__________     __ __     __  _______    ________
  / ____/ __ \   / // /    / / / /  _/ |  / / ____/
 / / __/ / / /  / // /_   / /_/ // / | | / / __/
/ /_/ / /_/ /  /__  __/  / __  // /  | |/ / /___
\____/\____/     /_/    /_/ /_/___/  |___/_____/

 --- A GOPHER-LIKE INTERFACE FOR HIVE BLOCKCHAIN ---

၅ မိနစ်လေး...

BY: @pearlwhite | CREATED: Oct. 12, 2017, 6:29 a.m. | VOTES: 75 | PAYOUT: $8.08 | [ VOTE ]

“မစုရယ် ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော်မှား သွားပါတယ်။ ကျွန်တော့်ကို ခွင့်လွှတ်ပါ။”

“မဇင်ရယ် ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော်မှား သွားပါတယ်။ ကျွန်တော့်ကို ခွင့်လွှတ်ပါ။”

“မကေသီရယ် ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော်မှား သွားပါတယ်။ ကျွန်တော့်ကို ခွင့်လွှတ်ပါ။”

“မခိုင်ကြည်ကိုလည်း ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော်မှား သွားပါတယ်။ ကျွန်တော့်ကို ခွင့်လွှတ်ပါ။”

[IMAGE: https://steemitimages.com/DQmNf7bFjkhK4mNdUkisD2b5KmfrjJ5Nj5sKoiBDh9RDaj7/crying-phone.jpeg]
Photo credit - google

အိမ်ရှေ့ဆီမှ အတိုင်းသားကြားနေရသော အသံများကိုနားထောင်ပြီး စားနေသည့်ထမင်းပင် လည်ချောင်းမှာ နင်နေသည်။ မျိုချလို့ မရသဖြင့် ရေဖြင့် မျှောချရသည်။ ဘုရား၊ ဘုရား အိမ်ရှေ့ ဝရန်တာမှာ ဖုန်းပြောနေတာ ကျွန်မ မောင်လေးမှ ဟုတ်ပါလေစ။ အရှေ့က ခေါ်တဲ့အမည်နာမတွေသာ ပြောင်းသွားသည်။ တောင်းပန် စကားက မပြောင်းပေ။ သူဘာတွေအမှားလုပ်လို့ ဒီလောက်တောင် လူတကာကို လိုက်တောင်းပန်နေရတာလဲ။ တောင်းပန်နေသည့် အသံကလည်း ခခယယ၊ ကြေကြေကွဲကွဲနှင့် ရင်တွင်းမှလာသော ခံစားချက်အစစ်ဖြင့် တောင်းပန် နေခြင်းဖြစ်သည်။ ပါးစပ်ဖျားလေးဖြင့် ဝတ်ကျေတန်းကျေ တောင်းပန် နေခြင်းမျိုးမဟုတ်ပေ။ ဖုန်းဖြင့်ပြောနေသဖြင့်သာ တော်တော့သည်။ လူချင်းမျက်နှာဆိုင်များဖြစ်နေလျှင် ဒူးထောက်ပြီးပင် တောင်းပန် နေမည့်ပုံပေါ်သည်။ တောင်းပန်နေသည့်သူ၏ ရင်ထဲတွင်တော့ မည်သို့ရှိမည်မသိပေမယ့် ကြားနေရသည့် ကျွန်မ၏ ရင်ထဲတွင်တော့ ဒေါသများ၊ မခံချင်စိတ်များဖြင့် တလိပ်လိပ် ပူလောင်လျှက်ရှိသည်။ ကျွန်မ ရင်ထဲတွင် ဤမျှလောက် ပူလောင်ဒေါသ ဖြစ်နေရလျှင်၊ ကျွန်မ အမေ၏ရင်ထဲတွင်တော့ ဆိုဖွယ်ရာရှိမည် မထင်။ သားအမိနှစ်ယောက် ထမင်းဆက်စားနေလျှင်လည်း မဝင်တော့သည့်အတူတော့ ထမင်းစားဝိုင်းသိမ်းပြီး မောင်လေးဖုန်းပြော နေသည့်နေရာနှင့် ဝေးသည့်နေရာသို့ ထသွားလိုက်သည်။

[IMAGE: https://steemitimages.com/DQmcCPSJqwfWi5kB7seqir16hkY4BUB63uuVP9ZtrWRpDoq/Sad-Mom-and-Daughter.jpg]
photo credit- google

ကျွန်မ စားလက်စ ပန်းကန်များကို သိမ်းဆည်းနေစဉ် အမေက အိပ်ခန်းထဲဝင်သွားသည်။ အမေ့မျက်နှာ မကောင်းပေမယ့် လူကြီးပီပီဒေါသကို ထိန်းထားနိုင်သည်။ ကျွန်မကတော့ လူငယ်ဖြစ်သည့်အတွက် ဒေါသကို မမျိုသိပ်ထားပဲ စိတ်ရှိလက်ရှိ ပေါက်ကွဲပစ်လိုက်ချင်သည်။ စိတ်ရှိသည့်အတိုင်းသာ လုပ်ရမည်ဆိုလျှင် မောင်လေးထံမှ ဖုန်းကိုယူပြီး သူခခယယတောင်းပန်နေသည့် မိန်းမများကို ရန်တွေ့လိုက်ချင်သည်။ ရန်တွေ့ပြီး သည်နှင့် ထိုဖုန်းကို ဝရန်တာအမြင့်ကနေ လမ်းမပေါ်သို့ပစ်ပေါက်ခွဲလိုက်ချင်သည်။ မောင်လေးကို လည်း ဝါးခြမ်းပါးဖြင့် ခပ်စပ်စပ်ရိုက်လိုက်ချင်သည်။ မောင်လေးသာ ကလေးဆိုလျှင်ကောင်းမည်။ အခုတော့ အသက် ၂၇ နှစ်ရှိနေပြီဖြစ်သော မောင်လေးက ကျွန်မတို့ပြောဆိုဆုံးမ၍ နားမဝင်လောက်အောင် မွှန်နေသည်ဟု ဆိုရပေမည်။

ကျွန်မတို့မောင်နှမ ၃ ယောက်ထဲတွင် မောင်လေးက အငယ်ဆုံးဖြစ်သလို ၊ကံအကောင်းဆုံးလည်းဖြစ်သည်။ ရုပ်ရည်အားဖြင့် မောင်နှမတွေထဲမှာ အချောဆုံးဖြစ်သလို၊ ပညာရေးအားဖြင့်လည်း ရေကြောင်းအရာရှိတစ်ဦး ဖြစ်အောင် ကြိုးစားအားထုတ်နိုင်သူဖြစ်သည်။ ရေကြောင်းအရာရှိတစ်ဦးဖြစ်လာဖို့က လွယ်သည်မဟုတ်ပေ။ ငွေကုန်ကြေးကျ များလှသော သင်တန်းပေါင်းများစွာကို အဆင်ပြေပြေ တက်ရောက်နိုင်ဖို့ မိသားစုက ငွေအလုံး အရင်းနှင့် ပံ့ပိုးပေးထားရသည်။ ကျွန်မ အစ်ကိုက သူ့ညီလေးအရာရှိဖြစ်ဖို့အတွက် ရိုးရိုးသင်္ဘောသားဘဝနှင့် နိုင်ငံရပ်ခြားမှာ စီးပွားရှာဖွေနေရသည်။ အခုတော့ ကျွန်မမောင်လေး အရာရှိစာမေးပွဲအောင်လို့ မနေ့ကပင် အောင်လက်မှတ် ယူပြီးပြီ။ ကျွန်မ အဓိကပြောချင်သည်က မောင်လေးက မိန်းမတကာကို လိုက်တောင်း ပန်နေရ လောက်အောင် လမ်းဘေးက ကလေကချေတစ်ဦးမဟုတ်ပါ။

[IMAGE: https://steemitimages.com/DQmWfQZvR8zUtQsq8csP1WsFGD343wteWVt2gondbxJhRVy/Pairing_Beer_with_Food.jpg]
photo credit- google

မနေ့က မောင်လေးသူငယ်ချင်းတစ်ယောက် သင်္ဘောပေါ်က ဆင်းလာသဖြင့် မောင်လေးတို့ကို ဆိုင်တစ်ဆိုင်မှာ တစ်ဝိုင်း လိုက်ကျွေးသည်။ ယောကျာ်းလေးများ၏ တစ်ဝိုင်းဆိုသည့်စကားတွင်တော့ ဘီယာက အဓိကဇာတ် ကောင်နေရာက ပါဝင်သည်။ ကျွန်မမောင်လေးက နေ့တိုင်းဘီယာဆိုင်ထိုင်နေခြင်းမဟုတ်ပါ။ သူငယ်ချင်းများ က ခေါ်သဖြင့် တစ်ခါတစ်လေ ဘီယာဆိုင်ထိုင်ခြင်းဖြစ်ပါသည်။ နောက်တစ်နေ့ မနက်ကျတော့ သူ့ ကောင်မလေးက မောင်လေး ကို block သွားပါသည်။ ဘာအကြောင်းကြောင့် Block သွားသလဲ ဆိုတာတော့ ကျွန်မ သေချာမသိပါ။ ကောင်မလေးစိတ်ဆိုးပြေစေဖို့အတွက် ကောင်မလေးသူငယ်ချင်းများကိုပါ တစ်ယောက် ချင်းစီ လိုက်တောင်းပန် နေရခြင်းဖြစ်သည်။ ကျွန်မမောင်လေးဘီယာဆိုင်ထိုင်လို့ စိတ်ဆိုးပါသည်ဆိုသည့် ကောင်မလေးက ဘယ်လိုလူမျိုးလဲဆိုတာကိုလည်း ပြောပြချင်ပါသေးသည်။ ည ၁၂ နာရီကျော်သည်အထိ Night Club တက်နေသော ကောင်မလေးမျိုးဖြစ်ပါသည်။ Night Club တက်သော မိန်းကလေးများ၏ အကောင်းအဆိုးကို ကျွန်မမဝေဖန်လိုပါ။ သို့သော် ကျွန်မတို့အဖို့တော့ Night Club ဆိုသောနေရာကို ကောင်းသောနေရာတစ်ခု အဖြစ်မြင်ကြည့်၍မရပါ။

ကျွန်မအဓိကပြောချင်သည်က သမီးရည်းစားနှစ်ယောက် စိတ်ဆိုးစိတ်ကောက်ကြသည့် အရေးတွင် သက်ဆိုင် သူက သူတို့နှစ်ဦးသာဖြစ်သည်။ မှားတဲ့သူက မှန်တဲ့သူကိုတောင်းပန်ရမည်။ ထိုသို့တောင်းပန်ပါက မှန်သည့်သူ ဘက်ကလည်း ခွင့်လွှတ်နိုင်လျှင် ခွင့်လွှတ်ပေး၊ ခွင့်မလွှတ်နိုင်လျှင်တော့ သမီးရည်းစားနှစ်ယောက် လမ်းခွဲဖို့သာ ရှိသည်။ မောင်လေးတို့ သမီးရည်းစားနှစ်ယောက် ပြဿဿ နာ ဖြစ်သည့်အရေးမှာ ဘယ်သူကမှန်သည်၊ မှားသည် ဟု ကျွန်မ သေချာမသိပါ။ ကာယကံရှင် နှစ်ဦးနှင့်သာ သက်ဆိုင်သည့် အရေးတွင် အခြားဘေးလူတွေကိုပါ ဆွဲထည့်ပြီး ထိုသူတွေကိုပါ တောင်းပန်မှကြေအေးနိုင်မည် ဆိုသည်မှာတော့ ကျွန်မမောင်လေးကို သက်သက် သိက္ခာချ၊ အညွန့်ချိုးလိုသည် သဘောမျိုးဖြင့်သာ ထိုသို့စေခိုင်းသည်ဟု ကျွန်မယူဆပါသည်။ ကိုယ့်ကိုချစ်လို့ မာနချပြီးတောင်းပန်စကား ပြောနေတဲ့သူကိုမှ မစာနာ၊ မထောက်ထားပဲ မသက်ဆိုင်တဲ့ တခြားသူတွေ ကိုပါ လိုက် တောင်းပန်မှ ကြေအေးနိုင်မည်ဟု ဆိုသော သူ့ကောင်မလေး၏ စိတ်ဓာတ်ကိုတော့ အံ့သြသင့် မိပါသည်။

[IMAGE: https://steemitimages.com/DQmYQ72sy4Teb8SQDVX3kwdJefr27FrzgozLF3cfed7DrX4/8.jpg]
photo credit - google

ကျွန်မမောင်လေး သူ့အပေါင်းအသင်းမှန်သမျှကို လိုက်တောင်းပန်တော့ ဘာဖြစ်မလဲ။ သူ့သူငယ်ချင်းတွေက သူ့ကိုတော့ နင့်ကို နင့်ကောင်လေးက အရမ်းချစ်တာပဲနော်။ နင့်ကို အားကျလိုက်တာဟု ပြောကြမှာဖြစ်ပေမယ့် ကျွန်မမောင်လေးကိုတော့ ဘာပြောကြမလဲ ယောကျာ်းဖြစ်ပြီး ကောင်မလေးခိုင်းသမျှလိုက်လုပ်နေတဲ့ ဦးနှောက် မရှိတဲ့ကောင်လို့ပဲ ပြောပြီးဟားကြမှာပေါ့။ နောက်ပိုင်း သူ့သူငယ်ချင်းတွေနဲ့ ကျွန်မမောင်လေး တွေ့တဲ့အခါရော လေးလေးစားစား ဆက်ဆံပါ့တော့မလား။ ငပေါတစ်ယောက်လိုပဲ သဘောထားတော့မှာပေါ့။ ဘယ်မှာလဲ ယောကျာ်း တစ်ယောက်ရဲ့ သိက္ခာ၊ ယောကျာ်းတစ်ယောက်ရဲ့ မာနတွေ။ ကိုယ့်အပေါင်းအသင်းတွေ ရှေ့မှာ ကိုယ့်ချစ်သူကို ဂုဏ်တက်အောင် လုပ်ပေးရမယ့်အစား၊ ဂုဏ်သိက္ခာတစ်ပြားတစ်ချပ်မှ မရှိတော့အောင် ချနင်းပစ်တဲ့သူကို ချစ်သူလို့ ခေါ်သင့်၊ ခေါ်ထိုက်ပါရဲ့လား။ အဲ့ဒီလို ချစ်သူမျိုးကိုမှ သဲသဲလှုပ်ဖြစ်နေတဲ့ ကျွန်မမောင်လေးကို ကျွန်မ သနားမိပါတယ်။ သူ့ကောင်မလေး ကျေနပ်စေဖို့ လူတကာကို လိုက်တောင်း ပန်နေချိန်မှာ အမေနဲ့ အစ်မရဲ့ ရင်ထဲမှာ ဘယ်လိုခံစားနေမယ်ဆိုတာ မောင်လေးစာနာတတ်ပါစေ။

ဝမ်းနဲ့လွယ်ပြီး မွေးခဲ့ရတဲ့ အမေကိုတော့ “အမေ သူနဲ့ပတ်သက်ပြီး ဘာမှဝင်မပြောပါနဲ့။” ဆိုတဲ့ တစ်ခွန်းတည်း သောစကားကိုသာ ခပ်မာမာပြောခဲ့တဲ့ ကျွန်မမောင်လေးက မဆိုင်တဲ့သူတွေကိုတော့ ချိုသာတဲ့ စကားလုံး ပေါင်းများစွာနဲ့ တောင်းပန်နေတာ အံ့သြပြီး ရင်နာမိပါတယ်။ အမေဖြစ်သူက မနေနိုင်လို့ဝင် ပြောဖို့လုပ်တာ တောင် အဲ့ဒီလို ပြောထွက်တယ်ဆိုတော့ အစ်မဖြစ်တဲ့ ကျွန်မကိုဆိုရင် ဘယ်လိုများပြောမလဲမသိ။ ချစ်သူ ဆိုတာ အချိန်မရွေး အစားပြန်ရနိုင်ပေမယ့် မိဘဆိုတာမျိုးက ဘယ်တော့မှအစားပြန်မရဘူးဆိုတာ မောင် လေးသိပါစေ။ မိဘက ပညာတတ်ကြီးဖြစ်အောင် ပြုစုပျိုးထောင်ခဲ့တာ မိန်းမတစ်ယောက်ရဲ့ ခြေဖဝါးအောက်မှာ ဝပ်တွားခယဖို့ မဟုတ်ဘူးဆိုတာ မောင်လေးနားလည်ပါစေ။

[IMAGE: https://steemitimages.com/DQmR8vaUgjSH84BovbSJcDk9KqbYAZA8dbdXbm2U5jDK5bm/sandra-layne.jpg]
Photo credit - google

ကျွန်မတို့ လိုချင်တာက အကျိုးသင့်အကြောင်းသင့် သိရဖို့တစ်ခုတည်းပါပဲ။ အမေရေ သားကတော့ ဒီလို၊ ဒီလို ကြောင့် အခုလို လိုက်တောင်းပန်နေရတယ်လို့ ရှင်းပြပြောဆိုရင် ဘေးလူဖြစ်တဲ့ အမေနဲ့ ကျွန်မလည်း အခုလို မျိုး ရင်ထဲမှာဆူးတစ်ချောင်း စိုက်ဝင်သွားမှာ မဟုတ်ပါဘူး။ ပြဿနာတစ်ခုဖြစ်တိုင်း အတူနေတဲ့ မိဘ၊ မောင်နှမ ကို အကျိုးသင့်အကြောင်းသင့် ရှင်းပြပြီးမှ ဖြေရှင်းရင် အခုထက်ပိုပြီး ကောင်းမွန်တဲ့အဖြေမျိုး ထွက်လာပါ လိမ့်မယ်။ ကိုယ့်ရင်ထဲက ဆူးကိုနှုတ်ဖို့အတွက် တခြားသူတွေရင်ထဲမှာ ဆူးတွေစိုက်သွားအောင် မလုပ်မိပါ စေနဲ့။ သူစိမ်းတွေနဲ့ တစ်နေ့လုံး ဖုန်းပြောဖို့အချိန်ပေးနိုင်ရင်၊ ကိုယ့်ကို လူတစ်လုံး၊ သူတစ်လုံးဖြစ်လာအောင် အနစ်နာခံ ပြုစုပျိုးထောင်ခဲ့တဲ့ မိသားစုကို ခဏလေးလောက်တော့ အချိန်ပေးပါ။

မောင်လေးက သူစိမ်းမိန်းမတွေကို တတွတ်တွတ်နဲ့ တောင်းပန်စကားတွေပြောနိုင်ချိန်မှာ အမေနဲ့ ကျွန်မက တော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ပြောစရာစကားရှာမရအောင် ဆွံ့အနေမိသည်။ ရင်ထဲက ပူလောင်ပြီး နာကျင်လှသည်။ တော်တော်ကြာမှ အမေက စကားတစ်ခွန်းပြောသည်။ အဲ့ဒီစကားကြားတော့မှ ကျွန်မ ရင်ထဲပိုလို နာကျင်သွားမိသည်။ ကိုယ့်လောက် ပညာတွေ မတတ်ပေမယ့် ကိုယ့်အတွက် တစ်ဘဝလုံး ရင်းနှီးမြှုပ်နှံခဲ့တဲ့ မိခင်တစ်ယောက်ရဲ့ ရင်ထဲကဆန္ဒက တစ်ခုတည်းပါ။ ၅ မိနစ်လောက်လေးတော့ လူရာသွင်းပြီး ဆက်ဆံပေးပါ……။

@pearlwhite
MSC - 028

ကိုယ့်အတ္တတစ်ခုတည်းကြောင့် အတူနေမိသားစုများကို ထိခိုက်နာကျင်အောင် မလုပ်မိစေဖို့ ရည်ရွယ်ရေးဖွဲ့ ပါသည်။ ဖတ်ရှု့အားပေးမှုအတွက် အထူးကျေးဇူးတင်ပါသည်။ လိုအပ်ချက်များ ဝေဖန်အကြံပြုပေးကြပါဦးရှင်။

TAGS: [ #myanmar ] [ #family ] [ #love ] [ #life ] [ #mother ]

Replies

@tinmyoaung | Oct. 12, 2017, 6:38 a.m. | Votes: 1 | [ VOTE ]

ဂွတ်​ပို့စ်

@pearlwhite | Oct. 12, 2017, 8:46 a.m. | Votes: 0 | [ VOTE ]

Thanks.

@ayemomo | Oct. 12, 2017, 7:25 a.m. | Votes: 1 | [ VOTE ]

အရေးသားကောင်းပါတယ်
ဖတ်ရတာတကယ့်ကိုခံစားရပါတယ်

@pearlwhite | Oct. 12, 2017, 8:47 a.m. | Votes: 0 | [ VOTE ]

အခုလိုအားပေးလို့ ကျေးဇူးတင်ပါတယ်။

@minsoenaing | Oct. 12, 2017, 7:59 a.m. | Votes: 1 | [ VOTE ]

အကျိုးအ ကြောင်းအဆိုးအကောင်း ၊ခံစားနားလည်သွားမှာပါ

@pearlwhite | Oct. 12, 2017, 8:47 a.m. | Votes: 0 | [ VOTE ]

နားလည်ပါစေလို့ ဆုတောင်းပါတယ်။

@ansoe | Oct. 12, 2017, 8:58 a.m. | Votes: 1 | [ VOTE ]

ကောင်းတူ ဆိုးဖက်ဆိုတဲ့စကားက မိသားစုဝင်တွေကို အဓိကထားပီးပြောတာဖြစ်မယ်ထင်တယ်ဗျ မိသားစုဝင်တွေကဘဲ အကောင်း အဆိုး ကို တကယ်မျှဝေခံစားရတာပါဗျာ

@pearlwhite | Oct. 12, 2017, 9:45 a.m. | Votes: 0 | [ VOTE ]

ဟုတ်ပါတယ်။ တစ်ဖက်ကို သိပ်အာရုံစိုက်လွန်းတဲ့အခါမျိုးမှာ တစ်ဖက်ကို လစ်လျူရှု့သလို ဖြစ်တတ်ပါတယ်။ ခဏ ခဏ လစ်လျူရှု့ ခံရဖန်များတဲ့အခါတော့ စိတ်ထဲမှာ ဒဏ်ရာဖြစ်လာလို့ပါ။

@jerryhuge | Oct. 12, 2017, 9:20 a.m. | Votes: 1 | [ VOTE ]

Thanks for the perfect post! @pearlwhite

@pearlwhite | Oct. 12, 2017, 9:46 a.m. | Votes: 0 | [ VOTE ]

Thank you so much.

@lwanwai | Oct. 12, 2017, 9:31 a.m. | Votes: 1 | [ VOTE ]

Good post ပါ

@pearlwhite | Oct. 12, 2017, 9:46 a.m. | Votes: 0 | [ VOTE ]

ကျေးဇူးပါ။

@sheinthu | Oct. 12, 2017, 9:42 a.m. | Votes: 1 | [ VOTE ]

တိုက်ဆိုင်သလိုပါပဲလေ…ခုလိုအသိပေးတဲ့အတွက်လည်းမိသားစုမှာပျော်ပျော်ရွင်ရွင်နဲ့ပဲအချိန်ပေး၍နေပါတော့မယ်လေ…ကျေးဇူးပါနော်…

@pearlwhite | Oct. 12, 2017, 1:49 p.m. | Votes: 0 | [ VOTE ]

မျှဝေခံစားပေးလို့ ကျေးဇူးတင်ပါတယ်။ မိဘ၊ မောင်နှမတွေရဲ့ ခံစားချက်ကိုလည်း ထည့်တွက်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

@wrayca | Oct. 12, 2017, 9:54 a.m. | Votes: 1 | [ VOTE ]

Great post and I wish steemit had a sticky or pin option because this is one of those special posts. ??

@pearlwhite | Oct. 12, 2017, 2:34 p.m. | Votes: 0 | [ VOTE ]

Thank you.

@domelay | Oct. 12, 2017, 10:22 a.m. | Votes: 1 | [ VOTE ]

ခံစားတင်ပြမှုအရမ်းကောင်းတယ်ဗျာ ခံစားမှု အရသာ ရော မိသားစုအပေါ် ဘယ်လို ဆက်ဆံရမယ်ဆိုတာလေးပါ အရမ်းကောင်း

@pearlwhite | Oct. 12, 2017, 2 p.m. | Votes: 0 | [ VOTE ]

ခံစားဖတ်ရှု့ပေးလို့ ကျေးဇူးတင်ပါတယ်ရှင်။ ကိုယ်တွေ့ခံစားချက်တွေမို့ ရေးတင်မိတာပါ။

@julybrave | Oct. 12, 2017, 10:27 a.m. | Votes: 1 | [ VOTE ]

Good Pearl!

@pearlwhite | Oct. 12, 2017, 2:04 p.m. | Votes: 0 | [ VOTE ]

Thank you.

@waliladeluxe | Oct. 12, 2017, 10:46 a.m. | Votes: 1 | [ VOTE ]

This is awesome! @pearlwhite

@pearlwhite | Oct. 12, 2017, 2:35 p.m. | Votes: 0 | [ VOTE ]

Thanks.

@thantzin | Oct. 12, 2017, 12:42 p.m. | Votes: 1 | [ VOTE ]

thanks for sharing,sis!

@pearlwhite | Oct. 12, 2017, 2:05 p.m. | Votes: 0 | [ VOTE ]

Thank you for your comment.

@ahtaroo | Oct. 12, 2017, 3:51 p.m. | Votes: 1 | [ VOTE ]

👍👍👍👍👏👏👏👏👏

@pearlwhite | Oct. 13, 2017, 8:08 a.m. | Votes: 0 | [ VOTE ]

Thanks.

@donjaun | Oct. 12, 2017, 4:33 p.m. | Votes: 0 | [ VOTE ]

တွေ့လား
အဲ့ကြောင့် ကိုယ်တွေက တကိုယ်ထည်း နေတာ။
😜
Nice write Sis.
မောင်လေးတယောက်လည်း ဒီစာလေး ဖတ်မိပါစေ။

@pearlwhite | Oct. 12, 2017, 7:32 p.m. | Votes: 0 | [ VOTE ]

ကျေးဇူးတင်ပါတယ်။ ပေးတဲ့ဆုနဲ့ ပြည့်ပါရစေ။

@aungmyothu | Oct. 12, 2017, 4:52 p.m. | Votes: 0 | [ VOTE ]

တကယ်​ကို Good post ပါ

@pearlwhite | Oct. 12, 2017, 7:33 p.m. | Votes: 0 | [ VOTE ]

Thanks.

@kyawhlaing | Oct. 12, 2017, 5:15 p.m. | Votes: 0 | [ VOTE ]

အရေးသားကောင်းပါတယ်

@pearlwhite | Oct. 12, 2017, 7:33 p.m. | Votes: 0 | [ VOTE ]

Thank you fri.

@mm7 | Oct. 12, 2017, 5:48 p.m. | Votes: 1 | [ VOTE ]

ဂွတ်ပါ

@pearlwhite | Oct. 13, 2017, 8:06 a.m. | Votes: 0 | [ VOTE ]

ကျေးဇူးပါ။

@gelatofresco | Oct. 12, 2017, 6:42 p.m. | Votes: 1 | [ VOTE ]

အရမ်းကောင်းတယ်ဗျာ

@pearlwhite | Oct. 12, 2017, 7:35 p.m. | Votes: 0 | [ VOTE ]

ကျေးဇူးတင်ပါတယ်ရှင်။

@asterkame | Oct. 13, 2017, 12:52 a.m. | Votes: 1 | [ VOTE ]

Good Writing
Thank for your post

@pearlwhite | Oct. 13, 2017, 8:07 a.m. | Votes: 0 | [ VOTE ]

Thank you fri.

@kachinhenry | Oct. 13, 2017, 5:18 a.m. | Votes: 1 | [ VOTE ]

အစ်မ တယောက်နေရာကနေ မောင်လေး တယောက်အတွက် မချိတင်ကဲ ဖြစ်နေတာကို အစ်မ ၂ ယောက်ရှိ တဲ့ ကျွန်တော် ကောင်းကောင်း နားလည်နိုင်ပါတယ်။ ပုလဲဖြူရဲ့ အရေးအသားမျိုးတွေဟာ printed media တွေ ပေါ်ကို ရောက်ရှိ သင့် တဲ့ အရေးအသားတွေ ဖြစ်တဲ့ အတွက် မဂ်ဇင်း တိုက်တ်ု့ ဂျာနယ်တိုက်တို့ ကို ဆက်သွယ်ပြီး စာမူပို့ ကြည့် ပါလို့။ပုလဲဖြူရဲ့ စာတွေကို တစိုက်မတ်မတ် အားပေးနေပါတယ်။

@pearlwhite | Oct. 13, 2017, 8:05 a.m. | Votes: 0 | [ VOTE ]

အခုလိုအားပေးစကား ကြားရတာ အားရှိပါတယ်။ အရင်က မဂ္ဂဇင်းတိုက်ကို စာမူပို့ဖူးပါတယ်။ အရွေးမခံရသလို၊ ဘာ feedback မှ ပြန်မလာခဲ့ပါဘူး။ အဲ့ဒီကတည်းက နောက်ထပ်မပို့ဖြစ်တော့ပါဘူး။ အခုတော့ ထပ်ပြီး စာမူပို့ကြည့်ဖို့ ကြိုးစားပါ့မယ်။ ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။

@steemitboard | Oct. 13, 2017, 12:34 p.m. | Votes: 0 | [ VOTE ]

Congratulations @pearlwhite! You have completed some achievement on Steemit and have been rewarded with new badge(s) :

[IMAGE: https://steemitimages.com/70x80/http://steemitboard.com/notifications/votes.png] Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

> By upvoting this notification, you can help all Steemit users. Learn how here!

@tinhlaingoo | Oct. 15, 2017, 8:57 a.m. | Votes: 1 | [ VOTE ]

အရေးအသားရော၊ တင်ပြပုံ၊ ဓါတ်ပုံများထည့်သွင်းထားမှုကောင်းပါတယ်။ ကောင်းတယ် ဆိုတာထက် ချီးကျူးပါတယ်။ ဆရာလဲ ၅ မိနစ်လောက်ခွင့်တောင်းချင်တယ်။

@steemitboard | Aug. 16, 2018, 9:59 a.m. | Votes: 0 | [ VOTE ]

Congratulations @pearlwhite! You have received a personal award!

[IMAGE: https://steemitimages.com/70x70/http://steemitboard.com/@pearlwhite/birthday1.png] 1 Year on Steemit
Click on the badge to view your Board of Honor.

> Do you like SteemitBoard's project? Then Vote for its witness and get one more award!

@steemitboard | Aug. 16, 2019, 10:28 a.m. | Votes: 0 | [ VOTE ]

Congratulations @pearlwhite! You received a personal award!

https://steemitimages.com/70x70/http://steemitboard.com/@pearlwhite/birthday2.pngHappy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!
[ BACK TO TRENDING ] [ BACK TO MENU ]
CMD>