+-+-+ +-+ +-+-+-+-+
|G|O| |4| |H|I|V|E|
+-+-+ +-+ +-+-+-+-+

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

အ​တွေးစများ အပိုင်း(၁)

BY: @masterinnwa | CREATED: May 29, 2018, 10:24 a.m. | VOTES: 38 | PAYOUT: $3.47 | [ VOTE ]

အ​တွေးစများ အပိုင်း(၁)

နှစ်​ရက်​ သုံးရက်​ခန့်​ ဆက်​တိုက်​ ရွာ​နေ​သော မိုး​ကြောင့်​ ​အေးစိမ့်​ကာ ချမ်းစိမ့်​စိမ့်​ဖြစ်​​​နေ၏. . သို့​ကြောင့်​ ​စောင်​​ခြုံကာ ​ကွေး ​နွေး​နွေး​လေး​နေ ​နေရ၏။

ဤသို့ ​အေး​ဆေး ​နွေး​ထွေးစွာ​နေ​နေကာမှ တစ်​​ယောက်​ပြီး တစ်​​ယောက်​ ​ခေါ်ဆို​နေသဖြင့်​ တစ်​​နေကုန်​ ဖုန်းသံမစဲ မနားတမ်း ​ဖြေဆို​နေရ​လေ၏။ အမယ်​​လေးနာ်​ . . ငါ့ရဲ့ သာယာ​နွေး​ထွေး​သော အချိန်​ကာလ​လေးကို ဖုန်း​ခေါ်ပြီး ဖျက်​လုပ်​ဖျက်​ဆီး လုပ်​​နေကြတယ်​ ဟု မ​ကျေမနပ်​​တွေး မိလိုက်​​သေးသည်​။

သို့​သော်​ ​စေ့​စေ့​တွေး ​ရေး​ရေး​ပေါ်ဆိုသလိုပင်​ . .. တကယ်​တမ်း​တော့ ဒီဖုန်း​တွေ ရှိကာ ဆက်​သွယ်​​ရေး ​ကောင်းမွန်​လာခြင်းသည်​ အလွန်​အင်​မတန်​မှ ​ကောင်း​ပေသည်​။

ဟိုးယခင်​ ကျ​နော်​တို့ ​ကျောင်းတက်​​နေစဉ်​ကဆိုရင်​ ​သူငယ်​ချင်း​တေ ဘယ်​လောက်​ပင်​ ခင်​မင်​ရင်းနှီးချစ်​ခင်​ကြသည်​ဖြစ်​​ပါ​စေ . .. ​ကျောင်းပြီး၍ ကိုယ့်​နယ်​ ကိုယ့်​​ဒေသ ပြန်​ကြပြီဆိုလျှင်​ အဆက်​အသွယ်​ပြတ်​​တောက်​ကာ ခင်​မင်​ရင်းနှီးမှုများ တစ်​ခန်းရပ်​ခဲ့ရသည်​ချည့်​ပင်​။

ထိုသို့ဖြင့်​ နယ်​မတူ မြို့အလှမ်း​ဝေးသဖြင့်​ ဆက်​သွယ်​ရ မလွယ်​ကူကာ အခင်​မင်ပျက်​ခဲ့ရ​သော အ​ပေါင်းအသင်းများမှာ များစွာ များစွာပင်​။ ​ကျောင်းတုန်းက အတူတူ ဆိုးခဲ့ ကဲခဲ့ ချစ်​ခင်​​ဖေးမခဲ့မှုပုံရိပ်​များသာ ရင်​ထဲ နှလုံးသားထဲတွင်​ အမှတ်​တရပုံရိပ်​များ အဖြစ်​သာ ​ထင်​ကျန်​​နေရစ်​ခဲ့ရ​ပေသည်​။

[IMAGE: https://cdn.steemitimages.com/DQmYvvyzPPT3Wzw6p35UJj9e7d9Jy5mCuz8VjCDnzN76HRJ/are-there-too-many-android-phones-video.jpg]

ယခုကာလမှာ​တော့ ဆက်​သွယ်​မှု​တွေလည်း ​ကောင်းလာ လူတိုင်းနီးပါးမှာလည်း ဖုန်း​တွေ ရှိ​နေပြီမို့ မြို့ရွာနယ်​ပယ်​​ဒေသ မည်​မျှပင်​ ​ဝေးပါ​စေ အဆက်​အသွယ်​ မပြတ်​ ၊ အခင်​အမင်​ အရင်းအနှီး မပျက်​​တော့​ချေ။

မိသားစုကိစ္စ၊မိတ်​​ဆွေအ​ပေါင်းအသင်း အ​ရေး​ပေါ်ကိစ္စများဆိုလျှင်​လည်း ဖုန်းတစ်​ချက်​ ဆက်​ရုံဖြင့်​ သိလာနိုင်​သလို ​တော်​ရုံအလုပ်​ကိစ္စဆိုလျှင်​လည်း ဖုန်းတစ်​ချက်​ဖြင့်​ ပြီး​မြောက်​နိုင်​လာ​ပေသည်​မို့ ကျ​နော်​တို့ ငယ်​စဉ်​က ယခင်​​ခေတ်​ကာလ အချိန်​များနှင်​စာလျှင်​ များစွာ အဆင်​​ပြေ​ချော​မွေ့​လာ​ပေသည်​။

သို့​ကြောင့်​ မိုး​အေး​အေးနဲ့ ​စောင်​ခြုံ​ကွေး​နေရချိန်​ ဖုန်း​တွေ လာ​နေသည်​မှာ ဇိမ်​ပျက်​​သော်​လည်း တစ်​ခုခုဆိုလျှင်​ ယခင်​အချိန်​ကလို အဆက်​အသွယ်​မပျက်​​ လွယ်​ကူ​ချော​မွေ့​နေ ရှိ​နေရသည်​ကပင်​ စိတ်​ချမ်း​မြေ့စရာ​ပေတကား ဟု ​ဖြေ​တွေး​ကျေနပ်​ လိုက်​​လေရ​တော့သည်​တကား . . . ။

@masterinnwa
MSC-253
Photo Credit: Google Search

TAGS: [ #myanmar ] [ #steemit ] [ #feeling ] [ #thinking ] [ #blog ]

Replies

@htwegyi | May 29, 2018, 10:33 a.m. | Votes: 0 | [ VOTE ]

အော်ဖုန်းဖုန်း အဆိုးရှိသလို အကောင်းလဲရှိပ
တတ်နိုင်တာကွယ်

@masterinnwa | May 29, 2018, 10:47 a.m. | Votes: 0 | [ VOTE ]

ဟုတ်​ပ့ မှန်​ပ့ဗျာ

@aunggyi100 | May 29, 2018, 10:58 a.m. | Votes: 0 | [ VOTE ]

ဖုန်း​တွေ​ပေါလာ​တာ ​ကောင်းတာရှိသလို မ​ကောင်းတာလည်းရှိတာဘဲ အူးအင်း​ရေ
အသုံးပြုတဲ့လူအ​ပေါ်မူတည်​မည်​ထင်​ပ

@masterinnwa | May 29, 2018, 11:17 a.m. | Votes: 0 | [ VOTE ]

ဟုတ်​ပ့ မှန်​ပြ

@linnhyotaryar | May 29, 2018, 11:19 a.m. | Votes: 0 | [ VOTE ]

ဖုန်းသည် ကိုင်လို့ကောင်းသည် အလဲ့

@masterinnwa | May 30, 2018, 2:19 a.m. | Votes: 0 | [ VOTE ]

ဟားးး

@suhlaing | May 29, 2018, noon | Votes: 0 | [ VOTE ]

အရေးအသားကောင်းပါတယ်

@masterinnwa | May 30, 2018, 2:19 a.m. | Votes: 0 | [ VOTE ]

ကျေးဇူးပါ မတ်​မတ်​စု

@myanmarpyithar | May 29, 2018, 1:20 p.m. | Votes: 0 | [ VOTE ]

အဆိုးနဲ့ အ​ကောင်း ဒွန်​တွဲ​နေ​ပေမယ့်​ ​ကောင်းကျိုးက များပါတယ်​ဗျာ .​ကောင်းမလား ဆိုးမလား ဆိုတာ​တော့ အသုံးပြုသူနဲ့ပဲ ဆိုင်​မှာ​ပေါ့ဗျာ ​နော့်​ ...

@masterinnwa | May 30, 2018, 2:18 a.m. | Votes: 0 | [ VOTE ]

ဟုတ်​တာ​ပေါ့ဗျာ

@kyawthuhein | May 29, 2018, 6:23 p.m. | Votes: 0 | [ VOTE ]

အိပ်နေတုန်း ဖုန်းတွေလာရင် အတော်စိတ်နာတယ်

@masterinnwa | May 30, 2018, 2:18 a.m. | Votes: 0 | [ VOTE ]

ဟားးး ဟုတ်​တယ်

@zarmanizawlinn | May 29, 2018, 6:46 p.m. | Votes: 7 | [ VOTE ]

ရေးချက်တွေက။အဲ့ဦးနှောက်လေးငှားချင်သားဗျာ။တော်တော်လေးကောင်းတာအရေးသားလေးတွေ။တော်တော်တော်တယ်လို့ပြောရမှာ။လေးစားတယ်ဗျာ။

@masterinnwa | May 30, 2018, 2:23 a.m. | Votes: 0 | [ VOTE ]

ဇွတ်​ကြီး ​​မြှောက်​​နေ​တော့လည်း ရွဲ့​နေသလိုပဲ လူဆိုး ​ကျေးဇူးပါဗျို့

@htetwaihin | May 30, 2018, 3:09 a.m. | Votes: 0 | [ VOTE ]

စောင်ခြုံပီး ဘာတေ စေ့စေ့တွေးနေတာတုန်း..

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>