သောကလေပွေ
ဆုံချိန်ကုန်တော့လည်း ခွဲရပြန်
ရင်မှာနာကျင်လည်း ရှောင်လွှဲမရတဲ့ကံ
အပြုံးတုတွေ တပ်ဆင်ပြီး နှုတ်ဆက်ရတဲ့အခါ
စကားတွေကလည်း သကြားတွေရော
နှုတ်ခမ်းတွေကလည်း စကားမထွက်တော့
ဘယ်လိုကရမလဲ မသိတဲ့ဇာတ်
စာသားတွေ မကျေညက်တော့ အခက်
ကံစီမံသလိုသာ ပုံအပ်လိုက်သလို
သက်သာရာ ရှာကြည့်မိတယ်
သောကလေပွေက တိုက်ခတ်သွားတယ်။
[IMAGE: https://steemitimages.com/DQmbnjnx8gKhSvGHdaPQJqjteWXYGAaC9eAckEZbA8gujLi/pexels-photo-580631.png]
@linthitsar