+-+-+ +-+ +-+-+-+-+
|G|O| |4| |H|I|V|E|
+-+-+ +-+ +-+-+-+-+

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

အမေ့စကားသံ … ၅

BY: @minmanthawe | CREATED: June 7, 2018, 4:42 a.m. | VOTES: 48 | PAYOUT: $2.64 | [ VOTE ]

မင်္ဂလာပါခင်ဗျာ ။ MSC ညီအကိုမောင်နှမများအားလုံး စိတ်ချမ်းသာပြီး ကျန်းမာပျော်ရွှင်နိုင်ကြပါစေ ။

ကျနော် MSC ထဲရောက်လာအောင်ကူညီခဲ့သူနဲ့
Steemit နဲ့ပတ်သက်တဲ့သိသင့်တာလေးတွေရောသင်ပေးသူကတော့ B Pyae ပါ ။

[IMAGE: https://cdn.steemitimages.com/DQmXCyPRTWwN78QY5i8tn7hSbPx9UJVpuwQ2ejgbuFxbiT9/3290871_S.jpg]

crd org source

သူ့ တပည့်ဆိုတော့လည်း သူလိုအကျင့်နဲနဲတော့ပါသွားတာပေါ့ဗျာ ။ မနက်ခင်းမိုးလင်းလို့ အိပ်ယာထလဲ steem / sbd ဈေးကွက်လေးကြည့်ရ ထမင်းစားနားတုန်းခနလဲဖွင့်ကြည့်ရနဲ့ ညနေဖွင့် ညဖွင့် အားသလိုကြည့်နေတာ အကျင့်ပါသွားတယ်ပေါ့ ။

မနေ့ညက ဒီစာမရေးခင် ထုံးစံအတိုင်းဈေးလေးဖွင့်ကြည့်မိတော့ အတော်ပျော်သွားတယ် ။ coinmarket မှာက steem ဈေးက 2.3$ နဲ့ sbd ဈေးက 7.2$ ဖြစ်နေတော့ ဝမ်းသာအားရနဲ့ B Pyae ရေ sbd ဈေးတက်နေတဲ့အကြောင်း ဖုန်းဆက်တော့တာ ။

ကိုယ့်ရှိတဲ့ sbd ပြေးကြည့်တော့ 5.3 sbdဆိုတော့ 7.2 နဲ့မြှောက်ပြီး မဆိုးဘူးဟလို့  တွေးမိသေးတာပေါ့ဗျာ ။ ပြာယာခတ်နေတဲ့ကိုယ့်ကို အမေကမြင်တော့ ဘာဖြစ်နေတာလဲမေးရော ။ အမေရေ ဒီလိုဒီကြောင်းရှိလို့  B Pyae ဖုန်းဆက်တာ မကိုင်ဘူးပြောပြတော့ အမေက " B Pyae က အရူးအမဲသားကျွေးလိုက်ပြီ " တဲ့ ။ ဗုဒ္ဓေါ ! နေရင်းထိုင်ရင်း ကျနော်အရူးဖြစ်ရပြန်ပြီ ။

[IMAGE: https://cdn.steemitimages.com/DQmcUCMoo5PNfukg59NNfVfSHFSKTPRYTzoZwMf3QQmziDR/2309042_S.jpg]

crd org source

ခနအကြာမှာ ဖုန်းထပ်ဆက်တော့ B Pyae ဖုန်းကိုင်တယ်ဗျ ။ သူက ကျနော်ပြောတာကို ဟားပြီး ဒီလိုဘဲဈေးတွေဖြစ်နေတာ ၄ရက်လောက်ရှိပြီတဲ့ ။ တကယ်တမ်းက steemit market ကဈေးကိုသာကြည့်ပါဆိုပြီး ဖုန်းချသွားရော ။

အဲ့ဒီမှာ အမေကကြားပြီး ဘာထပ်ပြောလဲဆိုတော့ " B Pyae ပြောပုံအရဆိုရင် ခွေးဝမ်းသာအောင် လေလည်ပြတာဘဲ " တဲ့ ။ ဒီတခါတော့ပိုဆိုးပြီပေါ့ ကျနော်အရူးဖြစ်ရုံမက ခွေးပါဖြစ်ရတော့မယ့်ပုံပါဘဲ ။ ဟာ အမေရာဆိုတော့မှ သူပြောတာ သူဘာသာ သဘောပေါက်သွားပြီး တဟားဟားရီနေပြီး ဥပမာပြောပြတာပါသားရယ်ဆိုပြီး ထွက်သွားတော့တယ် ။

ဒီမနက် ပရိုအတွက်ပိုစ့်တင်မယ်ဆိုတော့ ဈေးကွက်လေးဖွင့်ကြည့်ဘို့ အတွက် အမေ့စကားသံကြားပြီး လက်ရွံ့နေမိတာအမှန်ပါဘဲ ။ ညက coinmarket ကြည့်မိတဲ့ sbd ဈေးကြောင့် ကျနော်ဘဝပြောင်းလဲရမလိုဖြစ်တော့မလို့  တော်ပါသေးရဲ့ဗျာ ။

[IMAGE: https://cdn.steemitimages.com/DQmfQvcGGJgm8apXTw47HqbCPhXZvpp2wEnuSEcFL1fQ3iR/1362244_S.jpg]

crd org source

@minmanthawe

MSC 257

TAGS: [ #myanmar ] [ #writing ] [ #money ] [ #feeling ] [ #market ]

Replies

@pyaesonekhinkhin | June 7, 2018, 5:59 a.m. | Votes: 0 | [ VOTE ]

အေ့ဆို

@minmanthawe | June 7, 2018, 6:08 a.m. | Votes: 0 | [ VOTE ]

မအေးဘူး

@aunggyi100 | June 7, 2018, 6:01 a.m. | Votes: 0 | [ VOTE ]

ဟုတ်​ပ ​ဈေးကွက်​ နှစ်​ခုကကွာ​နေတယ်​😂

@minmanthawe | June 7, 2018, 6:09 a.m. | Votes: 0 | [ VOTE ]

ဟားး ကြည့်သေးလားဈေးကွက်

@mamamyanmar | June 7, 2018, 6:14 a.m. | Votes: 0 | [ VOTE ]

ခဏ စောင့် ပီးမှရူး

@minmanthawe | June 7, 2018, 6:44 a.m. | Votes: 0 | [ VOTE ]

ဟုတ်ကဲ့ဗျ

@htwegyi | June 7, 2018, 6:28 a.m. | Votes: 0 | [ VOTE ]

အော် BP က အမဲသားလဲချက်တတ်သကိုး

@minmanthawe | June 7, 2018, 6:45 a.m. | Votes: 0 | [ VOTE ]

အမွှေစိန်ပါဦးထွေးရာ

@zawhtat | June 7, 2018, 7:04 a.m. | Votes: 0 | [ VOTE ]

အမဲသားစားရ​တော့ဘို​နေလဲဟင်

@minmanthawe | June 7, 2018, 10:35 a.m. | Votes: 0 | [ VOTE ]

good ပေါ့ဗျ ဟီးးး

@domelay | June 7, 2018, 8:55 a.m. | Votes: 0 | [ VOTE ]

aww အဲ့ဂလိုကို ဖစ်တွားရာ

@minmanthawe | June 7, 2018, 10:35 a.m. | Votes: 0 | [ VOTE ]

ဟုတ်တယ်ဗျ ကျေးဇူးအက်ထမိန်ဂျီး

@zarmanizawlinn | June 7, 2018, 10:05 a.m. | Votes: 3 | [ VOTE ]

Bပြည့်တပည့်ဆိုတော့ အစားတလိုင်းထဲကဘယ်ထွက်တော့မလဲဗျာနော့်။ဟေဟေး

@minmanthawe | June 7, 2018, 10:36 a.m. | Votes: 0 | [ VOTE ]

ဟားး အမှန်ပေါ့ အဆဲတလိုင်းသူကသာတယ်ဗျ

@thetlyar | June 7, 2018, 10:45 a.m. | Votes: 0 | [ VOTE ]

V M မပြည့်တဲ့ sp နည်းတဲ့သူတွေရဲ့ဘဝက ဒီလိုပါဘဲ 5tin! bro

@honeysara | June 7, 2018, 11:41 a.m. | Votes: 1 | [ VOTE ]

Coinmarket ကဈေးကိုကြည့်...
အဟုတ်မှတ်ပီး ပျော်နေတဲ့သူတွေအများသား

@kyawthuhein | June 7, 2018, 12:54 p.m. | Votes: 0 | [ VOTE ]

ဖိုက်တင်းပါ bro
နောက်ပိုင်း sbd တွေထားစရာမရှိအောင်များပါစေ

@linnkhant42 | June 7, 2018, 2:23 p.m. | Votes: 0 | [ VOTE ]

အေ့လေ ဝမ်းသာရမလားလို့ လာလာနောက်နေတယ်

@htetwaihin | June 7, 2018, 3:38 p.m. | Votes: 0 | [ VOTE ]

အခုက ဈေးကစားတဲ့သူတေကြောင့်trading site
တေမှာ ဈေးတေမြင့်တက်နေတာ။ဒါပေမဲ့ နောက်တော့တကယ်ဖြစ်လာမှာပါဗျာ...

@suhlaing | June 7, 2018, 8:31 p.m. | Votes: 0 | [ VOTE ]

တက်လိုက် ကျလိုက် ကျလိုက် တက်လိုက်

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>