ညာတဲ့​နေရာ​တွေမှာ မ​ကောင်းတာလုပ်​ဖို့်​အတွက်​ အသုံးပြု​နေကြတာ​တွေလည်းရှိပါတယ်​။ ဒီ​ယုံကြည်​မှုကိုပဲ ​စီးပွား​ရေးလုပ်​တဲ့​နေရာ အသင်းဖွဲ့မှာ ​ခေါင်း​ဆောင်​မှုလုပ်​တဲ့​နေရာ​တွေမှာ
နည်းမှန်​လမ်းမှန်​နှင့်​ မှန်​မှန်​ကန်​ကန်​အသုံးချပြီး ​ရေရှည်​မှာ ​အောင်​မြင်​မှု​တွေ ရရှိ​အောင်​လည်းပြုလုပ်​နိုင်​ပါတယ်​။ လူ​တွေသင့်​ကို ချက်​ချင်းကြီး ယုံကြည်​လာ​အောင် လုပ်​ယူလို့​တော့မရပါဘူး။ သင့်​ဘက်​အရင်​ ​ပေးဆပ်​ပြီး ​​ တဖြည်းဖြည်းနဲ့ ယုံကြည်​မှုကို တည်​​ဆောက်​ယူရတာပါ။
[IMAGE: https://cdn.steemitimages.com/DQmRWR6V1gsh3shRqUXz34ZeWLfSPdK6hhrCfYjD8BDBNqD/0B605456-852C-4DF2-8FD7EC5B567EFC2A.jpg]
Image Source
သင်​ဟာ အခြားသူ​တွေရဲ့ ယုံကြည်​မှုကိုရဖို့​ ယုံကြည်​မှုတည်​​​​ဆောက်​​နေသူဆိုလျှင်​ ​​အောက်​ပါအချက်​​တွေကို လိုက်​နာဖို့လိုပါတယ်​။
ကတိတည်​ပါ
ဘယ်​အချိန်မှာ ဘယ်​​နေရာကို လာခဲ့မယ်လို့​ပြောထားရင်​ ဘယ်​​လောက်​အလုပ်​ရှုပ်​​နေပါ​စေ ရောက်​​အောင်​သွားပါ။ ဘယ်​​နေ့ ဘယ်​အလုပ်​ကို အပြီး​သတ်​အောင်​လုပ်​​ပေးမယ်လို့ ကတိေ​ပးထားရင် ဘယ်လိုကိစ္စပဲ​ပေါ်လာပါေ​စ​​​​​ ​ပြီး​အောင်​လုပ်​​ပေးလိုက်​ပါ။ ဘာ​ကြောင့်​လဲဆို​တော့ လူ​တွေကို ကတိ​ပေးပြီးမှ ကတိဖျက်​တာဟာ တစ်​ဖက်​သားကို မ​လေးစား​စော်​ကားရာ​ရောက်​သလို ကိုယ်​နှင့်​ကိုယ့်​လုပ်​ငန်းကိုပါ နာမည်​ပျက်​​​​​ရာ​ရောက်​​စေပါတယ်​။ ဒါ​ကြောင့်​ ကတိစကားတစ်​ခွန်းကို ကိုယ်​တကယ်​မတည်​နိုင်​ဘဲ ဘယ်​​တော့မှမ​ပေးပါနှင့်​။

မိမိအတ္တကို ​ရှေ့တန်းမတင်​ပါနှင့်
လူတိုင်းမှာ​တော့ အနည်းနှင့်​အများဆိုသလို အတ္တကိုယ်​ဆီရှိကြပါတယ်​။ ဒါ​ပေမယ့်​ သင်​ဟာ အခြားသူ​တွေဆီက​နေ ယုံကြည်​မှုကို တည်​​ဆောက်​​နေသူဆိုလျှင်​​တော့ သင့်​အတ္တ​တွေကို ခဏ​​ဘေးဖယ်​ထားပြီး အခြားသူ​တွေရဲ့ လိုအပ်​ချက်​​တွေကို ​ဆောင်​ရွက်​​ပေးလိုက်​မယ်​ဆိုရင်​ သူတို့သင့်​ကို အရင်​ထင်​ပိုပြီး ယုံကြည်​ကြပါလိမ့်​မယ်​။

လူတိုင်းကို လေး​လေးစားစားနှင့်​ဆက်​ဆံပါ
မိမိအလုပ်​နှင့်​ပတ်​သက်၍​ပြောဆိုဆက်ဆံရာတွင်​​​​ ကိုယ့်​ထက်​ ငယ်ရွယ်​​​သူ​ဖြစ်​​စေ၊ ကိုယ့်ထက်​​နိုမ့်​ပါးသူကိုဖြစ်​​စေ တ​စ်​​လေးတစ်​စားနှင့်​ ​ပြောဆိုသင့်​ပါတယ်​။ ကိုယ်​​လောက်မှ​​အဆင့်​မရှိပါဘူး ဘယ်​လို​ဆက်ဆံဆက်ဆံ​​ရပါတယ်​ဟု သတ်​မှတ်​မထား သင့်​ပါ။ အခြားသူ​တွေက သင့်​အ​​ပေါ်​​ကို ​လေး​လေးစားစားနှင့်​ ဆက်​ဆံ​စေချင်​ရင် အရင်ဆုံး​​​​ သင့်​ကိုယ်​တိုင်​​အခြားသူ​တွေအ​ပေါ် ​လေး​လေးစားစားနဲ့ ဆက်​ဆံ​ပေးဖို့ လိုပါတယ်​။ ဒါမှ အပြန်​အလှန်​​လေးစားမှုရရှိပြီး သင်နှင့်​ အလုပ်​မှာလည်း အ​ထောက်​အကူ​တွေများစွာရရှိနိုင်​ပါတယ်​။
[IMAGE: https://cdn.steemitimages.com/DQmT4SvKgv5s8mQxyB8zX3uM1NqAPFD8F8XV8bQdK42JXQj/images%20(6).jpeg]
Image Source
စာ​ပေ​ဆောင်းပါးများကို ​လေ့လာဖတ်​ရှူ ရုံသက်​သက်​မဟုတ်​ပဲ တကယ်​​လက်​​တွေ့လုပ်​​ဆောင်​နိုင်ပြီး ​အကျိုးထူးများရရှိနိုင်​ကြပါ​စေ.....။

စာရှူ သူများကို​လေးစားလျက်​ ​ရေးသားသူ Jhon Jhon
MSC-046
ကိုးကား- Lynn Thaik Nyunt ၏ Road To Success စာအုပ်​မှ ' Trust ' ​ဆောင်းပါးကို ကိုးကား​ရေးသားပါသည်​။

TAGS: [ #myanmar ] [ #knowledge ] [ #philosophy ] [ #trust ] [ #success ]

Replies

@allnatural | July 5, 2018, 11:47 a.m. | Votes: 0 | [ VOTE ]

upvote for me please? https://steemit.com/news/@bible.com/2sysip

@billionairehein | July 5, 2018, 11:49 a.m. | Votes: 0 | [ VOTE ]

Roat လေးတော့ ပြင်စေချင်ပါတယ်

@jhonnight | July 5, 2018, 1:35 p.m. | Votes: 1 | [ VOTE ]

ဟုတ်​ကဲ့

@jhonnight | July 5, 2018, 2:20 p.m. | Votes: 1 | [ VOTE ]

ထောက်​ပြ​ပေးတာ​ကျေးဇူးပါ

@eieikhing | July 5, 2018, 1:10 p.m. | Votes: 0 | [ VOTE ]

အမှန်​​တွေပါပဲ။

@jhonnight | July 5, 2018, 1:36 p.m. | Votes: 1 | [ VOTE ]

ဟုတ်​ကဲ့အမ

@jhonnight | July 5, 2018, 2:20 p.m. | Votes: 1 | [ VOTE ]

ဖတ်​ရှု​ပေးတာ​ကျေးဇူးပါ။

@nyinyiwin | July 5, 2018, 2:11 p.m. | Votes: 0 | [ VOTE ]

ယုံကြည်မှုမရှိရင် ဘာမှဖြစ်မလာပါ။

@jhonnight | July 5, 2018, 2:18 p.m. | Votes: 1 | [ VOTE ]

ဟုတ်

@jhonnight | July 5, 2018, 2:19 p.m. | Votes: 0 | [ VOTE ]

ဟုတ်​ကဲ့ ဦး

@myothuzar | July 5, 2018, 2:11 p.m. | Votes: 0 | [ VOTE ]

တစ်ဦးနဲ့တစ်ဦးယုံကြည်မှု့မရှိတဲ့ လုပ်ငန်း,အဖွဲ့အစည်းတွေဟာ တိုးတက်အောင်မြင်ဖို့ ခက်ခဲပါတယ်။

@jhonnight | July 5, 2018, 2:18 p.m. | Votes: 0 | [ VOTE ]

ဟုတ်

@jhonnight | July 5, 2018, 2:19 p.m. | Votes: 1 | [ VOTE ]

အမှန်​ပါအမ​ရေ

@tharpauk | July 5, 2018, 2:38 p.m. | Votes: 0 | [ VOTE ]

မှတ်သားရပါတယ်ဗျာ

@jhonnight | July 6, 2018, 5:27 a.m. | Votes: 1 | [ VOTE ]

ဟုတ်​အကို

@saipanpha | July 5, 2018, 2:52 p.m. | Votes: 0 | [ VOTE ]

အဲ့ဒီ ၃ချက်ကို မှတ်ထားပါ့မယ် ဘဒို
တကယ် အသုံးဝင်တဲ့စကားပါ။

@saipanpha | July 5, 2018, 2:53 p.m. | Votes: 0 | [ VOTE ]

ဖေ့ဘုတ်ပေါ်ရှယ်ပါရစေ ဘဒို

@jhonnight | July 6, 2018, 5:27 a.m. | Votes: 1 | [ VOTE ]

ဟုတ်​ကဲ့အကို

@nyonyoshein | July 5, 2018, 2:55 p.m. | Votes: 0 | [ VOTE ]

သိသလိုလိုနဲ့ သတိမထားမိတဲ့အရာလေးတွေပါ
တစ်ကယ်တန်ဖိုးရှိတဲ့ အချက်တွေပါ

@jhonnight | July 6, 2018, 5:27 a.m. | Votes: 1 | [ VOTE ]

ဟုတ်​ကဲ့ အန်​တီ

@steemitboard | July 8, 2018, 4:36 p.m. | Votes: 0 | [ VOTE ]

Congratulations @jhonnight! You have received a personal award!

[IMAGE: https://steemitimages.com/70x70/http://steemitboard.com/@jhonnight/birthday1.png] 1 Year on Steemit
Click on the badge to view your Board of Honor.

Do not miss the last post from @steemitboard:
SteemitBoard World Cup Contest - Quarter Finals - Day 2

Participate in the SteemitBoard World Cup Contest!
Collect World Cup badges and win free SBD
Support the Gold Sponsors of the contest: @good-karma and @lukestokes

> Do you like SteemitBoard's project? Then Vote for its witness and get one more award!

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>