+-+-+ +-+ +-+-+-+-+
|G|O| |4| |H|I|V|E|
+-+-+ +-+ +-+-+-+-+

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

အတက်တကာ့ထွဋ်ခေါင်

BY: @mgtoetat | CREATED: Oct. 3, 2018, 2:21 p.m. | VOTES: 60 | PAYOUT: $1.29 | [ VOTE ]

[IMAGE: https://cdn.steemitimages.com/DQmUMDm8RkPbUGWVT7uY7rQJPqzyFBqSdWg87ewVoKCrYos/4581F222-E439-4E26-AED9-6B41C4DE76C6.jpeg]

မကြာသေးမှီက ဒေါ်လာဈေးအလွန်အမင်းမြှင့်တက်ခဲ့သည်ကို အားလုံးသိကြပါသည်။steem ဈေးကသာကျနေတာ ဒေါ်လာဈေးကတော့သူမတူအောင် တက်ပြနေသည်မဟုတ်ပါလား။ အမေရိကန်နှင့် တရုတ်တို့အကြား ကုန်သွယ်ရေးစစ်ပွဲကြောင့် ဒေါ်လာဈေးမြှင့်တက်ခဲ့ရသည်ဟု သူတို့ပြောပုံအရ မိမိတို့မြန်မာပြည်တွင်တော့ ဒေါ်လာဈေးနဲ့အတူ ကုန်ဈေးနှုန်းပါလိုက်တက်လာပါတော့သည်။ဒေါ်လာဈေးကြောင့် ကုန်ဈေးနှုန်း တစ်ခုတင်တက်တာလားဆိုတော့လည်းမဟုတ်ပါ။

နိုင်ငံခြားတင်သွင်းမှုကို မှီခိုနေရသည့် စက်သုံးဆီဈေးနှင့် ဆေးဝါးဈေးနှုန်းများသည်လည်းတက်လာခဲ့သည်။စာရေးသူကြားသိရသည်မှာ ဒေါ်လာဈေးအလွန်အမင်းမြှင့်တက်မှုမှာ မိမိတို့နိုင်ငံတစ်နိုင်ငံထဲတွင် ကွက်၍တက်ခြင်းမဟုတ်ပါ။အခြား အာရှနိုင်ငံများ၊အမေရိကန်ဒေါ်လာအပေါ်မှီခိုရသော နိုင်ငံများတွင်ပါ အနည်းနှင့်အများတက်သည်ဟု သိရသည်။

သို့သော် မတူသည်မှာ နိုင်ငံခြားသို့များများတင်ပို့ (export) နိုင်သည့်နိုင်ငံများ၊ပြည်တွင်းစီးပွားရေးစနစ်ခိုင်မာသည့်နိုင်ငံများမှာ ဒေါ်လာဈေးအတက်အကျကိုများစွာ ခံသာသည်ဆို၏။ စာရေးသူတို့နိုင်ငံမှာတော့ တင်ပို့မှု(export)ထက် တင်သွင်းမှု(import)က ပိုမိုသောကြောင့် ဒေါ်လာဈေးအတက်အကျမှာပိုမိုသိသာခြင်းဖြစ်သည်။ထို့အတွက်မည်သို့ဖြေရှင်းမည်နည်း။ဒေါ်လာဈေးကိုထိန်းရန် နေ့ချင်းညချင်းလည်း တင်ပို့မှု(export)ကို တိုး၍တင်ပို့ရန်မှာလည်း မလွယ်ပါ။

[IMAGE: https://cdn.steemitimages.com/DQmZZQbdvSYs3JqEezJCJCWauaE6Qcp6VDZVLsGDfA6cA2y/3BA027E3-E8EE-4612-87F3-AE0DA94FF482.jpeg]

ဤသို့ဆိုလျှင် စာရေးသူဉာဏ်ရည်မှီသလောက်တွေးမိသည်မှာ တင်သွင်းသည့်သွင်းကုန်များ(import) များများမသွင်းရလေအောင် လုပ်မည်လား။အဘယ်ကြောင့်ဆိုသော် တင်သွင်းလာသော နိုင်ငံခြားဖြစ်ပစ္စည်းများသည် တက်နေသောဒေါ်လာဈေးနဲ့ပေးချေ၍ ဝယ်ယူတင်သွင်းနေရသောကြောင့်ဖြစ်သည်။ဆိုလိုသည်မှာ အရေးမကြီး သွင်းရန်မလိုအပ်သည့်ပစ္စည်းများကို လျှော့သုံးခြင်း၊ပြည်တွင်းဖြစ်များကို ပြောင်းသုံးခြင်းစသည်တို့ဖြစ်သည်။

ဥပမာ ယခင် ရယ်ဒီမိတ် နိုင်ငံခြားအဖြစ်အဝတ်အထည်တို့ကို ဝတ်သည့်အစား ပြည်တွင်းယက် ချည်ထည်လေးများကိုဝတ်ဆင်ခြင်း၊နိုင်ငံခြားမှတင်သွင်းသည့် အကောင်းစားအရက်များကိုသောက်ခြင်းထက် ပြည်တွင်းဖြစ်၊ပြည်တွင်းထုတ် ဝိုင်၊ခေါင်ရည်၊ သဘာဝထန်းရည်စသည့်ပြည်တွင်းထုတ်ကုန်တို့ကို ပြောင်းလဲသောက်ခြင်း၊အသုံးချခြင်းဖြင့် နိုင်ငံခြားဖြစ်ကုန်များကိုဝယ်ရာတွင် ဒေါ်လာဈေးဖြင့်ပေးချေရမည်တွင် ဒေါ်လာငွေ(money)လိုအပ်မှုကို အထိုက်အလျောက်ချေဖျက်နိုင်လိမ့်မည်ထင်ပါသည်။စာဖတ်သူများလည်း အဘယ်သို့ထင်သနည်း ဆွေးနွေးကြစေလိုပါသည်။ယခုတော့ ကားထက် ဆိုင်ကယ်ကိုသာ ဆီတထောင်ဖိုးထည့်၍ စီးနေပါတော့မည်။

written by @mgtoetat
photos by @mgtoetat
MSC-073
post on busy

TAGS: [ #myanmar ] [ #writing ] [ #knowledge ] [ #money ] [ #busy ]

Replies

@billionairehein | Oct. 3, 2018, 2:24 p.m. | Votes: 0 | [ VOTE ]

အတတ်တကာ့ ထွဋ်ခေါင်ဆိုလို steem ဈေးလားလို့😁

Posted using Partiko Android

@mgtoetat | Oct. 3, 2018, 5:12 p.m. | Votes: 0 | [ VOTE ]

ဒေါ်လာဈေးပါဗျာ 😓

@hnineikhaing | Oct. 3, 2018, 4:14 p.m. | Votes: 0 | [ VOTE ]

ဒေါ်လာဈေးအစားsteemဈေးလေးတတ်လိုက်ရင် ဘာပြောကောင်းမလဲ အဟိ

Posted using Partiko Android

@mgtoetat | Oct. 3, 2018, 5:13 p.m. | Votes: 0 | [ VOTE ]

ဂွတိပေါ့ဗျာ 😓

@asterkame | Oct. 3, 2018, 4:57 p.m. | Votes: 0 | [ VOTE ]

ဟုတ်​တယ်​...အတက်​တကာ့ထွဋ်​​ခေါင်​ပါဘဲ....

Posted using Partiko Android

@mgtoetat | Oct. 3, 2018, 5:13 p.m. | Votes: 0 | [ VOTE ]

တက်တာများမိုးပေါ်တောင် ရောက်နေပြီဗျာ

@hein.khant | Oct. 4, 2018, 12:33 a.m. | Votes: 0 | [ VOTE ]

Money come to me easily and effortlessly!

Posted using Partiko Android

@mgtoetat | Oct. 4, 2018, 4:32 a.m. | Votes: 0 | [ VOTE ]

how?brother?

@yuzana | Oct. 4, 2018, 1:38 a.m. | Votes: 0 | [ VOTE ]

အဓိက က​တော့ သွင်းကုန်​နဲနဲ နဲ့
ထုပ်​ကုန်​များများထွက်​​အောင်​ လုပ်​ဖိုသာအဓိက
ထုပ်​ကုန်​ကလဲ ပြည်​သူကသာအဓိက မို့
ပြည်​သူ​တွေက အရင်​လိုပြင်းမ​နေဘို့ဘဲအ​ရေးကြီးပါတယ်

@mgtoetat | Oct. 4, 2018, 4:33 a.m. | Votes: 0 | [ VOTE ]

ခုချိန် သွင်းကုန်များများမသွင်းရအောင် လျော့ချနိုင်ရင်ကို မဆိုးဘူးထင်တယ်ဗျာ

@mahaw | Oct. 4, 2018, 1:53 a.m. | Votes: 0 | [ VOTE ]

စနစ်‌တိုင်းမှာ ချို့ယွင်းချက်‌ အားနည်းချက်‌‌တွေ‌ပေါ့ဗျာ။

@mgtoetat | Oct. 4, 2018, 4:33 a.m. | Votes: 0 | [ VOTE ]

အမှန်ပဲပေါ့ဗျာ

@htwegyi | Oct. 4, 2018, 1:56 a.m. | Votes: 0 | [ VOTE ]

ဒေါ်လာ လောင်စာ ဓာတ်စာ အဆင်ပြေသွားပါစေလို့.....

@mgtoetat | Oct. 4, 2018, 11:31 a.m. | Votes: 0 | [ VOTE ]

အခုထိတော့ မလွယ်ပါလား 😢

@ansoe | Oct. 4, 2018, 2:27 a.m. | Votes: 0 | [ VOTE ]

ကျနေတာဘာမှမရှိပါဘူး အကုန်တက်နေတာပါပဲ တက်ပီးရင် ပြန်မကျတော့တာ အဆိုးဆုံး

@mgtoetat | Oct. 4, 2018, 11:31 a.m. | Votes: 0 | [ VOTE ]

အမွန္ဆံုးဘဲ ကြီးစိုးကမ် 😁

@babakyi | Oct. 4, 2018, 4:55 a.m. | Votes: 0 | [ VOTE ]

အဟုပ်​ပါ့ဗျာ ​ဈေးသယ်​​တွေရဲ့​အကျင့်​ကဘယ်​​တော့မှချမ​ပေးဘူးမ​ရောင်းရလွှင့်​ပြစ်​မယ်​ဆိုတာ​တွေခြည်းဘဲ

Posted using Partiko Android

@mgtoetat | Oct. 4, 2018, 11:32 a.m. | Votes: 0 | [ VOTE ]

ဒေါ်လာဈေးကျတော့လဲ လိုက်မချပေးတာခက်သား

@domelay | Oct. 4, 2018, 6:50 a.m. | Votes: 0 | [ VOTE ]

တက်တာတွေ ကျတာတွေက ကိုယ်မှ မတတ်နိုင်တာလေ ။

@mgtoetat | Oct. 4, 2018, 11:32 a.m. | Votes: 0 | [ VOTE ]

ဘားမှလုပ်လို့မရဘူး ကိုဒိုမီရေ

@tunnaingwin | Oct. 4, 2018, 1:31 p.m. | Votes: 0 | [ VOTE ]

ဘာမှမလုပ်နိင်တော့ ထိုင်ကြည့်နေရတယ်

@mgtoetat | Oct. 4, 2018, 3:10 p.m. | Votes: 0 | [ VOTE ]

ဘဝတူတွေပါဗျာ

@tinhlaingoo | Oct. 4, 2018, 2:59 p.m. | Votes: 0 | [ VOTE ]

ဘာ ဘာ ... ဘာ မှ မပြောလိုပါ။

@mgtoetat | Oct. 4, 2018, 3:10 p.m. | Votes: 0 | [ VOTE ]

စိတ်နာစရာတွေပါ ဆရာ 😞

@mgzayyar | Oct. 6, 2018, 4:47 p.m. | Votes: 1 | [ VOTE ]

ဆိုင်ကယ်စီးတာမတွေ့ရသလောက်ပဲနော် အကို

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>