+-+-+ +-+ +-+-+-+-+
|G|O| |4| |H|I|V|E|
+-+-+ +-+ +-+-+-+-+

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

လေးချောင်းထောက်

BY: @myanmarpyithar | CREATED: May 17, 2020, 2:23 a.m. | VOTES: 18 | PAYOUT: $0.52 | [ VOTE ]

[IMAGE: https://files.peakd.com/file/peakd-hive/myanmarpyithar/Z74SqRhx-IMG_20200327_191504.jpg]

ကံ
အတိတ်ကံကပေးလိုက်တဲ့အတွက်
မင်း အသားတော့ဖြူလိုက်ဟ
နှာခေါင်းလေးတော့ ချွန်လိုက်ဟ
အရပ်လေးတော့ ရှည်လိုက်ဟ
မျက်လုံးလေးတော့ မြင်လိုက်ဟ
နားလေးတော့ ကြားလိုက်ဟ ဆိုပြီး ပေးလိုက်လို့ ရလာတဲ့ ခန္ဓာကြီး .....

ဥတု
ရာသီဥတုက ပူလိုက်တာ လွန်ပါရော
မင်း ချွေးတွေပြန်လိုက်ဟ
ခေါင်းတွေကိုက်လိုက််ဟ
ရာသီဥတုက အေးလိုက်တာလွန်ပါရော
မင်း နှာတွေစီးလိုက်ဟ ချောင်းတွေဆိုးလိုက်ဟ ဆိုပြီးအမျိုးမျိုး သူပြုပြင်သလို
ဖြစ်နေရတဲ့ ခန္ဓာကြီး ....

အာဟာရ
အစားကောင်း အသောက်ကောင်းလေးတွေစားရရင် တော့
စိုပြေပြီး မင်း ဝ လိုက်ဟ
အသားရည်တွေ စိုပြေလိုက်ဟ
မစားရ မသောက်ရတဲ့အခါ
မင်း ပိန်လိုက်ဟ
အသားရည်တွေ ခမ်းခြောက်လိုက်ဟ
ချိုတာတွေ စားတာများရင် မင်း ဆီးချို သွေးချို ဖြစ်လိုက်ဟ
ငန်တာတွေ စားတာများရင် မင်း သွေးတိုး ဖြစ်လိုက်ဟ ဆိုပြီး သူဖြစ်စေချင်သလို ဖြစ်နေရတဲ့ ခန္ဓာကြီး ....

စိတ်
စိတ်လေးလန်းဆန်းပြီး ရွှင်လန်းနေတဲ့အခါ
မင်းရုပ်လေး ကြည်နေလိုက်ဟ
ဒေါသတွေများထွက်ရင်တော့
မင်းရုပ်ကြီး ကြမ်းတမ်းလိုက်ဟ ဆိုပြီး သူပြုပြင်သမျှ ခံနေရတဲ့ ခန္ဓာကြီး ....

ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဆိုသော အကြောင်းတရားလေးပါးက ပြုပြင်ပေးလိုက်လို့ ရလာတဲ့ သင်္ခါရခန္ဓာကြီးမှာ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါ ဆိုပြီ ထင်မှတ်စရာမရှိ ....
ရုပ်တရားနဲ့ နာမ်တရား (တစ်နည်း) ခန္ဓာ ငါးပါးဆိုသော ဓမ္မသာ ရှိပေသည်။

သူများပြုပြင်ပေးလိုက်လို့ ရလာတဲ့ ဒီခန္ဓာကြီးဟာ သူဖြစ်စေချင်သလို ဖြစ်နေရတဲ့အတွက် ဘယ်နေရာမှ မမြဲ အချိန်တိုင်း
တစ်မျိုးပြီး တစ်မျိုး ဖောက်ပြန်ပျက်စီးနေတဲ့ အနိစ္စ တရား ...
ထိုအနိစ္စတရားတွေက အချိန်ပြည့် နှိပ်စက်ခြင်းကို ခံနေရတဲ့အတွက်
ဆင်းရဲလှသော ဒုက္ခတရား ...
ထိုအကြောင်းတရား လေးပါးထဲက တစ်ပါးကများ မထောက်ပံ့တော့ဘူး‌ဆိုရင်
ကံကများ ပျက်စီးတော့လို့ဆုံးဖြတ်လိုက်ရင်၊ စိတ်သောကကြောင့်( နှလုံးရောဂါလိုမျိုး) ဒေါသကြောင့် (ဦးနှောက်သွေး‌ကြောပေါက်တာလိုမျိုး) တစ်ခုခုကြောင့် ပျက်စီးတော့လို့ သတ်မှတ်လိုက်ရင်၊ ဥတုကများ၊အာဟာရကများ ပျက်စီးတော့လို့ ပြဌန်းလိုက်ရင် ဒီခန္ဓာကြီးဟာ သေချာပေါက် ပျက်စီးရမယ့် ကိုယ့်သဘော တစ်ခုမှ မပါ
ကိုယ့်အကြိုက် တစ်ခုမှ မဆောင်တဲ့
အနတ္တတရား ပါတကား ....

(မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားတော်နာယူကာ မိမိနားလည်သလောက် ရေးသားခြင်းဖြစ်ပါသည်)

@myanmarpyithar

[IMAGE: https://files.peakd.com/file/peakd-hive/myanmarpyithar/grRO4Bx8-IMG_20200516_210116.jpg]

TAGS: [ #myanmar ] [ #hive ] [ #knowledge ] [ #sharing ]

Replies

@walarhein | May 17, 2020, 3:36 a.m. | Votes: 0 | [ VOTE ]

ဖြစ်ပြန် ပျက်ပြန် လောကဓံ ကြံ့ကြံ့ခံထား အိုလူသား

@myanmarpyithar | May 17, 2020, 2:38 p.m. | Votes: 0 | [ VOTE ]

အရှုံးမပေးနဲ့ ကြိုးစား ... 😁😁 (Banana အသံဖြင့်ဖတ်ရန်)

@myanmarkoko | May 17, 2020, 2:33 p.m. | Votes: 0 | [ VOTE ]

ထိထိမိမိရှိလှပါတယ်ဗျာ

@myanmarpyithar | May 17, 2020, 2:40 p.m. | Votes: 0 | [ VOTE ]

ကျေးဇူးပါဗျာ

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>