___|  _ \   |  |    |   |_ _|\ \     / ____|
 |     |   |  |  |    |   |  |  \ \   /  __|
 |   | |   | ___ __|  ___ |  |   \ \ /   |
\____|\___/     _|   _|  _|___|   \_/   _____| 

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

IMF

BY: @juliusseaser | CREATED: April 10, 2018, 4:01 p.m. | VOTES: 24 | PAYOUT: $0.06 | [ VOTE ]

[IMAGE: https://img.esteem.ws/t21975mnta.jpg]
IMF ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့က ပြောသော မြန်မာပြည်IMF အစီရင်ခံစာ ထွက်လာပါပြီ။ သူများပြောတာနဲ့မယုံဘဲ ကိုယ်တိုင်ဖတ်ပြီးမှ သုံးသပ်တာပါ။
သူက ၂၀၁၆-၁၇မှာ တိုးတက်မှုနှုန်း ၅.၉%ပါ။ ဘာကြောင့်လဲဆိုတော့ စိုက်ပျိုးရေးနဲ့ပို့ကုန် ကျခဲ့လို့ပါ။
ပြီးခဲ့တဲ့နှစ်မှာတော့ ၂၀၁၇-၁၈မှာတော့ ၆.၇% ပါ တိုးတက်လာပါတယ်။
[IMAGE: https://img.esteem.ws/1ywfktcrps.jpg]
ဘတ်ဂျက်လိုငွေပြမှုဟာလဲ ဦးသိန်းစိန်လက်ထက်က တိုင်းပြည်ထုတ်ကုန်ရဲ့ ၅.၁% ကနေ
၃.၉% အထိ ကျလာပါတယ်။
ဒါဟာ ကြွေးနည်းလာတဲ့သဘောပါ။
နောက် ငွေကြေးဖောင်းပွမှုက ၆.၈% ဘဲရှိတယ်လို့ပြောပါတယ်။
[IMAGE: https://img.esteem.ws/5s4kediau8.jpg]
ဒါဆိုဘာလို့ ဖွတ်လက်ထက်က စီးပွားရေးကောင်းတယ်လို့ထင်ရပါသလဲ?

ဘစိန်လက်ထက်က အိမ်မှာ ပိုက်ဆံချေးပြီး သားသမီးတွေကို တီဗီ၊ ကွန်ပျူတာ၊ ကားဝယ်ပေးခဲ့တော့ သူလဲဆင်းသွားရော အိမ်မှာကြွေးတင်ကျန်သွားပါတယ်။
ဒါပေမယ့် သူနဲ့နီးစပ်သူများကတော့ တီဗီ၊ ကွန်ပျူတာရတော့ စီးပွားရေးအဆင်ပြေသလိုပေါ့။

ယခု အစိုးရသစ်လက်ထက်မှာ ဝင်ငွေပေါ်မူတည်ပြီး အကြွေးကို လိုတာဘဲယူတော့ အကြွေးနည်းလာတယ် အတိုးပေးရတာနည်းလာတယ်။

ရေတိုမှာတော့ ဘစိန်လက်ထက်က တီဗီအလကားရတဲ့သူကတော့ စီးပွားရေးမကောင်းတော့ဘူးပေါ့။ ဒါပေမယ့် ဘစိန်လက်ထက်က ဘာမှမရသူတွေကတော့ မထူးပါ။

အတိုချုပ်ပြောရရင် စီးပွားရေးက ဖွံ့ဖြိုးမှုနှုန်းတက်လာပြီး အကြွေးနည်းလာ၊ ငွေကြေးဖောင်းပွမှုနှုန်းနည်းလာတယ်လို့ DASSK မိန့်ခွန်းအတိုင်း IMF ကလဲ ပြောလာပါပြီ။

ဒါကြောင့် သူများပြောကြားစကားနဲ့ မယုံပါနဲ့ မိမိဖာသာ ဆင်ခြင်ပါ။
မျှော်မှန်းသလို ရင်းနှီးမြုပ်နှံမှု ဝင်မလာတာက ရခိုင်အရေးကြောင့်ပါ။
သင်လည်း မြေသိမ်းခံရနိုင်တဲ့နေရာမှာ မြေမဝယ်သလိုပေါ့။

ဒါပေမယ့် တခြားကဏ္ဍတွေကနေ စီးပွားရေးတက်လာမယ်လို့ ခန့်မှန်းပါတယ်။ ဒါပေမယ့် သင့်စီးပွားရေးဟာ ခရိုနီနဲ့ တိုက်ရိုက် (သို့) သွယ်ဝိုက် ဆက်စပ်နေရင်တော့ မကောင်းနိုင်ပါ။ ဘာလို့လဲဆိုတော့ ယခင်ကလို ကြွေးယူပြီး လက်သင့်ရာပေးမယ့်သူ မရှိလို့ပါ။

သင့်အိမ်မှာကြွေးနည်းရင် သင့်စီးပွားရေး
ကောင်းတယ်လို့သင်ထင်မလား? ဆိုးတယ်လို့ထင်မလား?
ယခင်ကလောက် မဝယ်ရ မဖြုန်းရလို့တော့ မကျေနပ်တာရှိနိုင်ပါတယ်။
ဒီနေရာမှာ မခိုးဖို့က အဓိကပါ။
မတတ်ရင် သင်လို့ရပါတယ်။
သူခိုးကို မခိုးနဲ့ ပြောလို့မရပါ။
Credit:Photo

Credit to Myat Tun Oo

cp cd-Myo Nyunt Thein.

TAGS: [ #esteem ] [ #myanmar ] [ #writing ] [ #steemit ] [ #steem ]

Replies

@komgthet | April 11, 2018, 4:16 p.m. | Votes: 0 | [ VOTE ]

Nice

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>