သူများတွေအတွက် ကံကောင်းစေသော နံပါတ် (lucky number) က ၇ ဆိုပေမဲ့ ကျွန်တော့်အတွက်တော့ ၉ ဖြစ်နေမလားပဲ။ NC ရဲ့ranking မှာ ၉ မှာ ရောက်နေတာ ရှာပါပြီ။ ကျသွားလဲ ခဏပဲ ဂြိုဟ်ရှာလို့ တွေ့ပြီးသော အပေါ်ကို ပြန်ရောက် လာပါတယ်။
Image Source
၉ ဂဏာန်းကို သင်င်္ချာနည်းအရ အဓိပ္ပာယ် ကောက်ယူမယ်ဆိုရင် fighter(တိုက်ခိုက်သူ) တွေလို့ အဓိပ္ပာယ် ဖွင့်ဆိုပါတယ်။ သူတို့တွေဟာ စစ်နတ်ဘုရား Mars ကို ကိုယ်စားပြုပါတယ်။ အတိုက်အခိုက်သန်ပါတယ်။ သစ္စာရှိပါတယ်။ ရန်သူတွေ နဲ့လဲ မကြာခဏ ရင်ဆိုင်ရပါတယ်။
Rank က ၉၊ meta skill က ၃၆၀၊ ဂြိုဟ်က ၁၈လုံး စုစုပေါင်း ၉ မျိုးမှာ သုံးမျိုးက ၉ ဖြစ်နေတာကလဲ သာမန်တိုက်ဆိုင်မှု မျိုးတော့ မဟုတ်ဖူး ထင်ပါတယ်။
ဂြိုဟ်လေးတွေက လှတယ် မဟုတ်လားဗျ။ ကျွန်တော်ကတော့ ၁၆ ခုမြောက် ဂြိုဟ်ကို သဘောကျပါတယ်။ ကို @tunnaingwin ဆီကနေ ဝယ်ထားတာပါ။ မိတ်ဆွေတို့ရဲ့ ဂြိုဟ်လှလှလေးတွေကိုလဲ မျှဝေပေးခဲ့ပါဦး။
ဂြိုဟ်တွေ ဘယ်လောက်ပဲ လှသည်ဖြစ်စေ မလှသည် ဖြစ်စေ Legendary တွေကတော့ တန်ဖိုးအရှိဆုံးပါပဲ။ Legendary ဂြိုဟ်တစ်လုံးလောက် ရဖို့ကိုတော့ မျှော်လင့်မိပါတယ်။ Steem က ဘယ်ဆီနေမယ် မသိပါဘူး။ ဘယ်လောက်ကြာကြာ ကစားရမလဲ ဆိုတာလဲ မသိသေးပါဘူး။ ဆုကြေးကတော့ တဖြေးဖြေး များသထက် များလာနေပါပြီ။
Wonder ဆိုတာကတော့ ယာဉ်လို့ ထင်ပါတယ်။ အဲဒီယာဉ်ကို တိုက်ခိုက်မှု ကာကွယ်မှုတွေ လုပ်ရမယ်လို့ ထင်ပါတယ်။ ကိုယ်လုပ်နိုင်တာကတော့ active ဖြစ်နေတာပါပဲ။ ဒါတောင်မှ အလုပ်လုပ်စရာ ရှိနေရင်တော့ ဂိမ်းမကစားနိုင်ပါဘူး။
Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=35