___  ___    _ _    _  _ _____   _____
 / __|/ _ \  | | |  | || |_ _\ \ / / __|
| (_ | (_) | |_  _| | __ || | \ V /| _|
 \___|\___/    |_|  |_||_|___| \_/ |___|

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

Introduction Myself

BY: @noenoekabyar | CREATED: March 16, 2018, 3:43 p.m. | VOTES: 7 | PAYOUT: $3.77 | [ VOTE ]

အားလုံးပဲ မင်္ဂလာပါ

      Steemit ထဲကိုရောက်ရှိလာတာက ကျွန်တော်ရဲ့ Facebook

friend ဖြစ်တဲ့ Ko Aung Ko Oo ရဲ့ တိုက်တွန်းမှုကြောင့်ရယ်
ကျွန်တော်ရဲ့ စာရေးဝါသနာ ကြောင့်ပဲ ဖြစ်ပါတယ် ။ သူကတော့ Steemit
မှာ @henryba ဆိုတဲ့ account name နဲ့ September /
2017 လောက်တည်းက Steemitကို စတင် အသုံးပြုခဲ့တာဖြစ်ပါတယ် ။
ဟိုးအရင်တည်းက Online Money ဘက်ကို စိတ်ဝင်စား
တာကြောင့် အလုပ်အားတဲ့အချိန်တွေတိုင်းလိုလို လုပ်ဖြစ်နေပါတယ် ။
မအားဘူးဆိုရင်တောင်မှ တစ်ရက်ကို နာရီဝက်လောက်တော့ ဟိုဟာ
လေး လုပ်ကြည့် ဒီဟာလေးလုပ်ကြည့် ၊ Facebook က Group
တွေကို Join ထားပြီး သူတို့တင်ထားတာတွေ လိုက်စမ်းသပ်ကြည့်
အဲ့လိုလေးတွေ လုပ်နေခဲ့တာပါ ။ သူငယ်ချင်းတွေ ထဲမှာလည်း Online
Money ကို စိတ်ဝင်စား ဝါသနာပါတဲ့သူတွေ ရှိနေကြတဲ့အတွက် သူတို့နဲ့
တွေ့ရင်လည်း Online Money အကြောင်းတွေကို ဆုံတိုင်းလိုလို
ဆွေးနွေးပြောဖြစ် ၊ လုပ်ဖြစ်နေကျပါ ။

                ကျန်ခဲ့တဲ့ နှစ်နှစ်လောက်က တော့Site တစ်ခုမှာ စိတ်နှစ်ပြီး လုပ်ခဲ့ဖူးပါတယ် ။ MMM Global - အဲ့ဒီ Site ကတစ်ဆ ရင်းရင် နောက်တစ်ဆလောက်မြတ်တယ်လို့်သူငယ်ချင်း တစ်ယောက် ပြောတယ် ။ သူလဲ အခုလုပ်နေတာ တစ်ကယ်လဲ ထုတ်လို့ရတယ် ။ လုပ်ရတာလည်း သိပ်အခက်ကြီးမဟုတ်တော့ ရှိစုမဲ့စုလခလေး

တွေနဲ့ တစ်သိန်းလောက် ရင်းပြီး လုပ်ခဲ့တယ် ။ တကယ်လဲရခဲ့ပါတယ် ။
ဒါပေမယ့် ကျွန်မစသုံးပြီး ခြောက်လလောက်အကြာမှာတော့ scan
ထိပြီး MMM ထဲမှာ ရှိနေတဲ့ လောဘကြီးပြီး မထုတ်ပဲ စုထားတဲ့ ပိုက်ဆံတွေ အကုန်ဆုံးသွားခဲ့တယ် ။ မနှစ်ကတော့ MMM ကထိုင်း
မှာပြန်ဖွင့်နေပြီးတော့ Myanmar က user တွေကိုလည်း နဂိုက ဆုံး
သွားတဲ့ ပိုက်ဆံတွေ ပြန်ပေးမယ်လို့တော့ ကြားခဲ့ရတယ် ။ ဒါပေမယ့် ကြား
တော့ကြားတယ် " ငကြား " ပဲရှိပါတယ် ။ မျှော်လင့်ချက် လေးဆုံး ရှုံးခဲ့ရတာပေါ့ ။

         ဒါနဲ့ပဲ Online ပေါ်မှာ ဟိုဟာလေးစမ်းဒီဟာလေးစမ်းနဲ့ လုံ့လည်ရှာလည် လုပ်နေရင်း အခုတော့ အပေါ်မှာပြောပြခဲ့တဲ့ အကိုနဲ့တွေ့

ပြီး ကိုယ်တိုင်ကလည်း စာရေးစာဖတ် ဝါသနာပါနေတာကြောင့် ပိုက်ဆံလဲရ
ကိုယ်ဝါသနာပါတဲ့ Online Money လည်းဖြစ်နေတဲ့အတွက် Steemit ဘက်ကိုရောက်လာခဲ့တာပါ ။

[IMAGE: https://steemitimages.com/DQmduzvcHCzCRLXZzXvZv2e35ScuxJPn3QTh6TCPgvx6w4h/FB_IMG_1521222140777.jpg]

@noenoekabyar

(Man Thu Lay)

Photo Credit - Facebook
:---------------------------------:

TAGS: [ #introduction ] [ #myself ] [ #on ] [ #steemit ]

Replies

@thoonsateain | March 16, 2018, 5:53 p.m. | Votes: 0 | [ VOTE ]

Welcome.......

@noenoekabyar | March 16, 2018, 6:05 p.m. | Votes: 0 | [ VOTE ]

Thanks

@kyawthetka | March 16, 2018, 5:56 p.m. | Votes: 0 | [ VOTE ]

Welcome nyi ma.....
Steemit မှာအောင်မြင်ပါစေ။

@noenoekabyar | March 16, 2018, 6:06 p.m. | Votes: 0 | [ VOTE ]

ကျေးဇူးတင်ပါတယ်Bro.

@zayhein | March 16, 2018, 6:43 p.m. | Votes: 0 | [ VOTE ]

Hi

@noenoekabyar | March 16, 2018, 6:56 p.m. | Votes: 0 | [ VOTE ]

Hu....Hu...

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>