__________     __ __     __  _______    ________
  / ____/ __ \   / // /    / / / /  _/ |  / / ____/
 / / __/ / / /  / // /_   / /_/ // / | | / / __/
/ /_/ / /_/ /  /__  __/  / __  // /  | |/ / /___
\____/\____/     /_/    /_/ /_/___/  |___/_____/

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

Hope

BY: @khitthit | CREATED: July 20, 2018, 10:27 a.m. | VOTES: 100 | PAYOUT: $0.59 | [ VOTE ]

လေပေါ်သွား အုတ်စီ ရုံနဲ့
အိပ်မက်တွေ က
ဘဝမှာ နန်းတော်ဖြစ်မလာဘူး ။

လူတန်းစေ့ရပ်တည်ချင်တဲ့
လူတစ်ယောက်ဟာ
အလုပ်အကိုင်တစ်ခုတော့
အနည်းဆုံးလုပ်ရတယ် ။

ပြည့်စုံတဲ့ မိသားစုဘဝလေး
တည်ဆောက်ချင်တဲ့
အိမ်ထောင်သည်တွေဟာ
ရှာဖွေစုဆောင်းမှုကို
တက်ညီလက်ညီလုပ်ရတယ် ။

စာမေးပွဲ အောင်ချင်တဲ့ ကျောင်းသားက
သက်ဆိုင်ရာ သင်ခန်းစာတွေကို

သိပ်လှချင်တဲ့ အမျိုးသမီးက
ကိုယ်ကာယ လေ့ကျင့်ခန်းတွေကို

သံသရာဝဋ်က လွတ်မြောက်ချင်တဲ့
ရဟန်တော်တွေမှာတောင်
ဝိပဿနာ ဆိုတဲ့ လက်တွေ့အလုပ်ကို
အကောင်အထည်ဖော်
ကျင့်ရ ဆောင်ရပါတယ် ။

မျှော်လင့်ချက်ဆိုတာ
စိတ်ကူးစိတ်သန်းက စတာမှန်ပေမယ့်
ဘာမှ မလုပ်ရင်တော့
ဘာမှ ဖြစ်မလာပါဘူး ။

ဘဝမှာ
သိပ်အောင်မြင်ပါတယ်ဆိုတဲ့လူတွေဟာ
စိတ်ကူးတွေ လက်တွေ့ ဖိုလ် ထိုးရင်းနဲ့ပဲ
ဆန္ဒတွေရွှေဖြစ်လာခဲ့ကြတာမျိုးမဟုတ်လား။

လုပ်ဆောင် နိုင် ကြပါစေ

photo from facebook[IMAGE: https://ipfs.busy.org/ipfs/QmPRSm5kZVX8kAEcLrHVzSmFjf7VP2kBeZkF7eeEjWyA8m]

TAGS: [ #busy ] [ #steembasicincome ] [ #wafrica ] [ #smartphonephotography ] [ #mso ]

Replies

@badcontent | July 20, 2018, 10:30 a.m. | Votes: 0 | [ VOTE ]

This user is on the @buildawhale blacklist for one or more of the following reasons:

  • Spam
  • Plagiarism
  • Scam or Fraud
@edensgarden | July 22, 2018, 7:15 a.m. | Votes: 0 | [ VOTE ]

Great post!
Thanks for tasting the eden!

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>