[IMAGE: https://img.esteem.ws/58hykp6jro.jpg]
သူငယ်ချင်း တွေနဲ့ပြောဆိုရာမှာ
တစ်ဖက်သားသူ မျက်နှာကို
ထောက်ထားဆင်ခြင် အသိအမြင်နှင့်
ဉာဏ်ကိုရှေးရှုနှလုံးပြု၍
စာနာသနားလူအများကို
မေတ္တာသက်ဝင် ချစ်ခင်ပါမှ
အသင်လူသား ထိုသူများက
မေတ္တာဓာတ်မှန် အသွားအပြန်ဖြင့်
ကြည်လင်မေတ္တာဂရုဏာနှင့်
စောင်မဖေးရှုဂရုပြုကြပေမည်။
[IMAGE: https://img.esteem.ws/0hlg9e9qgb.jpg]
Photo credit google and facebook
[IMAGE: https://img.esteem.ws/rhivjrsloq.jpg]
Author @nyinyilwin
MSC 170