____  ___    _  _     _   _ _____     _______
 / ___|/ _ \  | || |   | | | |_ _\ \   / / ____|
| |  _| | | | | || |_  | |_| || | \ \ / /|  _|
| |_| | |_| | |__   _| |  _  || |  \ V / | |___
 \____|\___/     |_|   |_| |_|___|  \_/  |_____|

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

ချောင်းကြည့် ပြုံးပြန်

BY: @nyinyiwin | CREATED: March 21, 2024, 4:15 p.m. | VOTES: 18 | PAYOUT: $0.17 | [ VOTE ]

[IMAGE: https://images.ecency.com/DQmVUqskaF7FchKY5zQYrXREVAL5kdutxvKbgLXzxaP4Wkx/img_20180804_102247.jpg]

မဂ်လာပါ မြန်မာဟိုက်အဖွဲ့သားများခင်ဗျာ။

ဒီနေ့တော့ ကျွန်တော်ကွီးရွှေတစ်ယောက် ဟိုက်စာမျက်နှာပေါ်ရောက်လာခဲ့ပါပြီ။ ယခင်လို စာတိုပေစလေးများ ရေးချင်စိတ်က တွန်းပို့ပေးလာခဲ့သည်။ ဟာသဖြစ်ဖြစ်၊ သရော်စာဖြစ်ဖြစ်ရေးအုန်းမယ် စိတ်ကူးရှိသော်လည်း မရေးဝံ့ပါ။ ဒီလိုနိုင်ငံအနှံ့ဒုက္ခမီးများ လောင်မြိုက်နေချိန်မှာတော့ ကျွန်တော့်အနေနှင့် ဟာသစာပေများ ရေးချင်စိတ်လဲမရှိပါ။

ဒီနေ့ မှကျွန်တော်ကွီးရွှေ ဟိုက်ပလက်ဖောင်းပေါ် ရောက်လာခြင်းမဟုတ်ပါချေ၊ လွန်ခဲ့သည့် ၂နှစ်တာလုံး အော်တိုဘုတ်များပေးထားကာ နားနေခဲ့သည်။ ရံဖန်ရံခါ တစ်ပါတ်လျင် ၂ရက်ခန့် မြန်မာအဖွဲ့သားများ၏ စာများအား လာရောက်ဖတ်ရှုဖြစ်သည်။

ကျွန်တော် ဘာလို့ နှစ်အရှည်ကြီးနားလိုက်ရသလဲဆိုရရင်တော့ ဟိုက်ကွန်မြူနတီရဲ့ တားမြစ်ထားတဲ့ စပမ်းဥပဒေနဲ့ သွားငြိခဲ့လို့ ကျွန်တော့အကောင့်မှာ ဒေါင်းဘုတ်များ ရောက်လာခံခဲ့ရပါတယ်။ အဲဒီနောက် ကျနော်လဲ စိတ်ဓါတ်ကျပီး စာမရေးဖြစ်တော့ တာပါပဲ။ အဲဒီအချိန်အခါက စပရင်တာလန့်ဂိမ်းအကြောင်းရေးသားသည့် ပိုစ်များ အများဆုံးတင်ဖြစ်ခဲ့သည်။ ထိုစာများမှာ နေ့တိုင်းနေ့တိုင်း ပုံစံတူစာများ ထပ်ကာ ထပ်ကာ ပါနေသဖြင့် စပမ်းဥပဒေနှင့် တားမြစ်ခံရသည်။ ထို့နောက်တွင် ကျွန်တော်တင် ထားသမျှ ပိုစ်များအားလုံး ဒေါင်းဘုတ် အလိုက်ခံရတော့သည်။

ကျွန်တော် ဒီအကြောင်းကို ရေးသားပြနေသည်မှာ ယခုမြန်မာအဖွဲ့သားများတွင် အသစ်အသစ်သော အဖွဲ့သားများကိုတွေ့ရ၍ ကျွန်တော်၏အကြောင်းနှင့် ချိန်ထိုးနှိုင်းယဉ်ကာ သင်ခန်းစာယူနိုင်ကြစေချင်၍ဖြစ်သည်။ ညီမောင်အကိုနှမငယ်တို့ ဟိုက်ပလက်ဖောင်းကို ရေရှည်လျောက်မယ်ဆိုရင် သူချမှတ်ထားသော သူ့စည်းကမ်း များကို အတိအကျလိုက်နာကြစေချင်သည်ဟု ကျွန်တော်မှ ထပ်ဆင့် သတိပေးချင်ပါသည်။
ယနေ့အဖို့ ကျွန်တော်၏ပိုစ်အား ဒီလောက်နှင့် ရပ်နားလိုက်ပါမည်၊ စာမရေး ပိုစ်မတင်သည်မှာ ကြာနေသည်ဖြစ်၍ စာရှည်ရှည်ရေးရန် ခက်ခဲနေရပါသည်။

ဒီနေ့တော့ ဟိုက်ပလက်ဖောင်းကို အသာလေးချောင်းကြည့်ပီး မြန်မာအဖွဲ့သားများနှင့် ပိုစ်များကိုမြင်တွေ့ရ၍ အားရကျေနပ်မိသည်။ ပီးတော့ အသာလေးပင် ပြုံး၍ပြန်ခဲ့ပါသည်။

စာချစ်သူများ ကပ်သုံးပါးမှ ကျော်လွှားနိုင်ကြပါစေ။
@nyinyiwin (ကွီးရွှေ )
၃/၂၁/၂၀၂၄

[IMAGE: https://images.ecency.com/DQmbdSRFKYUGAuRqeWZBc6hSNDJ3NFx99TgZwTvF5mqRdcG/image.png]

TAGS: [ #HIVE-MYANMAR ] [ #myanmar ] [ #planet ] [ #proofofbrain ] [ #creativecoin ] [ #neoxian ] [ #waiv ]

Replies

@hivebuzz | March 21, 2024, 5:07 p.m. | Votes: 0 | [ VOTE ]

Congratulations @nyinyiwin! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You published more than 850 posts.Your next target is to reach 900 posts.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

@tin.aung.soe | March 21, 2024, 9:32 p.m. | Votes: 1 | [ VOTE ]

ခု ဒေါင်းဗုတ်က လွတ်ပြီလား။

@nyinyiwin | March 23, 2024, 1:55 p.m. | Votes: 0 | [ VOTE ]

အခု ၂၄နာရီစောင့်ကြည့်တာ ဒေါင်းဘုတ်တော့ လွတ်ပီထင်တာပဲဗျ။ စာမရေးတာလဲ နှစ်ကျော်ရှိသွားပီဆိုတော့ အလိုလိုလွတ်သွားသလားမပြောတတ်ဘူးဗျာ။ !LUV

@luvshares | March 23, 2024, 1:55 p.m. | Votes: 0 | [ VOTE ]

tin.aung.soe, nyinyiwin sent you LUV. 🙂 (1/4) tools | trade | connect | wiki | daily

Made with LUV by crrdlx.

[ BACK TO TRENDING ] [ BACK TO MENU ]
CMD>