ခွေးတစ်ကောင်ဖြစ်ရင် အစာတွက်
အမြှီးနံ့တက်ရမယ်...
ကြောင်တစ်ကောင်ဖြစ်ခဲ့မယ်ဆိုရင်တော့
"ညောင်" လို့အော်တက်ရမယ်...
ဒါဟာ ပုံမှန်ပါပဲ...
ရာထူးရဖို့အတွက် အမြှီးနံ့ရသူတွေ
ကိုယ့်စီးပွားအတွက်
"ညောင်" လို့အော်နေရသူတွေကိုမြင်တော့
ဘာမှမလုပ်တက်တဲ့ ကျွန်တော်
ကိုယ့်ကိုယ်အားငယ်မိရဲ့...
ဆရာလို့မခေါ်တက်ရင်
အဘလို့မခေါ်တက်ရင်
လူဖြစ်ရှုံးတဲ့ကမ္ဘာမှာ
ကျွန်တော်နေထိုင်ပါတယ်...။
[IMAGE: https://files.peakd.com/file/peakd-hive/myanmarkoko/23wgN8o1WWX4gENc3fcaQn8KktRoxLyhjN3cQnKPt7y7x7WRqJrWChYq8hZxwjvvP5Srv.jpg]
Model: My Niece
ကိုကိုမိုးဟိန်း
KoKoMoeHein
@myanmarkoko