___  ___    _ _    _  _ _____   _____
 / __|/ _ \  | | |  | || |_ _\ \ / / __|
| (_ | (_) | |_  _| | __ || | \ V /| _|
 \___|\___/    |_|  |_||_|___| \_/ |___|

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

အတွေးတစ်စ

BY: @nwenwe | CREATED: July 8, 2018, 4:04 p.m. | VOTES: 72 | PAYOUT: $1.52 | [ VOTE ]

Steemit member များအားလုံးမင်္ဂလာပါ။
နေမကောင်းတာနဲ့ pro မရေးဖြစ်တာ နှစ်ကြိမ်ရှိသွားပြီ။ အခုpro ကို ရေးပါအုံးမယ်စဉ်းစားနေသော်လည်း နေကမကောင်းချင်ပြန်တော့ မိုးကလဲအေးနဲ့ ကွေးရင်းဖြင့် အတွေးတို့ စုပြုံလာတော့ ရေးသားဖြစ်ခဲ့သည်။
လောကကြီးမှာ လူ ရယ်လို့ဖြစ်ပေါ်လာတည်းက ဖြစ်တည်မူ့က ဆန်းကျယ်သားနော်။ ဘဝ ရဲ့အနိမ့်အမြင့် အတက်ကျ ကိုကျော်ဖြတ်ကြရတယ် ။ လူတန်းစားပေါင်းစုံနဲ့ ဆက်ဆံရတယ်။
ကောင်းသည်ဖြစ်ဖြစ် ဆိုးသည်ဖြစ်ဖြစ်
ကံ ဆိုတဲ့ဇာတ်ဆရာအလိုကျ က ကြရတယ်။
ပျော်ရွှင်ခြင်းတွေ လက်ပွင့်တာတွေ ပေါ်လာခဲ့ရင် ကံကောင်းနေတယ်ပေါ့။ုဆိုးတာတစ်ခုခုနဲ့ကြုံခဲ့ရင် ကံမကောင်းဘူး ကံဆိုးသည်ပေါ့ ။ ကံကိုသာ ပုံ ချကြသည်။
ပိုက်ဆံရှိလူကုံထံတွေက ကံတရားကောင်းလို့ မွေးဖွားလာတယ်လို့ဆိုကြပြန်တယ်။
ဆင်းရဲတဲ့လူက လူဖြစ်တာချင်းတူတူတောင်
ကံမကောင်းဘူးဆိုပြန်သတဲ့ ။ ကိုယ်တွေးမိသလောက် လက်လှမ်း မိသလောက် ရေးသားခြင်းပါ။
ဟုတ်ပါပြီ အဲ့လိုဘဲ အနိမ့် အမြင့်မတူတဲ့ ကံဆိုတာ ကြီးကိုဘယ်သူက လုပ်တာလဲဆိုတော့ လူက လုပ်တာပါ။
ယနေ့ ကံကောင်းပေမဲ့ နက်ဖြန် ကံကောင်းပါမလား။ ယနေ့ ကံမကောင်းပေမဲ့ နက်ဖြန် ကံကောင်းချင်ရင်ကောင်းမယ်လေ။
ဒါကို ဘယ်သူ့မှပြောင်းလဲပြစ်လို့မရပါဘူး။
တစ်နေ့ ဈေးဝယ်စဉ် ဝယ်နေကြ အမျိုးသမီးမှာ နေရာတွင်မရှိပါ။ သူ့နေရာတွင် ဝင်ရောက်ဈေးရောင်းနေသူကား သူမ၏ သမီးများဖြစ်ပုံပေါ်နေသော ကလေးမလေးနှစ်ယောက်ဖြစ်လေသည်။
မိခင်ကဘဲ မအားလို့ ဆိုင်ခင်းထားပြီး ရောင်းခိုင်းခဲ့တာလား အပေါ့ပါးသွားလို့ စောင့်ခိုင်းထားတာလားတော့ မသိဘူး
ထိုကလေးမနှစ်ယောက်က တော့ ဈေးရောင်းနေသည်။
ဈေးရောင်းနေတယ်ဆိုလို့ အရမ်းအကြီးကြီးမထင်လိုက်ပါနဲ့။ ထိုကလေးမ နှစ်ဦးမှာ အငယ်လေးက ၃နှစ်ဝန်းကျင်နဲ့ အကြီးမလေးက KG တန်းတက်နေပုံပင်ဖြစ်သည်။
စာအုပ်ကိုကိုင်ကာ ' က 'ကြီးရေးနေသည်။ ဈေးဝယ်သူများက ဒါ ဘယ်လောက်လဲ ဘယ်ဈေးလဲ မေးနေတာကို တစ်ချက်မကြည့်ဘဲ
ဈေးနူန်းကိုသာ ပြော၍ စာရေးနေသည်။ ဝယ်သူက ယူမဲ့ပစ္စည်းပြတော့မှ တစ်ချက်ကြည့်ကာ ဈေးနူန်းတွက်ပေးလေသည်။ ပြန်အမ်းရမည်ဆိုပါက သူကိုယ်တိုင် မအမ်းဘဲ
၃နှစ်သာသာ ကလေးကို ဘယ်လောက်အမ်းလိုက်ဆိုပြီး ပြောကာ သူကတော့ စာရေးနေသည်။
၃နှစ်ကလေးမလဲ ပိုက်ဆံကိုတစ်ချက်မှ မမှားပေ။ ဘေးနားဈေးသည်များကလဲ သူတို့နှစ်ယောက်ကိုကြည့်ရင်း သဘောကျနေကြသည်။ ဈေးဝယ်သူများကလဲ သဘောကျလျှက် သူတို့ဆီက ဝယ်နေကြသည်။
ဤသည်ကို ကြည့်ချင်းအားဖြင့် ကံဆိုးလို့ ဈေးရောင်းနေသည်ဟု မြင်မိပါသလား။
စာရေးသူ ကျွန်မကတော့ မမြင်မိပါ။ ထိုသူတို့က ကျရာဇာတ်ရုပ်မှာကရင်း တစ်နေ့နေ့မှာတော့ ကံကို ပြောင်းပြန်လှန်မည့် သူများဟု မြင်မိပါတယ်။
တစ်နေ့နေ့ မှာတော့ သူတို့သည် ချမ်းသာလာလိမ့်မည်ဟု ယုံကြည်မိသည်။
ထိုသူတို့၏ မြင်ကွင်းကား ယနေ့ချိန်ထိ မြင်ယောင်ရင်း မိုးအေးအေးနှင့် အတွေးတစ်စ
တို့ဖြင့် ရေးသားလိုက်ပါသည်။[IMAGE: https://cdn.steemitimages.com/DQmQyvAvZNcunGf7RRADp6xMzfFcXusvUn8k2Dw6MMYHC7J/IMG_20180603_131049.jpg]
I created writing and photo by me
Thanks for steemit member all my fri
MSC-233
@nwenwe

TAGS: [ #myanmar ] [ #thinking ] [ #story ] [ #life ] [ #blog ]

Replies

@winko | July 8, 2018, 4:08 p.m. | Votes: 0 | [ VOTE ]

ညီမလေး နေကောင်းပြီလား
ကလေးက တစ်ချိန် ပြောင်းပြန်လှန်မှာထင်တယ်

ဟီး

@nwenwe | July 8, 2018, 4:12 p.m. | Votes: 0 | [ VOTE ]

😂😂😂😂😂

@uthantzin | July 8, 2018, 4:34 p.m. | Votes: 0 | [ VOTE ]

ကောင်းသော မြင်ကွင်းလေးတစ်ခုကို ပြန်လည်ပုံဖော်တင်ပြထားတာ မှတ်သားစရာလေးပါ။ကံဆိုးတာလည်းရှိသလို ကံကောင်းခြင်းတွေကိုလည်းရရှိလာမှာပါလို့ ထောက်ပြသွားတဲ့ post ကောင်းတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာ

@nwenwe | July 9, 2018, 2:14 a.m. | Votes: 0 | [ VOTE ]

ကျေးဇူး အထူးတင်ပါ၏

@generalpyone | July 8, 2018, 5:11 p.m. | Votes: 0 | [ VOTE ]

👍👍👍

@nwenwe | July 9, 2018, 2:14 a.m. | Votes: 0 | [ VOTE ]

Thanks

@asterkame | July 9, 2018, 1:07 a.m. | Votes: 0 | [ VOTE ]

ဖတ်​လို့​ကောင်းပါတယ်​...​နေမ​ကောင်းတဲ့ကြားကအ​တွေးစဆွဲထုတ်​လိုက်​တာ....
က​လေးအရွယ်​​လေးနဲ့တွက်​ချက်​​ဈေး​ရောင်းတတ်​​နေတာ​တော်​ပါ​တယ်​....👍

@nwenwe | July 9, 2018, 4:04 p.m. | Votes: 0 | [ VOTE ]

ဟုတ်ပါတယ် မြင်သူသမျှ သဘောကျကြတယ်လေ

@yuzana | July 9, 2018, 2:35 a.m. | Votes: 0 | [ VOTE ]

ကျမ်းမာ​ရေးဂရုစိုက်​ပါညီမ အခုရာသီဥတုကမိုး​စွေ​နေ​တော့
ကျမ်းမာ​ရေး​တွေမ​ကောင်​ကြဘူး

@nwenwe | July 9, 2018, 4:04 p.m. | Votes: 0 | [ VOTE ]

ဟုတ်ကဲ့ပါ ကျေးဇူး

@mgmglattt | July 9, 2018, 9:32 a.m. | Votes: 0 | [ VOTE ]

ကံ ဥာဏ် ဝီရိယ ရှိတဲ့သူကတော့ သူများအောက်မကျပါဘူး yes? or no?

@nwenwe | July 9, 2018, 4:05 p.m. | Votes: 0 | [ VOTE ]

Yes

@mahaw | July 9, 2018, 1:27 p.m. | Votes: 0 | [ VOTE ]

ဘဝက‌ပေးတဲ့ သင်‌ခန်းစာ‌တွေ‌ပေါ့ညီမ။

@nwenwe | July 9, 2018, 4:06 p.m. | Votes: 0 | [ VOTE ]

အဲ့လိုဘြဲမင်မိပါတယ်

@nweoomon | July 9, 2018, 4:19 p.m. | Votes: 0 | [ VOTE ]

ကံဆိုတာ အလုပ်တဲ့
အလုပ်ကောင်းကောင်းလုပ်ရင်တော့ ကံကောင်းမှာပါ

@nwenwe | July 10, 2018, 12:17 p.m. | Votes: 0 | [ VOTE ]

ဟုတ်တာပေါ့😘

@lwanwai | July 10, 2018, 12:57 a.m. | Votes: 0 | [ VOTE ]

ကျန်းမာရေး ဂရုစိုက်ကာ ညီမလေးရေ 😊

@nwenwe | July 10, 2018, 12:18 p.m. | Votes: 0 | [ VOTE ]

ဟုတ်ကဲ့ ကျေးဇူးပါနော်

@suhtetaung | July 10, 2018, 4:19 a.m. | Votes: 0 | [ VOTE ]

ချစ်လိုက်တာ တကယ်ကို ကျရာနေရာမှာ အကောင်းဆုံး လုပ်နိုင်ကြတဲ့ ခလေးလေးတွေနော်..။

@nwenwe | July 10, 2018, 12:19 p.m. | Votes: 0 | [ VOTE ]

ဟုတ်တယ် လို့ လူကြီးတွေနဲ့တန်းတူ ဈေးရောင်းနေကြတာ👭👭👭👭

@nyinyiwin | July 10, 2018, 2:36 p.m. | Votes: 0 | [ VOTE ]

ဖတ်လို့လဲ ကောင်းသလို မှတ်သားစရာများလဲ ရရှိလိုက်ပါတယ်ဗျာ။ ဒါပေမယ့် ညီမလေး စာလုံးရေ အနည်းငယ်လိုနေပါတယ် ။ ဖြစ်နိုင်ရင် ထပ်ဖြည့်ရေးပေးပါလို့ ။

@steemitboard | Jan. 19, 2019, 2:49 a.m. | Votes: 0 | [ VOTE ]

Congratulations @nwenwe! You received a personal award!

https://steemitimages.com/70x70/http://steemitboard.com/@nwenwe/birthday1.png
Happy Birthday! - You are on the Steem blockchain for 1 year!

Click here to view your Board

> Support SteemitBoard's project! Vote for its witness and get one more award!

@steemitboard | Jan. 19, 2020, 3:31 a.m. | Votes: 0 | [ VOTE ]

Congratulations @nwenwe! You received a personal award!

https://steemitimages.com/70x70/http://steemitboard.com/@nwenwe/birthday2.pngHappy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!
[ BACK TO TRENDING ] [ BACK TO MENU ]
CMD>