+-+-+ +-+ +-+-+-+-+
|G|O| |4| |H|I|V|E|
+-+-+ +-+ +-+-+-+-+

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

"မိဟေမာန် သို့....."

BY: @minthiketun | CREATED: Jan. 3, 2018, 3:37 p.m. | VOTES: 5 | PAYOUT: $0.03 | [ VOTE ]

[IMAGE: https://steemitimages.com/DQmZJUdBERFgG4vsvUXGhcZGtUqQH48knrQzr75knW3Wrah/photo4.jpg]

"မိဟေမာန် သို့....."

မင်းထားခဲ့တုန်ကလဲ ဆောင်း
ခုလဲဆောင်းပါပဲ ကွာ....

မင်းကိုလွမ်းရင်
အပူတပြင်နဲ့မို့
ဒီဆောင်းဟာ
ကိုယ့်ကိုပဲ ကိုယ်စာပြုနေလေရောလားကွာ...

ကဗျာဆရာ တချို့က
ဆောင်းဟာ မိုးနဲ့သံဝါသပြုနေတယ်
ဆောင်းဟာ ဖောက်ပြန်နေတယ်
ဆောင်းဟာ ဆောင်းဟန်ဆောင်ထားတဲ့ဆောင်း
ဆောင်းဟာ ပုံးညှပ်ပန်းတွေပွင့်ရုံ
ဆောင်းဟာ ဧကရဇ်​ပန်းတွေပွင့်ရုံ
မြုံစိစိဆောင်းပါတဲ့...။

ကိုယ့်မှာသာ...
ဟေမာန်ဆိုတဲ့မိန်းကလေးကိုအလွမ်းနဲ့
ဟောဒီလို ဆောင်းလမ်းမှာပဲ
ရင်ဘတ်တခြမ်းပုတ်ပွ
ကုစားလို့မရခဲ့ပါဘူးကွာ....။

မင်းတဖွဖွပြောခဲ့တဲ့သစ္စာတရားတွေအကြောင်း
ထောင်းထောင်းထအောင် ကဗျာတွေရေးတော့
ပတ်ဝန်ကျင်က ရယ်တယ်......။

နားမလည်သေးတာက
ဟောဒီလို သစ္စာမဲ့ နှင်းပျောက်
ကမောက်ကမနဲ့ ဆောင်းဆိုတာ
ဟေမာန်ရယ်.....
မင်းကိုယ့်ကို ချစ်တဲ့အချစ်လို
မာယာတွေလားကွယ်....။

03,01, 2018
မင်းသိုက်ထွန်း

@minthiketun
RSM-5

TAGS: [ #myanmar ] [ #poen ] [ #love ] [ #heart ]

Replies

@zzawzawhtwe | Jan. 3, 2018, 3:43 p.m. | Votes: 2 | [ VOTE ]

အရမ်းကောင်းတယ်ဗျာအကို good

@minthiketun | Jan. 3, 2018, 3:44 p.m. | Votes: 1 | [ VOTE ]

ကျေးဇူးပါဗျာ.....

@kyawkohtet | Jan. 3, 2018, 3:49 p.m. | Votes: 1 | [ VOTE ]

ပုံ နည်းနည်ူညံတယ် bro သေချာလေးရိုက် ပီးတင်ပါ

@minthiketun | Jan. 4, 2018, 4:39 p.m. | Votes: 2 | [ VOTE ]

ကျေးဇူးပါ bor နောက်လဲ ဝေဖန်ပေးပါလို့......😜😜

@zawmyooo | Jan. 3, 2018, 3:49 p.m. | Votes: 1 | [ VOTE ]

ကောင်းလွန်းပါတယ်​ဗျာ

@minthiketun | Jan. 4, 2018, 4:37 p.m. | Votes: 2 | [ VOTE ]

ကျေးဇူးပါ ညေး...

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>