+-+-+ +-+ +-+-+-+-+
|G|O| |4| |H|I|V|E|
+-+-+ +-+ +-+-+-+-+

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

အိမ်စောင့်ခွေးလေး

BY: @myintmo.shweyi | CREATED: Nov. 2, 2025, 8:06 a.m. | VOTES: 14 | PAYOUT: $0.11 | [ VOTE ]

ကျွန်မတို့ မိသားစုသည် 25.3.2024 တွင် လှုပ်ခတ်ခဲ့သည့် ငလျှင်ကြောင့် အိမ်ငှားဘဝမှ ကိုယ်ပိုင်အိမ် ရှင်ဘဝသို့ ရောက်ရှိခဲ့သည်။ အဘယ်ကြောင့် ဆိုသော် အိမ်ငှားနေထိုင်သည့် အိမ်မှာ စိတ်ချမှုမရှိခြင်း၊ အကယ်၍များ ဆိုသည့် အတွေများ ပတ်ချာလည်၍ ကိုယ်ပိုင် တနိုင်အိမ်လေး ဆောက်ပြီး နေထိုင်ဖြစ်ခဲ့သည်။

[IMAGE: https://images.ecency.com/DQmYFh7nPUq9pa6kFYwMmfcPzE2EjAucgHnpsQ1tgWGbNd8/1762070599040.jpg]

အိမ်မှာ မွေးထားခြင်း မရှိသည့် ခွေးထီးလေး တစ်ကောင်သည် ကျွန်မတို့ အိမ်၌ အမြဲလာရောက် နေထိုင် စားသောက်လေ့ရှိပါသည်။ ကျွန်မတို့ မိသားစု ခရီးထွက်လျှင်လည်း အိမ်ရှေ့ တံခါးပေါက်၌ အမြဲစောင့်ပေး လေ့ရှိသည်။

[IMAGE: https://images.ecency.com/DQmV1w6cz98myjLzf3rgFPehkra1RAD84f5uLsJCLpy6iHh/1762070621944.jpg]

နေ့စဉ်နှင့်အမျှ လာရောက်စောင့်ပေး ခြင်းသည် ကျွန်မတို့ မိသားစုအတွက် ကောင်းသော်လည်း ဧည့်သည် လာရောက်သည့် အချိန်တွင် အားနာစရာ များဖြစ်ရသည်။ အဘယ်ကြောင့် ဆိုသော် ခွေးထီးလေးသည် ဧည့်သည် သူစိမ်း လက်မခံချင်ပါ။ အိမ်အတွင်းသို့ ဝင်မည့်ဧည်သည်များကို ကိုက်ချင်ပါသည်။

[IMAGE: https://images.ecency.com/DQma61vPnDVpkmSQ5Mdp32jKiYW83U3EYEs2P667n3XxRuY/1762070648418.jpg]

ခွေးထီးလေးအား ဧည့်သည် မကိုက်စေချင်သည့်အတွက် အကြိမ်ကြိမ် မောင်းထုတ် ရိုက်နှက်ဖြစ်ခဲ့ပါသည်။ မည်သို့ပင် မောင်းထုတ်စေခဲ့ပါမှု ခွေးထီးလေးသည် အခြားအိမ်သို့ အပြီးပြန်သွားခြင်း မရှိ အိမ်သို့သာ ပြန်လာနေတက်သည်။ နေ့စဉ်နှင့်အမျှ မောင်းထုတ်နေခဲ့ရသည့် ကျွန်မသည် ခွေးထီးလေးအား အားနာလာခဲ့သည်။ ခုတော့ မောင်းမထုတ်ဖြစ်တော့ပါ။ အကယ်၍ သူခိုးကပ်လာလျင် ကျွန်မ ကြိုတင်သိနိုင်ခြင်းကြောင့် ဖြစ်သည်။ သစ္စာရှိရှိ နေစဉ် စောင့်ပေးလျက်ရှိပါသည်။

[IMAGE: https://images.ecency.com/DQmWQ6H941RhHpa8uf1sDJrSafR2ytF94fJ6R5TiuYStLLx/1762070685379.jpg]

အိမ်သို့ အလည်လာမည့် အသိမိတ်ဆွေ ဧည့်သည်များရှင့် ကြိုတင်အသံပြု ဝင်ရောက် လာပေးပါရန် သတိပေးရင်း အိမ်မှာ သစ္စာရှိသော ခွေးထီးလေးရှိကြောင်း အသိပေးပါရစေ။

TAGS: [ #HIVE-MYANMAR ] [ #pet ] [ #photography ] [ #neoxian ] [ #waivio ] [ #pob ] [ #trafficinsider ] [ #palnet ]

Replies

@htwegyi | Nov. 2, 2025, 1:34 p.m. | Votes: 0 | [ VOTE ]

ခွေးကိုက်မှာ တော့ ကြောက်သဗျို့။
!LOLZ
!MEME

@meme.bot | Nov. 2, 2025, 2:05 p.m. | Votes: 0 | [ VOTE ]

Credit: orionvkEarn Crypto for your Memes @ HiveMe.me!

@lolzbot | Nov. 2, 2025, 2:05 p.m. | Votes: 0 | [ VOTE ]

lolztoken.com
Show me a piano falling down a mineshaft...And I'll show you A-flat minor.Credit: reddit@myintmo.shweyi, I sent you an $LOLZ on behalf of htwegyi(1/8)Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>