__________     __ __     __  _______    ________
  / ____/ __ \   / // /    / / / /  _/ |  / / ____/
 / / __/ / / /  / // /_   / /_/ // / | | / / __/
/ /_/ / /_/ /  /__  __/  / __  // /  | |/ / /___
\____/\____/     /_/    /_/ /_/___/  |___/_____/

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

' ဆုံမှတ် '

BY: @konyinyitun | CREATED: Oct. 19, 2018, 1:31 p.m. | VOTES: 15 | PAYOUT: $0.08 | [ VOTE ]

[IMAGE: https://cdn.steemitimages.com/DQmRz9npTZbuqXR2ft7T7ausZwbFuVScvBr9RySWYyrr3qJ/bleachers-blur-blurred-background-952446.jpg]
Credit Image >>>

ယိုင်နဲ့နဲ့ခြေထောက်တွေကိုမှ
ရိုက်ချိုးဖို့မကြိုးစားကြပါနဲ့
အနံ့မရှိလေသောပန်းပွင့်လေးကို
လူတိုင်းမနှစ်သက်ကြပေမဲ့
သူ့အလှနဲ့သူကတော့ ခမ်းနားထည်ဝါပါတယ်။

အရောင်တွေစုံလင်သောမီးရောင်တွေကိုမှ
နှစ်သက်တယ်ဆိုရင်
ခင်ဗျားတို့အိပ်မောကျသွားတဲ့အချိန်
( ဖြစ်ပျက်နေတဲ့ခံစားမှုတွေက )
လောကကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်ပြီး
ပကတိမှောင်မဲနေပါပြီ
ယောင်ရမ်းပြီးငြီးလိုက်တဲ့ အော်ငြီးသံက
စွဲလမ်းစိတ်ကြောင့်ဆိုရင်
ဟန်ဆောင်ပြီးငြီးပြတတ်တဲ့ လူတစ်ယောက်ရဲ့
အကျင့်တွေက လောကကြီးအတွက်
အံ့ဝင်ခွင်ကျ မဖြစ်နိုင်ပါဘူး ။

[IMAGE: https://cdn.steemitimages.com/DQmcYdGzDakyY1nX2R1i3hAdu2y7VjVBNBc9iXGc3M3ZXp4/black-and-white-hard-work-human-68812.jpg]
Credit Image >>>

ဟုတ်ပါတယ်
အဲ့ဒီလို ခံစားမှုတွေကြောင့်ပဲ
ကျွန်တော်ဟာ အခုချိန်ထိ
အံ့ဝင်ခွင်ကျမဖြစ်သေးပါဘူး အံ့ဝင်ခွင်ကျဖြစ်ဖို့
ကျွန်တော်တွေးတောခဲ့တယ်
လုပ်ဆောင်ကြည့်တယ်
တစ်ခါတရံဖွင့်ဟခဲ့တယ် ။
ဖွင့်ဟဆိုပြမှုတွေက တစ်ခါတလေတော့
အခုလိုရေးသားပေးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ် ။
စာတစ်လုံရဲ့အကြောင်းရာက အဓိပ္ပါယ်ရှိခဲ့ရင်
အားလုံးလက်ခံကြပါတယ် ။

[IMAGE: https://cdn.steemitimages.com/DQmddHQtHyDUP775dyiA8EnTGFfKJqH298S2eAdoC9XMuVm/animal-blur-bright-590257.jpg]
Credit Image >>>

ဒီလိုပါပဲ ကျွန်တော်ရေးသောစာတွေဟာ -
ကဗျာမဟုတ်ပါဘူး ။ ဒဿနမဟုတ်ပါဘူး ။
ကျွန်တော် တွေးမိသလို ရေးတတ်သလို
ရေးနိုင်စွမ်းရှိသလို
ရေးသားထားခြင်းဖြစ်ပါတယ် ။

ကဗျာဆိုတာ -
ကာရန်နဘေညီမှဖြစ်မြောက်တာပါ ။
ဒဿနဆိုတာ -
အတွေးခေါ်ကောင်းတွေ ဆန်းပြားစွာရှိမှ
ဖြစ်ပေါ်တာပါ ။

ကျွန်တော်က အဲ့ဒီလိုအရည်ချင်းတွေ မရှိပါဘူး ။
တစ်ကယ်တော့
ကျွန်တော်ရေးသော စာတွေဟာ …
လှပစွာပုံဖော်ထားခြင်းနှင့်
အကျိုးသက်ရောက်မှုကောင်းစွာဖြစ်စေခြင်း
ဖြစ်ပါတယ် ။

( ကဗျာဆရာလိုလိုဒဿနဆရာလိုလို
လူစားမျိုးတော့ မဟုတ်ပါဘူး ) ။
ကျွန်တော်က စာရေးတိုင်း
ဥာဏ်စွမ်းမှီသလောက် အဓိပ္ပါယ်လေးတွေ
များစွာထည့်ထားပါတယ်
အဲ့ဒီအရာတွေကို မြင်နိုင် တွေးနိုင်စွမ်း
ရှိတဲ့လူတွေကို လေးစားဂါရဝ ဦးညွှတ်ရပါတယ် ။
မတွေးနိုင် မမြင်နိုင်စွမ်းရှိတဲ့လူတွေကိုလည်း
ဆက်ပြီးနားလည်စွာနဲ့ လက်ခံပေးပါလို့
လေးစားစွာဖြင့်ဦးညွှတ်ပါတယ် ။

[IMAGE: https://cdn.steemitimages.com/DQmZnxEW63PUKBZoC3ct6xwsUFP9QEM1Xi31YFPhzeCRL5o/book-bouquet-card-545042.jpg]
Credit Image >>>

လူတွေက - လှပနေသော အရာတွေကို
တန်ဖိုးထားကြတယ် ။ မြတ်နိုးကြတယ် ။
( ကျွန်တော့်မှာအဲ့ဒီလို အလှပတရားတွေမရှိပါဘူး ) ။
ကျွန်တော်က ကဗျာဆရာမဟုတ်ဘူး ။
ဒဿနဆရာမဟုတ်ဘူး ။
ကျွန်တော်တွေးသော ကျွန်တော်ရေးသော
စာတွေကို လှပစွာ အဓိပ္ပါယ်ပြည့်ဝစွာ
ခံစားမိစေရင်း ကျွန်တော့်ရဲ့ အတွေးများနဲ့
စာဖတ်သူများရဲ့ ခံစားမှုတွေ
ဘယ်နေရာ ဘယ်အချိန် ' ဆုံမှတ် '
ဖြစ်ကြမလည်းလို့ တွေးတောရင်း

အားလုံးကို လေးစားလျှက် …

ညီညီထွန်း

မိုးစက်
written by @ konyinyitun
MSC. 259

TAGS: [ #myanmar ] [ #psychology ] [ #story ]

Replies

@billionairehein | Oct. 19, 2018, 2:32 p.m. | Votes: 0 | [ VOTE ]

ဆုံတဲ့နေရာမှတ်

Posted using Partiko Android

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>