___|  _ \   |  |    |   |_ _|\ \     / ____|
 |     |   |  |  |    |   |  |  \ \   /  __|
 |   | |   | ___ __|  ___ |  |   \ \ /   |
\____|\___/     _|   _|  _|___|   \_/   _____| 

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

ပေါ့ပေါ့ပါးပါး 

BY: @kachinhenry | CREATED: March 4, 2026, 1:28 a.m. | VOTES: 41 | PAYOUT: $0.12 | [ VOTE ]

စာရေးမည်ဆိုတော့ စဉ်စားရပါပြီ။ လေးလံသော ဘဝများ ရုန်းကန်လှုပ်ရှား နေရသောဘဝများ အကြောင်းရေးမည်လား သို့မဟုတ် ဘဝပျက်သွားသည့် အကြောင်းများ ရေးမည်လား တွေးရပါပြီ။ လက်ရှိ ကျွန်တော်အပါအဝင် ကျွန်တော့ မိတ်ဆွေများလည်း ဘဝ လုံးဝပျက် မသွားသည့်တိုင် အတော်လေး ယိုင်နဲ့ မသွားအောင် ကြိုးစားရုန်းကန် နေရသည်ကတော့ သေချာပါသည်။

ဒါဟာ ဘဝပဲ ၊ ဘဝဆိုတာ တိုက်ပွဲပဲ ဟု ဆိုကြသော်လည်း အသာအယာ ရုန်းကန်း ရုံမျှဖြင့် မိသားစု ဖူလုံသော ဘဝ နှင့် အခြားသူများ၏ ပယောဂ ကြောင့် မလိုလားအပ်သော ဘဝတိုက်ပွဲများတွင် ဘဝနှစ်မွန်း နေကြရသည်ကတော့ အလွန်ခြားနားပါသည်။ ဆိုရလျင် လွန်ခဲ့သော ၅ နှစ်က ဘားမှ မဖြစ်ခဲ့လျင် ယခုအချိန်တွင် ကျွန်တော်တို့သည် အရှေ့တောင်အာရှတွင် အခြေအနေတခုဖြင့် လက်မထောင်နိုင်သော အဆင့်အတန်းရှိနေမည်ကတော့ သေချာပါသည်။ သို့သော်လည်း အစရှိလျင် အဆုံးရှိရမည်ဆိုသကဲ့သို့ တနေ့နေ့ တချိန်ချိန်တော့ ပြီးသွားပါလိမ့်မည်။ မည်ကဲ့သို့ အဆုံးသတ်သွားမည်ကိုသာ မသိရခြင်း ဖြစ်ပါသည်။

မိတ်ဆွေတို့တော့ မည်သို့ ရှိမည်မသိ ၊ ကျွန်တော်ကတော့ ယခု နောက်ပိုင်း စကား အတော်လေး နည်းလာပါသည်။ စကားနည်းလာသည်ထက် စကားပြောချင်စိတ်မရှိခြင်းသက်သက် ဖြစ်ပါသည်။ တခါတရံ စကားဝိုင်းများတွင် အခြားသူများ စကားမှား နေလျင်ဖြစ်စေ စကားကျွံနေလျင် ဖြစ်စေ ကျွန်တော်သိထားသည့် အကြောင်း အရာဖြစ်စေအုံးတော့ ဝင်ပြောချင်စိတ် ရှင်းပြလိုစိတ် မရှိတော့ပါ။ ယခင်ကဆိုလျင်တော့ ဘာရမည်နည်း အနည်းနှင့် အများ ဝင်လျှာရှည် မိမှာတော့ သေချာပါသည်။ စကားပြောနေခြင်းထက် ကိုယ်တိုင်ဝင်ရောက် လုပ်ကိုင်ချင်စိတ်သာ ပို၍ များနေသည်ဟုထင်ပါသည်။

တခုရှိပါသေးသည်။ ယခုနောက်ပိုင်း စကားပြောလျင် ကိုယ်နှင့် သက်တူရွယ်တူ ပြောရမည်ဆိုလျင် လယ်ဗယ် တူသူများနှင့်သာ သောက်ရင်းစားရင်း စကားပြောဖြစ်ပါသည်။ ဤသို့ ဆိုလျင် မိတ်ဆွေအနေဖြင့် " ခင်ဗျားက ဘာကောင်ကြီးမို့လို့ စိတ်ကြီးဝင်နေရတာတုန်း " ဟူ၍ အငေါ်တူးစရာရှိလာပါလိမ့်မည်။ကျွန်တော့ မိတ်ဆွေများ အပြစ်ဆိုလျင်လည်း ခံပါမည်။ ယခုနောက်ပိုင်း လူငယ် အတော်များများနှင့် ကျွန်တော်နှင့် အစေးမကပ်သည်ကတော့သေချာပါသည်။ ယခုနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် စလုံးကို ရောက်လာကြသော လူငယ်အတော်များပါသည်။

တခါတလေ လုပ်ငန်းခွင်တွင် စကားစမြည်ပြောကြည့်လျင် လူငယ်များ ဗဟုသုတ နည်းပါးလွန်းသည်ကို အားမလိုအားမရ ဖြစ်မိပါသည်။ စကားပြောနေရင်း ဦးကချင်က ဘယ်ကလည်း မေးလျင် ကျွန်တော်က မြစ်ကြီးနားသားဟု ပြန်ဖြေမိပါသည်။ သကောင့်သား ဖြေလိုက်ပုံက မြစ်ကြီးနားဆိုတော့ မော်လမြိုင် နှင့် အရမ်းမဝေးဘူးပေါ့ ဟူလို။ သူ့အား သေချာမေးကြည့်တော့ မြစ်ကြီးနားအား တကယ်မသိခြင်း ဖြစ်ပါသည်။ တက္ကသိုလ် ဒုတိယ နှစ် chemistry မေဂျာ မတက်ဖြစ်တော့သူ ဖြစ်ပါသည်။ ဒုတိယနှစ် တက္ကသိုလ် ကျောင်းသားတယောက် မြစ်ကြီးနားမြို့ မသိခြင်းက အသာထား နောက်တယောက်ကတော့ ၉ အလီ မရ၍ ၉ × ၅ လီ အဖြေမသိ၍ ဖုန်းထုတ်ကြည့်ရသူ ဖြစ်ပါသည်။ 

လူတဖက်သားအား ချိုးနှိမ် လို၍ ပြောခြင်းမဟုတ်ပါ။ ကျွန်တော်လည်း တက္ကသိုလ် တက်ခဲ့ဘူးသူ ဖြစ်ပါသည်။ ပြည်နယ်နှင့် တိုင်း ၁၄ ခု ဘယ်နေရာတွင်ရှိသည်ကတော့ ပြောနိုင်သလို ကျွန်တော်တို့ခေတ် ကျောင်းသားများ ၈တန်းရောက်လျင်ပင် ၁၂ အလီ အလွတ်ရနေကြပြီ ဖြစ်ပါသည်။ နေ့စဉ်ကျောင်းတက်သည်နှင့် အလီရွတ်ခဲ့ကြရသော မျိုးဆက်ဖြစ်ပါသည်။ တော်သော တတ်သော လူငယ်များလည်း အများအပြား ရှိပါလိမ့်မည်။ သို့သော်ကျွန်တော်ကြုံတွေ့နေရသော လူငယ်များကတော့ အားရစရာမရှိလှပါ။ ယနေ့ အချိန်ထိဝတ္ထု စာအုပ်မဆိုထားနှင့် ကာတွန်းစာအုပ် တအုပ်တလေမျှပင် မဖတ်ဘူးသောလူငယ်များ ဖြစ်ပါသည်။

ယခု ဤလူငယ်များ လုပ်ငန်းခွင် ရောက်လာကြပါပြီ။ ၉၉၆ လုပ်ငန်းခွင် ယဉ်ကျေးမှု နှင့် တွေ့ကြရပါပြီ။  ( ၉၉၆ လုပ်ငန်းခွင် အကြောင်းအား နောက်ဆောင်းပါးတွင် အကျယ်ရေးပြပါမည် ) ကျွန်တော့ အနေဖြင့်တော့ ဆရာဦးအောင်သင်း၏ လူငယ်များ အတွက်ဆုံးမစကားများသာ ကြာယောင်နေမိပါသည်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပညာသင်နှစ် ၅ နှစ်ပျက်သွားရုံမျှဖြင့် မြန်မာ့နိုင်ငံရေး မည်သို့ ဖြစ်သွားသည်ကို အားလုံး အသိပင်ဖြစ်မည်ဟုထင်ပါသည်။

ယခုလည်း သမိုင်းတပတ် ပြန်၍ လည်လာပါပြီ။ လူငယ်များ ပညာသင်ရမည့်အရွယ် သေနတ်ကိုင် တတ်သွားကြပြီ။ သို့သော်လည်း သူ့အရပ်နှင့် သူ့ဇတ် သင့်လျော်ပါသည်ဟုပြောရပါလိမ့်မည်။ ဗုံးကျဲ၍ သေကြကြေကြသူများရှိနေသလို ဇတ်ပွဲမကြည့်ရ၍ ပူပင်သောက ရောက်နေကြသူများလည်း ရှိနေပါသည်။ ကျွန်တော်ခေါင်းစဉ် ပေးထားသည့် အတိုင်း ပေါ့ပေါ့ပါးပါး ပဲ ပြီချိန်တန်လျင် ပြီးသွားပါလိမ့်မည်။ 

Henry Aung ( Kachin )

04/03/2026 Wednesday 09;28 AM

TAGS: [ #HIVE-MYANMAR ] [ #life ] [ #knowledge ] [ #sharing ]

Replies

@suhlaing | March 4, 2026, 1:38 a.m. | Votes: 1 | [ VOTE ]

ကျမလည်း သားလေးကို ကျောင်းဆက်ထားရမလား သူ ဝါသနာပါရာ Gameကိုပဲ Esportအနေနဲ့ ပျိုးထောင်ရမလား ဝေခွဲရခက်နေတယ် ကိုဟင်ရေ

@kachinhenry | March 4, 2026, 11:45 p.m. | Votes: 0 | [ VOTE ]

Esport အတွက်မြန်မာပြည်မှာ အနာဂတ်မရှိသေးဘူးလို့ထင်ပါတယ်။ ကျွန်တော့ အထင်တော့ ပညာရေးစနစ်မကောင်းဘူးထင်ပေမယ့် ပညာရေးတော့ လက်မလွှတ်သင့်ဘူးထင်ပါတယ်။ ဘာဖြစ်လို့ဆိုတော့ ပညာရေးက အသက်အရွယ်နဲ့ သွားရတာမို့လို့ပါ။ sport က ဘယ်အချိန်ဖြစ်ဖြစ်ရတယ်။ 

@suhlaing | March 5, 2026, 3:02 a.m. | Votes: 0 | [ VOTE ]

ကျေးဇူးပါ ကိုဟင်

@donjaun | March 4, 2026, 3:50 a.m. | Votes: 1 | [ VOTE ]

တူတူပဲ ကိုဟင်ရေ
အရင်ထက် စာရင် တိတ်ဆိတ်နေခဲ့ပေါ့။

@kachinhenry | March 4, 2026, 11:46 p.m. | Votes: 0 | [ VOTE ]

တယောက်တည်း အနေများပြီး တိတ်တိတ်ဆိတ်ဆိတ် လေးနေရတာ အတော်လေးသဘောကျလာတယ်ဗျာ။ ကောင်းတဲ့ အကျင့်လား ဆိုးတဲ့ အကျင့်လားတော့မသိဘူး။

@htwegyi | March 4, 2026, 10:03 a.m. | Votes: 1 | [ VOTE ]

စကားပြောစရာ လူကို မရှိတော့တဲ့ ဘဝပါဗျာ။
!LOLZ
!MEME

@kachinhenry | March 4, 2026, 11:44 p.m. | Votes: 0 | [ VOTE ]

ကြာလာတော့လည်း တဖြည်းဖြည်း နေတတ်သွားမှာပါ။ 

@ahlawat | March 4, 2026, 11:54 a.m. | Votes: 2 | [ VOTE ]

thanks for telling. welcome

@kachinhenry | March 4, 2026, 11:46 p.m. | Votes: 0 | [ VOTE ]

Thanks you

@yerogarcia | March 4, 2026, 12:32 p.m. | Votes: 1 | [ VOTE ]

Hola...!!
Excelente...
Pero, qué idioma es el suyo.
Saludos desde Cuba.

@kachinhenry | March 4, 2026, 11:37 p.m. | Votes: 0 | [ VOTE ]

Anyway... Thanks you.

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>