____  ___    _  _     _   _ _____     _______
 / ___|/ _ \  | || |   | | | |_ _\ \   / / ____|
| |  _| | | | | || |_  | |_| || | \ \ / /|  _|
| |_| | |_| | |__   _| |  _  || |  \ V / | |___
 \____|\___/     |_|   |_| |_|___|  \_/  |_____|

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

စပျစ်သီး ( GRAP )

BY: @myintoo | CREATED: March 3, 2018, 7:11 a.m. | VOTES: 6 | PAYOUT: $0.09 | [ VOTE ]

စပျစ်သီး(GRAP)

[IMAGE: https://steemitimages.com/DQmct9dLtqhyTFTMDyT9epaHkK4jjAmv95ZxDFxE3PVzm4G/images%20(1).jpg]

စပျစ်သီးကို ဗိုက်တစ်ဗိုင်နီဖဲရားလို့ ရုက္ခဗေဒက ဆိုပါသည်။ ဒါ့ကြောင့် စပျစ်သီးရဲ့အရသာကို လူတိုင်းစွဲစွဲမက်မက် ရှိကြပါသည်။ရောဂါဝေဒနာသည်များအတွက်လည်း ဆေးဝါးအဖြစ် သုံးစွဲစားသုံးကြတာကိုလည်း တွေ့ရပါသည်။
တကယ်လည်း စပျစ်သီးကို နေ့စဉ်စားသုံးကြမယ်ဆိုရင်အသားအရေ စိုပြည်ချောမွေ့ လာမှာ အမှန်ပါပဲ။ ပြီးတော့ မူးမော်ထိုင်းမှိုင်းခြင်းကိုလည်း ပျောက်ကင်းစေတယ်။ သွေးအားတိုးစေတယ်။


ကလေးငယ်များအား ညတွင် စပျစ်ရည် လက်ဖက်ရည် ဇွန်းဖြင့် တစ်ဇွန်း၊နှစ်ဇွန်း တိုက်ကျွေးပေးပါက ၀မ်းသွားရာတွင် လျောလျောရှူ ရှူ  ရှိစေပါတယ်။

သောက်ဆေးအဖြစ်လည်း အသုံးပြု
၁။ အိပ်ရာမ၀င်မီ စပျစ်သီး (၂၅)ဂရမ် (လက်တစ်ဆုပ်စာ) စားပြီးနောက် နွားနို့ပူပူတစ်ခွက် သောက်ပါ။အကျိုးကား…..၀မ်းချုပ်ခြင်းကို ကာကွယ်ရာမှာ ထိရောက်အသုံးဝင်တဲ့နည်းပါ။
၂။ စပျစ်သီးနဲ့နွားနို့ နေ့စဉ်စားသုံးခြင်းဖြင့် အားနည်းခြင်း မူးဝေခြင်း တုန်လှုပ်ချောက်ချားခြင်း စသည်တို့အတွက် အင်မတန် ကောင်းပါတယ်။
၃။ အမျိုးသမီးများအတွက်မူ ဓမ္မတာလာသောအချိန်တွင် နာကျင်ကိုက်ခဲပါက စပျစ်သီး (၁၀)ကို ရေလက်ဖက်ရည်ပန်းကန်လုံးတစ်လုံးစာနဲ့ ထက်ဝက်ကျအောင် ကျိုပြီး အဖတ်မပါအောင်စစ်ပြီး တစ်နေ့ကိုနှစ်ကြိမ် သောက်ပါ။
၎။ စပျစ်ရည်တစ်အောင်စ၊ သကြားအနည်းငယ်ကို ရေနဲ့ရောပြီးသောက်ရင် ရေငတ်ပြေပါတယ်။ အစာမကြေခြင်း၊ခံတွင်းအမြှေှးပါး ရောင်ရမ်းခြင်းတို့ကိုလည်း ပျောက်ကင်း သက်သာစေတယ်။
၅။ စပျစ်သီး (၁၀) လုံးမှ အလုံး(၂၀) အထိကိုရေလက်ဖက်ရည် တစ်ပန်းလုံးတွင် တစ်ညစိမ်ပါ။ထို့နောက်တွင် ၎င်းတို့ကို ခြေပစ်ပါ။ အဖတ်များကိုဖယ်ထုတ်ပြီး အရည်ကို သကြားအနည်းငယ်ရောပြီးသောက်ပါ။ ၀မ်းတွင်းအပူ ကင်းစင်လျော့ပါး စေပါတယ်။
၆။ စပျစ်ရည် လက်ဖက်ရည်တစ်ပန်းကန်လုံးကို နံနက်စောစောသောက်ခြင်းဖြင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ (MIGRAINE) နဲ့ စိတ်တင်းမာမှုကြောင့် ဖြစ်ပေါ်တတ်တဲ့ခေါင်းကိုက်ရောဂါတို့တွင် အသုံးတည့်ပါတယ်။
၇။ချောင်းခြောက်ဆိုးရင်တော. စပျစ်သီးခြောက်ကို မီးဖိုပေါ်တွင် လှော်ပါ။ပြီးတော.ဆားနဲ. ငရုတ်ကောင်းမှုန်. အနည်းငယ်ဖြူးပြီးဝါးစားပါ။
၈။ညရေးညတာတွင် စပျစ်သီးခြောက် (၁၀ )လုံးမှ (၂၅ ) လုံးအထိကို ရေစိမ် နံနက်ရောက်ရင် အဲဒါကို အရည်ညစ်ယူပြီးသောက်ပါ။မျက်စိပူခြင်ဆျှီးဒုက္ခပေးခြင်းများကို များစွာ သက်သာစေပါသည်။

[IMAGE: https://steemitimages.com/DQmQro31oKHYUnsehKesvukxA4ZJTHiSvMvbuHFFzNkjPHA/images.jpg]

[IMAGE: https://steemitimages.com/DQmeGWEFBPyTWpCEXe8QqSBSvmQq9hWqp9SEwrt5eAXy2K3/images%20(2).jpg]

myint oo

photo from google

TAGS: [ #hfs ] [ #esteem ] [ #upvoter ] [ #steemit ] [ #knowledge ]

Replies

NO REPLIES FOUND.

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>