___|  _ \   |  |    |   |_ _|\ \     / ____|
 |     |   |  |  |    |   |  |  \ \   /  __|
 |   | |   | ___ __|  ___ |  |   \ \ /   |
\____|\___/     _|   _|  _|___|   \_/   _____| 

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

ခေါင်းစဉ်မဲ့ကဗျာ - ၇

BY: @myanmarkoko | CREATED: May 20, 2026, 11:44 a.m. | VOTES: 27 | PAYOUT: $3.24 | [ VOTE ]

ပိုင်ဆိုင်ဖို့ ကြိုးစားတယ်ဆိုတာ
ပစ္စည်းတစ်ခုကို တွယ်တာလို့ ဖြစ်ပေါ်လာတဲ့
ရမ္မက်နဲ့ တူပါတယ်...။
ဒါကြောင့် သူမကို ပိုင်ဆိုင်ချင်တာကို အရင်က
အချစ်လို့ ထင်ခဲ့ဖူးတယ်...။
ပိုင်ဆိုင်ရတော့လည်း ဆုံးရှုံးရမှာကို
စိုးရိမ်ရပြန်တယ်...။
သံသယတွေ၊ စိတ်ပူတာတွေ၊
ဝန်တိုတာတွေကို အချစ်လို့ထင်ပြီး
သာယာခဲ့ဖူးတယ်...။
သူမ မရှိရင် မဖြစ်ပါဘူးဆိုတဲ့စိတ်နဲ့
အကြိမ်ကြိမ် ခွင့်လွတ်နားလည်ပေးခဲ့ဖူးတယ်။
ကိုယ်မမှားခဲ့ပေမဲ့ ကိုယ့်အမှားပါလို့
အကြိမ်ကြိမ် တောင်းပန်ခဲ့ရဖူးတယ်...။
သူမ မကြိုက်လို့ ဆိုပြီး
ကိုယ့်ရဲ့ ဖြစ်တည်မှုကိုမေ့ပြီး
သူမအကြိုက် ပြောင်းလည်ပေးခဲ့ရဖူးတယ်...။
ဒါတောင်မှ နောက်ဆုံး...
ကိုယ်မပြင်လို့ပါဆိုတဲ့ အကြောင်းပြချက်နဲ့
ရင်ခွင်သစ်ဆီ ခိုနားသွားခဲ့သော... သူမ။
အနည်းဆုံးတော့...
ဖြစ်သမျှအကြောင်း အကောင်းလို့တွေးရင်း
ကိုယ့်အချစ်ဟာ ရင့်ကျက်ခဲ့ပြီ... ချစ်ရယ်

[IMAGE: https://files.peakd.com/file/peakd-hive/myanmarkoko/23wC9ZBKZ1wXhuq8QJ4m4qQxUhryKCKfZLm3vtgVKpmVd9Ecm5zQBZNWSbFYXfpM61YoD.jpg]

ကိုကိုမိုးဟိန်း

kokomoehein

@myanmarkoko

TAGS: [ #myanmar ] [ #short-poem ] [ #thoughts ] [ #sharing ]

Replies

NO REPLIES FOUND.

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>