- ကျွန်တော်တို့ လူ့ဘဝကြီးက တစ်ယောက်ထဲ ရပ်တည်၍ မရပေ။ တစ်ခါတလေ ကိုယ့်ကိစ္စ အဆင်ပြေဖို့အတွက် တစ်ဖက်က ရှုံးနိမ့်ပေးရမည် ဆိုသော အတွေးများသည် လွန်စွာ နိမ့်ကျသည်ဟု ထင်မိသည်။ သိပ် အတ္တကြီးသော အတွေးများလည်း ဖြစ်သည်။
-
Win-Win Situation မဖြစ်နိုင်ပေ။ ထိုသူများသည် လောင်းကစားဆန်သော အတွေးများနဲ့သာ ပြည့်ညှပ်နေသည်။ ကိုယ်နိုင်လျှင်ပြီးသော ဆိုသော ခပ်ပေါပေါ အတွေးများပင် ဖြစ်သည်။
-
မြန်မာ စကားပုံတွင် ရှဥ့်လဲလျှောက်သာ ပျားလဲဆွဲသာ ဆိုတဲ့စကားပုံမျိုး ဖြစ်သင့်သည်။ ကိုယ့်တစ်ယောက်ထဲ အဆင်ပြေရေးမျိုး မဟုတ်ဘဲ တစ်ဖက်တွင်လဲ အဆင်ပြေစေသော ဆက်ဆံမှုမျိုး ဖြစ်သင့်သည်။
- အလုပ်ခွင်ထဲ ရောက်သွားလျှင် ထိုသူများသည် အရမ်းသိသာသည်။ ကိုယ့် တစ်ဖို့ထဲအတွက်ဘဲ ကြည့်တတ်သည်။ အများနှင့် အဆင်ပြေလား မပြေလား သူမသိ။
- တစ်ဖက်က ထောက်ပြလာလျှင်လဲ သူတို့လောက် နစ်နာသူမရှိသလို ပုံစံမျိုးနှင့် ပြန်တုံ့ပြန်တတ်သည်။ တကယ်ကို အော်ဂလီ ဆန်စရာပင် ဖြစ်သည်။
- အဲ့တော့ မည်သည့်နေရာတွင် ရောက်နေစေကာမှု ကျွန်တော်တို့သည် နှစ်ဦးနှစ်ဖက်၊ ဟိုဖက်သည်ဖက် အဆင်ပြေသည့် ပုံစံ Win-Win Situation သာ ဖြစ်သင့်သည်။ အတတ်ဆုံး ပြေလည်အောင် ညှိုနှိုင်းသင့်သည်။
- ကျွန်တော်တို့ မြန်မာတွေ ဆွေးနွေးညှိနှိုင်းတာ အားနည်းသည်။ တစ်ခုခုဆို ဆော်လိုက်မယ်ဆိုတဲ့ အတွေးက အရင် စဝင်သည်။ တကယ် အမှားကြီးများ ဖြစ်သည်။
- ထို့ကြောင့် ကျွန်တော်တို့တွေဟာ ကိစ္စတစ်ခုခု ရှိလာခဲ့လျှင် Win- Win Situation ဖြစ်အောင် ညှိနှိုင်း တိုင်ပင်တတ်ဖို့ လိုအပ်ပါသည်။ ညှိနှိုင်းတိုင်ပင်ဖို့လည်း ဝန်မလေးကြပါနှင့်...။
- တစ်ကိုယ်ကောင်းဆန်ခြင်း၊ အတ္တကြီးခြင်းများလည်း လျော့သင့်သည်။
- အထက်ပါ နည်းလမ်းများဖြင့် နေထိုင်လိုက်လျှင် ကျွန်တော်တို့ လူ့ဘဝကြီးသည် (ရှဥ့်လဲလျှောက်သာ ပျားလဲဆွဲသာ Win-Win Situation ) ဖြင့် ပိုမိုကောင်းမွန်သော လူမှုအဖွဲ့အစည်း တစ်ခုသို့ တိုးတက်လာကာ လူအချင်းချင်း ဆက်ဆံရေး ပိုအဆင်ပြေလာကာ လူသား ပတ်ဝန်းကျင်ကြီးလည်း ပိုမို သာယာလှပလာသည်မှာ ဧကန်ပင် ဖြစ်ပါလိမ့်မည်။ ✌ ✌ ✌ 😍